Wednesday, May 2, 2018

ကက္ကူ ဗုဒ္ဓရက္ခိတကျောင်းတွင် လူငယ်အတွက် English Four Skills ကွန်ပျူတာနှင့် တံဆိပ်ရိုက်သင်တန်း ကျင်းပလျက်ရှိ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ မေလ (၂) ရက်



ကျောက်တလုံးကြီးမြို့နယ်(ခွဲ)၊ ကက္ကူကျေးရွာအုပ်စု၊ ကက္ကူ ဗုဒ္ဓရက္ခိတကျောင်းတွင် ကက္ကူ ဗုဒ္ဓရက္ခိတကျောင်းဆရာတော်မှ ဦးဆောင်ဦးရွက်ပြု၍ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ပီတိဆရာကွန်ရက် (PYN)နှင့် အောင်ဟံးခံ (AHK) ကွန်ပျူတာစင်တာတို့ ပူးပေါင်းဖွင့်လှစ်သော English Four Skills ၊ ကွန်ပျူတာနှင့် တံဆိပ်ရိုက်သင်တန်းကို (၁.၅.၂၀၁၈)မှ စတင်၍ ကျင်းပလျက်ရှိသည်။

သင်တန်းတက်ရောက်သူများမှာ ကျောက်တလုံးမြို့နယ်(ခွဲ)၊ တောင်ကြီးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့မှ အထက်တန်းနှင့် တက္ကသိုလ်ကျောင်းသူကျောင်းသူများ နှင့် သံဃာတော်များဖြစ်ပြီး သံဃာတော်(၆)ပါး၊ ကျား(၁၉)ဦး၊ မ(၅၄)ဦး စုစုပေါင်း (၇၉)ဦးရှိသည်။ သင်တန်းကာလမှာ (၁.၅.၂၀၁၈)မှ (၁၄.၅.၂၀၁၈)အထိ ဖြစ်သည်။ သင်တန်းကို နှစ်စဉ်နှစ်တိုင်း ကျင်းပလာရာ ယခုနှစ်အပါအဝင်ဆိုပါက (၆)နှစ်တိုင်ပြီဖြစ်ကြောင်း သိရသည်။

ခွန်လှစိုး
Powered by Blogger.