Saturday, April 7, 2018

HI PORK CNP JV INVESTMENT TERM SHEET သဘောတူစာချုပ်လက်မှတ်ရေးထိုး

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဧပြီလ (၇) ရက်




၂၀၁၈ ခုနှစ်၊ ဧပြီလ (၇)ရက်၊ နံနက်(၉း၃၀)အချိန်တွင် ပအိုဝ်းအမျိုးသားတပ်မတော် (PNA)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) စီးပွားရေးကော်မတီ (PNO),  Corporateness Power (CNP Myanmar), Hi Global Group (HGG Korea )နှင့် Asia Digital Garden (ADG Singapore) အဖွဲ့တို့မှ ပူးပေါင်း၍ HI PORT CNP JV INVESTMENT TERM SHEETT သဘောတူစာချုပ်ကို ပအိုဝ်းအမျိုးသားခေါင်ဆောင်ကြီး ဖြားတန်အောင်ခမ်းထီ၏နေအိမ်၌ ချုပ်ဆိုခဲ့ကြောင်းသိရသည်။

ဝက်မွေးမြူရေးခြံဆောက်လုပ်ခြင်း၊ တိရိစ္ဆာန်အစာထုတ်လုပ်ခြင်း၊ ဗဟိုချက်ချာကျသောနေရာတွင် သားသတ်ရုံဆောက်လုပ်ခြင်း၊ စနစ်ကျသော အသားထုတ်လုပ်ခြင်း၊ ထုပ်ပိုးခြင်း၊ ဟိုက်ဒရိုဂျင်နည်းပညာဖြင့် ရေများပြန်လည်သန့်စင်ခြင်း၊ ဝက်မွေးမြူခြင်းနှင့် အခြားသက်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့် လုပ်ငန်းလည်ပတ်ရေး ဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများကို အကောင်အထည် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပြီး၊ ဤသဘောတူစာချုပ်၏ အဓိကရည်ရွယ်ချက်သည် မြန်မာနိုင်ငံတွင် တရားဝင် ပေါင်းစပ်ဖွဲ့စည်းထားသော joint venture အဖွဲ့အစည်းအဖြစ် ရှယ်ယာခွဲဝေသတ်မှတ်ဖွဲ့စည်းခြင်းနှင့် ဒါရိုက်တာများဖွဲ့စည်းခြင်းများအပေါ် ရှယ်ရာဝင်အားလုံး သဘောတူရန်ဖြစ်ပါသည်။

ကနဦးရင်းနှီးမြုပ်နှံမှုငွေ US$ 1million ကို ရှယ်ရာ 46% ဖြင့် မျှတစွာ ပိုင်ဆိုင်ထားသော မြန်မာနှင့် ကိုရီးယား ရှယ်ယာဝင်များမှ တူညီစွာ ထည့်ဝင်မည်ဖြစ်ပါသည်။ HGG သည် Pilot phase ဝက်အကောင်ရေ (၁၀၀၀) အတွက် ကနဦး မတည်ငွေ USD $ 300000 ထည့်ဝင်မည်။ ဤကြိုတင်မငွေအား Hi Pork CNP ၏ (၃) နှစ်စာလုပ်ငန်းလည်ပတ်ခြင်း ဆောင်ရွက်ခဲ့ပြီးလျှင် ငွေကြေး စီးဆင်းမှုမှ ပြန်လည်ထုတ်ယူမည်။USD$ 30000 သည် HGG ဘက်မှအများဆုံး မတည်ရင်းနှီးငွေ ဖြစ်သည်။ Pilot Phase အောင်မြင်ခဲ့လျှင် ဧက (၁၀၀) စီမံကိန်းအကောင်အထည်ဖော်ခြင်းပုံစံအား တိုးချဲ့ရန်သဘောတူသည်။ ဧက (၁၀၀) ပုံစံသည် မြေနေရာ၊ အစာထုတ်တူလုပ်ခြင်း၊ သားသတ်ရုံလုပ်ငန်း၊ အအေးခန်းလုပ်ငန်းများအတွက် အသုံးပြုရန်ဖြစ်သည်။

Shareholder များ၏ ငွေပေးချေမှုတွင် မြေယာ၊ နည်းပညာနှင့် စက်ယန္တရားများကို  ထည့်ဝင်ရန်သဘောတူသည်၊။ လုပ်ငန်းအတွက် ငွေကြေးလည်ပတ်စီးဆင်းခြင်းမှ အရစ်ကျဖြစ်စေ၊ သင့်တော်သောဈေးကွက် တန်ဖိုးပေါ် အခြေခံ၍ Hi Pork CNP မှပြန်လည်ငွေပေးချေမည်။ Shareholder များ၏  Hi Pork CNP သို့ မြေယာ၊ နည်းပညာနှင့် စက်ယန္တရားများကို ထည့်ဝင်နိုင်သည်။

PNO & CNP သည် Hi Pork CNP လုပ်ငန်းအတွက် ဧက(၄၀၀) အသုံးပြုမည်ကို သဘောတူသည်။ Phase အလိုက် ဧက(၁၀၀)စီ အသုံးပြုသွားမည်ဖြစ်ပြီး  မြေငှားခ အများဆုံး ကုန်ကျစရိတ်အား Shareholder များ၏ သဘောတူညီချက် သုံးသပ်ခြင်းမတိုင်မီ တင်သွင်း ပေးသွားရမည်ဖြစ်သည်။

အဆိုပါသဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲသို့  ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ပအိုဝ်းအမျိုးသားတပ်မတော် (PNA)မှ တာဝန်ရှိပုဂ္ဂိုလ်များ Corporateness Power (CNP Myanmar), Hi Global Group (HGG Korea )နှင့် Asia Digital Garden (ADG Singapore) အဖွဲ့တို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသည့် ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခွန်ယံသေ

Powered by Blogger.