Saturday, April 7, 2018

ဟိုပုံးမြို့နယ်၊ ပအိုဝ်းလူငယ်ကွန်ယက်(PYN)အဖွဲ့မှ စံဖူကျေးရွာအုပ်စုရှိ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဧပြီလ (၇) ရက်









၂၀၁၈ခုနှစ်၊ ဧပြီလ(၇)ရက်၊ နံနက်(၁၀း၀၀)နာရီအချိန် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၊ စံဖူးဘူန်းတော်ကြီးကျောင်းတွင် ဟိုပုံးမြို့နယ်၊ ပအိုဝ်းလူငယ်ကွန်ယက်(PYN)အဖွဲ့မှ စံဖူးကျေးရွာအုပ်စုရှိ ရပ်မိရပ်ဖများနှင့် တွေ့ဆုံခြင်း အခမ်းအနားကို ပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

အခမ်းအနားပထမပိုင်းတွင် တက်ရောက်လာကြသော ဧည့်သည်တော်များ၊ ရပ်မိရပ်ဖများနှင့် ပအိုဝ်းစာပေဖြေကြားမည့် ကျောင်းသား/သူများက ပအိုဝ်းအမျိုးသားအလံတော်အားအလေးပြုခြင်း၊ ကျဆုံးနေပြီးသော ပအိုဝ်းအမျိုးသားခေါင်းဆောင်များကို အလေးပြုခြင်းနှင့် ပအိုဝ်းအမျိုးသား သီချင်းကို သံပြိုင်သီဆိုခဲ့ကြကြောင်း သိရှိရပါသည်။

ထို့နောက် စံဖူးကျေးရွာအုပ်စုအတွင်းရှိရဟန်းသံဃာများအား နေ့ဆွမ်းကပ်ခြင်း၊ ဆရာတော်ထံမှငါး ပါးသီလခံယူခြင်းနှင့် သြ၀ါဒခံယူခြင်း ထိုသို့သြ၀ါဒပေးကြားရာတွင် မိမိတို့ပအိုဝ်းများအနေဖြင့် ကိုယ့်ရိုးရာဝတ်စုံ၊ စာပေနှင့်ယဉ်ကျေးမှု၊ ဘာသာစကားတို့ကို ထိန်းသိမ်းသင့်ကြောင်း၊ တွေ့ဆုံပွဲကို မကြာခဏလုပ်ဆောင်ပေးရန်၊ အပြန်အလှန်သတင်းပေးဆွေးနွေးခြင်းရှိမှ မိမိတို့လူမျိုးတိုးတက်မည်ဖြစ်ကြောင်း၊ ပညာရေးပိုင်းတွင်လည်း လိုအပ်နေသေးကြောင်း၊ ပအိုဝ်းလူငယ်များသည် ဘွဲ့ရပညာတတ်များသော်လည်း အမျိုးသားရေးအလုပ်နှင့် အစိုးရဌာနဆိုင်ရာ ဌာနအသီးသီးတွင် ၀င်ရောက်လုပ်ကိုင်သူများ နည်းပါးနေသည်ကို တွေ့မြင်နေရကြောင်း ထို့နောက် တရားနာအမျှဝေရေစက်ချကာ ပထမပိုင်း အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

ဒုတိယပိုင်း အခမ်းအနားတွင် ခွန်ကောင်းချစ်ထွန်းမှ သွေးအေးနေသော(PYN)အဖွဲ့ဝင်များကို ပြန်လည်တွေ့ဆုံစေပြီး အချင်းချင်းအပြန်အလှန်အကြံအဥာဏ်များဖလှယ်နိုင်ရန်နှင့် အကြီးအကဲများ၏ လမ်းညွှန်မှုများ အကြံပြုချက်များကို ရယူနိုင်ရန် ပြုလုပ်ရခြင်းဖြစ်သည်ဟု ပြောကြားပေးခဲ့ပါသည်။

ထို့နောက် ဟိုပုံးမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်မောင်ဖြူမှ လွှတ်တော်ကိုယ်စားလှယ် ပြုလုပ်ရာတွင် မိမိကြုံတွေ့ရသော အတွေ့အကြုံကို မျှဝေပေးခြင်း၊ မိမိတို့ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးများနှင့် အခြားသောလိုအပ်ချက်များရှိပါက အချက်အလက်များပြုစု၍ PNOရုံးသို့ ပို့ဆောင်ပေးစေလိုကြောင်း၊ ဒေသဦးစီးဖွဲ့စည်းပုံအကြောင်းများ၊ PYNသည် အနာဂါတ်အတွက်အရေးကြီးသည့်အတွက် အမြဲတမ်းတွေ့ဆုံကြရန်လိုအပ်ကြောင်း  အားပေးစကားပြောကြားပေးခဲ့ပါသည်။

ဆက်လက်ပြီး သူရိယခမ်း ဒုခမ်းဗွေးဖြားခွန်ချစ်အိန်မှ လူမျိုးအင်္ဂါလက္ခဏာ(၅)၇ပ်အကြောင်း၊၊ ပအိုဝ်းလူငယ်ကွန်ယက်(PYN) နာယကဖြားခွန်ထွန်းေ၇ွှမှ ဖက်ဒရယ်အကြောင်းအရာများ ၊ တန်းတူညီမျှမှုရရှိရေး၊ ပအိုဝ်းနိုင်ငံရေးသမိုင်းများ၊ တောင်ကြီးမြို့နယ်၊ ပအိုဝ်းလူငယ်ကွန်ယက်(PYN)အဖွဲ့ဝင် ဒေါ်နန်းကလျာမှ အမျိုးသမီးနှင့် ပတ်သက်သော အခန်းကဏ္ဍများ၊ ပါဝင်လုပ်ဆောင်သင့်ကြောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုဌာနချုပ်ရုံး ဗဟိုအလုပ်မှုဆောင် ဖြားခွန်ချွန်း၊ ပအိုဝ်းအမျိုးသား တပ်မတော်(PNA)ခွန်အိုးဗျူဟာ ဗျူဟာမှူး ဒုဗိုလ်မှူးကြီး ခွန်ကျော်ရဲလွင်၊ ဟိုပုံးမြို့နယ်၊ ပအိုဝ်းလူငယ်ကွန်ယက်(PYN)အဖွဲ့ဝင် ခွန်ကျော်မောင်တို့မှ အသီးသီးအားပေးစကားပြောကြားပေးခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ပြီး ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာအုပ်စု၊ ဒေသခံ ခွန်ချစ်ထောင်မှ တက်ရောက်လာသောသူများကိုယ်စား ကျေးဇူးတင်စကားပြောကြားကာ အဆိုပါတွေ့ဆုံပွဲသို့ ဟိုပုံးမြို့နယ်၊ တောင်ကြီးမြို့နယ်မှ ပအိုဝ်းလူငယ်ကွန်ယက်(PYN)အဖွဲ့ဝင်များ၊ ဟိုပုံးမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးခွန်မောင်ဖြူ၊ပအိုဝ်းအမျိုးသားတပ်မတော်(PNA) ခွန်အိုးဗျူဟာ ဗျူဟာမှူး ဒုဗိုလ်မှူးကြီး ခွန်ကျော်ရဲလွင်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချူပ်(PNO)ဗဟိုဌာနချုပ်ရုံး ဗဟိုအလုပ်မှုဆောင် ဖြားခွန်ချွန်းနှင့် တာဝန်ရှိသူများ၊ စံဖူးကျေးရွာအုပ်စုမှ ပွဲဖြစ်မြောက်ရေးကော်မတီတာဝန်ရှိအဖွဲ့ဝင်များ၊ လူငယ်များ၊ ရပ်မိရပ်ဖများနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်များ စုစုပေါင်း (၅၀၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ခွန်စနေအောင်


Powered by Blogger.