Saturday, May 12, 2018

ဟိုပုံးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၂) ခု မှ ဒေသခံများက တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဒေသလိုအပ်ချက်များ ညှိနှိုင်းဆွေးနွေး

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ မေလ (၁၂) ရက်






 




ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး ဥက္ကဌ ဖြားခွန်စံလွင်၊ အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေ နှင့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များအဖွဲ့တို့သည် ၂၀၁၈ ခုနှစ်၊ မေလ (၁၁) ရက်၊ နံနက် (၁၁း၀၀) အချိန်တွင် ဟိုပုံးမြို့နယ်၊ နောင်ဒေးကျေးရွာ၊ နောင်ဒေးဘုန်းတော်ကြီးကျောင်းတွင် ကျေးရွာအုပ်စု (၂) ခုမှ ဒေသခံပြည်သူများ၏လိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေးကြောင်းသိရသည်။

ထို့နောက် အမျိုးသားလွတ်တော်ကိုယ်စားလှယ်ဖြားခွန်သိန်းဖေ က "ဒေသဦးစီး ဥက္ကဌ ရောက်ရှိလာပြီ ဖြစ်သည့်အတွက် ဒေသလိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်းတင်ပြရန်လိုအပ်ကြောင်း၊ ကျေးရွာဖွံ့ဖြိုး တိုးတက်ရန်အတွက် ဒေသခံပြည်သူများအပေါ် တာဝန်ရှိကြောင်း၊ ဒေသလိုအပ်ချက်များဖြစ်သော လမ်းပန်းဆက်သွယ်ရေး၊ ရေ၊ မီး စသည့်လိုအပ်ချက်များကို ဒေသခံနှင့် ဒေသဦးစီးအဖွဲ့များ ပူးပေါင်းပါက အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း" ပြောကြားခဲ့ပါသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ နောင်ဒေးကျေးရွာအုပ်စု နှင့် မက်မွန်းကျေးရွာအုပ်စု အတွင်းရှိ ဒေသခံပြည်သူများ၏ လိုအပ်ချက်များဖြစ်သော လမ်းပန်းဆက်သွယ်ရေး၊ ရေ၊  မီး(ဆိုလာ)၊ ၀န်ထမ်းအိမ်ရာ၊ စာကြည့်တိုက် စသည့်ဒေသလိုအပ်ချက်များကို ဒေသခံများက တာဝန်ရှိပုဂ္ဂိုလ်များထံ လိုအပ်ချက်တစ်ခုချင်းစီတင်ပြခဲ့ပါသည်။

ဒေသဦးစီး ဥက္ကဌ ဖြားခွန်စံလွင် က "ဘွဲ့ရသည့်လူငယ်များသည် ပညာရေးဝန်ထမ်းတွင်သော်လည်းကောင်း၊ ဌာနဆိုင်ရာဝန်ထမ်းတွင်သော်လည်းကောင်း တာဝန်ထမ်းဆောင်နိုင်ရန် လိုအပ်ကြောင်း၊ ပအိုဝ်းလူငယ်များ ရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများသည် ကျေးလက်နေလူငယ်များအဆင်ပြေချော့မွေ့သည်သာမက အခွင့်အရေးများသည်လည်း ရရှိလာနိုင်မည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများသည် စိုက်ပျိုးရေကို အခြေခံပြီး မှီတင်းနေထိုင်သောကြောင့် စိုက်ပျိုးသည့် စက်ကိရိယာများကို စက်ကိရိယာကုမ္ပဏီများနှင့် ပူးပေါင်းပြီး လာမည့်နှစ်တွင် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အရင်းအနှီးမရှိသော ပြည်သူတို့ ဈေးကွက်များရရှိနိုင်အောင်လည်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ်၊ အခွင့်အလမ်းများကို ဖော်ဆောင်ပေးသွားမည်  ဖြစ်ကြောင်း၊မိမိတို့ အနေဖြင့်လည် တဘက်တစ်လှမ်းမှ နိုင်ငံရေး၊ အမျိုးသားရေး၊ အရေးအရာအဘက်ဘက်များကိုသော်လည်းကောင်း ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ ယနေ့လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်များကို လူတော်လူကောင်းများ၊ ပညာတတ်များမဟုတ်လျှင် ရနိုင်မည်မဟုတ်ကြောင်း သို့မှသာလျှင် မျိုးဆက်သစ်ပညာတတ်လူငယ်များ များများမွေးထုတ်ပေးရန်လိုအပ်ကြောင်း၊ ဒေသများ၏ လိုအပ်ချက်များဖြစ်သော လမ်းပန်းဆက်သွယ်ရေး၊ ရေ၊ မီး စသည့်အရေးအရာများကို အတတ်နိုင်ဆုံးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း " ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ဟိုပုံးမြို့နယ်ရှိ ကျန်းမာရေးဌာနဆိုင်ရာမှသော်လည်းကောင်း၊  ရဲတပ်ဖွဲ့များမှသော်လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မှသော်လည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသော်လည်းကောင်း သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များက ဌာနဆိုင်ရာ၏ လုပ်ငန်းအကြောင်းအရာများကို အကျဉ်းချုပ်ရှင်းလင်းပြောကြားခဲ့ပါသည်။

ထိုညှိနှိုင်းဆွေးနွေးရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီး ဥက္ကဌ ဖြားခွန်စံလွင်၊ အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေ၊ ဟိုပုံးမြို့နယ် ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဖြားခွန်မောင်ဖြူ၊ ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့၊ ကျန်းမာရေးအဖွဲ့၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ လ၀က အဖွဲ့ ၊ ခမ်း၊ နယ်၊ အွိုင် မှ တာဝန်ရှိပုဂ္ဂိုလ်များ နှင့် ဒေသခံပြည်သူများတက်ရောက်ကြောင်းသိရှိရပါသည်။

ခွန်ဟန်ဇော်၊ နန်းအိနြေ္ဒခမ်း
Powered by Blogger.