Friday, May 11, 2018

မူးယစ်ဆေးဝါးသုံးစွဲမှု လျော့ကျရေးလုပ်ငန်းစဉ်တစ်နှစ်တာအတွင်းလေ့လာတွေ့ရှိချက်များ သုံးသပ်ဆွေးနွေးပွဲ ပြုလုပ်

 တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ မေလ (၁၁) ရက်




၂၀၁၈ခုနှစ်၊ မေလ(၁၁)ရက်၊ နေ့လယ်ပိုင်း(၂း၃၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ ကန်ရှေ့ရပ်၊ မင်းကံကောင်းစားသောက်ဆိုင်တွင် မူးယစ်ဆေးဝါးသုံးစွဲမှု လျော့ကျရေးလုပ်ငန်းစဉ်တစ်နှစ်တာအတွင်းလေ့လာတွေ့ရှိချက်များ သုံးသပ်ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြောင်းသိရသည်။

ထိုဆွေးနွေးပွဲသို့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်မှ အမှာစကားပြောကြားပေးခဲ့ပြီး မူးယစ်ဆေးဝါးသုံးစွဲမှုလျော့ကျရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့် ပြည်သူများ ပိုမိုပူးပေါင်းလုပ်ဆောင်သည့် အကြံဥာဏ်များ၊ နည်းလမ်းများရရှိနိုင်ရန်၊ အစိုးရ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းစဉ်နှင့် ပတ်သက်သည့် အခြေအနေများကို သက်ဆိုင်ရာတာဝန်ရှိသူများထံလေ့လာနိုင်ရန်၊ လက်ရှိပြင်ဆင်ထားသည့် ဥပဒေအား နည်းဥပဒေထွက်ပေါ်လာပြီး အသက်ဝင်လာစေရန်အတွက် သက်ဆိုင်ရာ ပုဂ္ဂိုလ်များအား အသိပေးလှုံ့ဆောင်နိုင်ရန်၊ မူးယစ်ဆေးဝါးအန္တရာယ်အား အမျိုးသားရေးအန္တရယ်အဖြစ် ရှုမြင်လာစေရန် ရည်ရွယ်၍ ဆွေးနွေးပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက်လုပ်ငန်းစဉ်ပြုလုပ်ရသည့် အကြောင်းရင်းဖြစ်သော "ကျောင်းသားများ လူငယ်များကြားမှာ မူးယစ်ဆေးဝါးအလွယ်တကူရောက်ရှိနေပြီး သုံးစွဲနေသည်များမြင်တွေ့ရခြင်း၊ ကျေးရွာများ၊ မြို့ပေါ်ရပ်ကွက်များတွင်WYဆေးပြားများ စိမ့်ဝင်ပျံ့နှံ့နေခြင်း၊ မူးယစ်ဆေးသုံးစွဲသူများကြောင့် ပတ်ဝန်းကျင်တွင် ပြစ်မှုဆိုင်ရာမှုခင်းများ ပိုမိုများပြားလာခြင်း၊ တရားရုံးမှာရှိတဲ့ အမှု၇၀%ဟာ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့်အမှုများဖြစ်နေခြင်း၊ မူးယစ်ဆေးကြောင့် တရားရင်ဆိုင်နေရသူများသည် အကြောက်တရား၊ အရှက်တရားကင်းမဲ့နေမှုများကို Justice Drumအဖွဲ့မှ ဒေါ်ခင်စောနွယ် အကျယ်တဝင့် ရှင်းပြပေးခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ပြီး တစ်နှစ်တာလုပ်ငန်းစဉ်အတွင်း တွေ့ကြုံခဲ့ရသည့် အခက်အခဲ၊ အားနည်းချက်၊ အားသာချက်များအား Justice Drumအဖွဲ့မှ ဒေါ်ခိုင်ခိုင်ဇော်က မျှဝေပေးပြီး တပြိုင်နက်တည်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး တက်ရောက်လာသူများအား သုံးသပ်ခြင်းနှင့် အကြုံပြုဆွေးနွေးချက်များကို အပြန်အလှန်ဆွေးနွေးပြုလုပ်ခဲ့ပြီး Justice Drumအဖွဲ့မှ ဦးအောင်ဇေက တက်ရောက်လာသော ဧည့်သည်တော်များအား ကျေးဇူးတင်စကားပြောကြား ကြောင်းသိရှိရပါသည်။

အဆိုပါဆွေးနွေးပွဲသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်နှင့်အဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ CSOအဖွဲ့အစည်းများနှငိ့ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ (၅၀)ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

ခွန်ယံသေ၊ နန်းတဆံထီ



Powered by Blogger.