Friday, May 25, 2018

ရှမ်းပြည်​နယ်​အစိုးရအဖွဲ့၏ ပြည်​သူအတွက်​ ဒုတိယ(၁)နှစ်​တာကာလအတွင်း​ပြုပြင်​​ပြောင်းလဲ​ရေး​ဆောင်​ရွက်​ချက်​များနှင့် ပတ်​သက်​၍ သတင်းစာရှင်းလင်းပွဲ အခမ်းအနားပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ မေလ (၂၅) ရက်


၂၀၁၈ခုနှစ်​၊ ​မေလ(၂၅)ရက်​၊ ​​နေ့လယ်​ (၁း၀၀)နာရီအချိန်​တွင်​ ​တောင်​ကြီးမြို့၊ မြို့​တော်​ခန်းမ၌ ရှမ်းပြည်​နယ်​အစိုးရအဖွဲ့၏ ပြည်​သူ့အတွက်​ဒုတိယ(၁)နှစ်​တာ ကာလအတွင်း​ ပြုပြင်​​ပြောင်းလဲ​ရေး ​ဆောင်​ရွက်​ချက်​များနှင့် ပတ်​သက်​၍ သတင်းစာရှင်းလင်းပွဲ အခမ်းအနားကို ပြုလုပ်​ခဲ့​ကြောင်း သိရှိရပါသည်​။ အခမ်းအနားကို ရှမ်းပြည်​နယ်​အစိုးရအဖွဲ့၊ဝန်​ကြီးချုပ်​ ​ဒေါက်​တာလင်းထွဋ်​မှ အဖွင့်​အမှာစကား​ပြောကြား​ပေးခဲ့​ကြောင်း သတင်းရရှိပါသည်​။

ထို့​နောက်​ ရှမ်းပြည်​နယ်​အစိုးရအဖွဲ့ဝင်​၊ ပြည်​နယ်​လုံခြုံ​ရေးနှင့်​ နယ်​စပ်​​ရေးရာဌာန၊ ပြည်​နယ်​စိုက်​ပျိုး​ရေး၊ ​မွေးမြူ​ရေးနှင့်​ ဆည်​​မြောင်းဌာန၊ ပြည်​နယ်​လမ်းပန်းဆက်​သွယ်​​ရေးဝန်​ကြီးဌာန၊ ပြည်​နယ်​သယံဇာတနှင့်​ သဘာဝပတ်​ဝန်းကျင်​ထိန်းသိမ်း​ရေးဌာန၊ ပြည်​နယ်​လျှပ်​စစ်​ စွမ်းအင်​နှင့်​ စက်​မှုဝန်​ကြီးဌာန၊ ပြည်​နယ်​စီမံကိန်းနှင့်​စီးပွား​ရေးဌာန၊ ပြည်​နယ်​လူမှု​ရေးဌာန၊ ပြည်​နယ်​ဘဏ္ဍာ​ရေးဌာန၊ ပြည်​နယ်​စည်​ပင်​ သာယာ​ရေးဌာန၊ ဗမာတိုင်းရင်းသား​ လူမျိုးရေးရာဌာနနှင့်​ ပြည်​နယ်​တရားရုံးတို့မှ တာဝန်​ရှိ ဝန်​ကြီးများ၊ ရှမ်းပြည်​နယ်​အစိုးရအဖွဲ့ဝင်​ အတွင်း​ရေးမှူးနှင့်​ ပြည်​နယ်​ညွန်​ကြား​ရေးမှူးတို့မှ ၎င်းတို့၏ ၂၀၁၇-၂၀၁၈ဒုတိယ တစ်​နှစ်​တာကာလအတွင်း ပြုပြင်​​ပြောင်းလဲ​ရေး​ဆောင်​ရွက်​ခဲ့သည့်​လုပ်​ငန်းများနှင့် စပ်​လျဉ်း၍ အ​သေးစိတ်​ အသီးသီးရှင်းလင်း​ပြောကြား ​ပေးခဲ့​ကြောင်းသိရှိရပါသည်​။

ဆက်​လက်​ပြီး သတင်းမီဒီယာများမှ မိမိတို့သိရှိလိုသည်​များကို ​မေးမြန်းခြင်း အစီစဉ်​ကို ပြုလုပ်​ပြီးသည်​နှင့်​ အခမ်းအနားကို ရုတ်​သိမ်းခဲ့​ကြောင်း သတင်းရရှိပါသည်​။ အခမ်းအနားသို့ ရှမ်းပြည်​နယ်​အစိုးရအဖွဲ့၊ ဝန်​ကြီးချုပ်​​ဒေါက်​တာလင်းထွဋ်​နှင့်​ အဖွဲ့များ၊ ပြည်​နယ်​ ညွှန်​ကြား​ရေးမှူးများနှင့် ဖိတ်​ကြားထား​သော ဧည်သည်​များ (၁၅၀)ဦးခန့်​တက်​​ရောက်​ခဲ့​ကြောင်း သိရှိရပါသည်​။

နန်းတဆံထီ
Powered by Blogger.