တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ မေလ (၃၁)ရက်
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ UNDP-UNREED Programe အဖွဲ့က ၂၀၁၈-ခုနှစ်၊ မေလ(၃၀)ရက်၊ မွန်းလွဲပိုင်း(၁း၀၀)နာရီအချိန်တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ပအိုဝ်းဒေသသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စောင့်ရှောက်ရေးညှိနှိုင်း ကွပ်ကဲမှု ကော်မတီအဖွဲ့နှင့် လာရောက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့တွေ့ဆုံရာတွင် UNDP-UNREED Programe အဖွဲ့မှ UNDPနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာနတို့ ပူးပေါင်းလုပ်ကိုင်လျက်ရှိသော သစ်တောပြုန်းတီးခြင်း၊ သစ်တောအတန်းအစားကျဆင်းခြင်းတို့မှ ကာဗွန်ထုတ်လွှတ်မှု လျော့ချခြင်း စီမံကိန်း(REED)မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အမျိုးသားအဆင့် မဟာဗျူဟာတစ်ရပ်(သို့) လုပ်ငန်းစီမံချက်တစ်ရပ် ရေးဆွဲစမ်းသပ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ကို ရှင်းလင်းတင်ပြပြီး ပအိုဝ်းဒေသသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စောင့်ရှောက်ရေးညှိနှိုင်း ကွပ်ကဲမှုကော်မတီအဖွဲ့မှ လက်ရှိမိမိတို့ဒေသတွင် သဘာဝပတ်ဝန်ကျင်နှင့် ပတ်သက်၍ ချမှတ်ထားသော သစ်တောထိန်းသိမ်းရေး မူဝါဒများကို ပြန်လည်ဆွေးနွေးခဲ့ပြီး နှစ်ဦးနှစ်ဖက်က အကြံဥာဏ်များ ဖလှယ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံမှုတွင် ပအိုဝ်းဒေသသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စောင့်ရှောက်ရေးညှိနှိုင်း ကွပ်ကဲမှု ကော်မတီအဖွဲ့ အတွင်းရေးမှူး ဖြားခွန်တင်ထွဋ်နှင့်အဖွဲ့များ UNDP-UNREED Programe အဖွဲ့မှ Mr.Timothy Boyleနှင့်အဖွဲ့များ ပါရှိကြောင်း သိရသည်။
နန်းတဆံထီ
Like On Facebook
Follow On Twitter
Subscribe On RSS