တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၈) ရက်
တောင်ကြီးမြို့နယ်၊ မွေတော်နန်းဟောင်းကျေးရွာအုပ်စု နှင့် လွယ်တော်ကျေးရွာအုပ်စုတို့တွင် ကျေးရွာအုပ်စုမီးဘေးလုံခြုံရေးအဖွဲ့မီးသတ်စခန်း ဆောက်လုပ်ရန်အတွက် ရှမ်းပြည်နယ် မီးသတ်ဦးစီးဌာနမှ တောင်ကြီးခရိုင်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူ နှင့် အဖွဲ့များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ အတွင်းရေးမှူး (၃) ဖြားခွန်တင်ထွဠ်နှင့်အဖွဲ့များ၊ ဒေသခံရဟန်းသံဃာတော် များနှင့် ကျေးရွာတာဝန်ရှိပုဂ္ဂိုလ်များတို့သည် ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၈) ရက်၊ မွန်းလွဲပိုင်းတွင် အဆိုပါမြေနေရာများကိုကွင်းဆင်းကြည့်ရှုစစ်ဆေးကြောင်းသိရသည်။
အဆိုပါကျေးရွာအုပ်စုမီးဘေးလုံခြုံရေးအဖွဲ့ မီးသတ်စခန်းဆောက်လုပ်ပေးခြင်းဖြင့် ပြည်သူတို့၏ အသက်အိုးအိမ်၊ စည်းစိမ်များကို မီးဘေးနှင့်အခြားသဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုမဖြစ်ပွား စေရန်အတွက် ကာကွယ်ပေးခြင်းဖြစ်ကြောင်း၊ ကျေးရွာအုပ်စုမီးဘေးလုံခြုံရေးအဖွဲ့မီးသတ်စခန်း ဆောက်လုပ်ရန်အတွက် ပေအကျယ် (၁၅၀ - ၂၀၀) အကြားတွင်ရှိရမည်ဖြစ်ပြီး ပအိုဝ်းဒေသတွင် ကျေးရွာအုပ်စုမီးဘေးလုံခြုံရေးအးဖွဲ့မီးသတ်စခန်း ကျေးရွာအုပ်စုတိုင်းသော်လည်းကောင်း၊ ကျေးရွာအုပ်စု (၂) ခု (၃) ခုဖြင့် နီးစပ်ရာ မီးသတ်စခန်း (၁) နေရာဖြင့်လည်းကောင်း ရှိရန်လိုအပ်သည်ဟုသိရသည်။
ထိုမြေနေရာကွင်းဆင်းကြည့်ရှု့စစ်ဆေးခြင်းကို ဒေသခံရဟန်းသံဃာတော်များနှင့် ကျေးရွာတာဝန်ရှိပုဂ္ဂိုလ်များ၊ ရှမ်းပြည်နယ် မီးသတ်ဦးစီးဌာနမှ တောင်ကြီးခရိုင်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူ နှင့် အဖွဲ့များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ အတွင်းရေးမှူး (၃) ဖြားခွန်တင်ထွဠ်နှင့်အဖွဲ့များ၊ လွယ်တော်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခွန်မောင်ဝင်း နှင့် မွေတော်နန်းဟောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခွန်ပေါက်စီ တို့ကြည်ရှု့စစ်ဆေးခဲ့ပါသည်။
နန်းအိနြေ္ဒခမ်း
Like On Facebook
Follow On Twitter
Subscribe On RSS