Thursday, June 14, 2018

ဟိုပုံးမြို့နယ်၊ ဟိုနမ်း သီးနှံအခြောက်ခံစက်ရုံမှ သရက်သီး၊ ထောပတ်သီး၊ နာနတ်သီးနှင့် စတော်ဘယ်ရီသီးတို့မှ ကုန်ချောထုတ်လုပ်နိုင်ရေးအတွက် Netherlandနိုင်ငံPUMအဖွဲ့အစည်းမှ လာရောက်အသိပညာဝေမျှပေးခြင်း သင်တန်းဆင်းပွဲပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၄)ရက်


ဟိုပုံးမြို့နယ်၊ ဟိုနမ်းကျေးရွာ၊ ဟိုပုံးလေးမြင်းစီးကွင်းတွင်သရက်သီး၊ ထောပတ်သီး၊ နာနတ်သီးနှင့် စတော်ဘယ်ရီသီးတို့ကိုကုန်ချောထုတ်လုပ်နိုင်ရေးအတွက် နယ်သာလန်နိုင်ငံ PUM အဖွဲ့အစည်းမှ အသိပညာဝေမျှပေးခြင်း သင်တန်းကို ၂၀၁၈-ခုနှစ်၊ ဇွန်လ(၁၄)ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါသင်တန်းတွင် စတော်ဘယ်ရီယိုနည်း(၇)မျိုး၊ ဝိုင်လုပ်နည်း၊ Mermalade လုပ်နည်း၊ နာနတ်သီးယိုနည်း၊ ထောပတ် Ice Creamလုပ်နည်း၊ စတော်ဘယ်ရီ Ice Creamလုပ်နည်း၊ ချောကလက်ချိုချဉ်လုံးလုပ်နည်း၊ သရက်သီးယိုနည်းနှင့် တောင်သူလယ်သမားများအတွက်သိသင့်သိထိုက်သောပညာဗဟုသုတနှင့် အခြေခံသဘောတရားများစသည်တို့ကိုစာတွေ့လက်တွေ့သင်ကြားပေးခဲ့ပြီးသင်တန်းကာလမှာ (၅.၆.၂၀၁၈မှ ၁၄.၆.၂၀၁၈)အထိသင်ကြားခဲ့ကြောင်း သိရပါသည်။

ထိုသင်တန်းပြုလုပ်ရသည့် ရည်ရွယ်ချက်မှာရိုးရာဓလေ့ထွက်သီးနှံများကို အလဟာသမဖြစ်စေဘဲတန်ဖိုးထားရန်၊ မိမိတို့ဒေသသီးနှံထွက်ချိန်တွင် တစ်ပြိုင်နက်တည်းအတူထွက်ကြ၍ ဈေးကောင်းမရ၊ ထိုလိုအခက်အခဲမျိုးမကြုံရလေအောင် ပတ်ဝန်းကျင်မှ ပိုလျှံနေသောအသီးအနှံများကို ယိုနည်းအမျိုးမျိုးများ၊ တစ်နိုင်တစ်ပိုင်အိမ်မှုစီးပွားရေးပြုလုပ်နိုင်ရန်၊ သန့်ရှင်းမှုကိုအဓိကထားပြီး အစားအသောက်သန့်ရှင်းမှုရှိအောင်ထုတ်လုပ်နိုင်ရန်ရည်ရွယ်ခြင်းဖြစ်သည်ဟု အဆိုပါသင်တန်းဖြစ်မြောက်ရေးဦးဆောင်သူခွန်ထွန်းထွန်းဝင်းကပြောကြားခဲ့သည်။

ထိုသင်တန်းကို PUM (Professional Ulimited Manager)ကျွမ်းကျင်အဖွဲ့Corolina (Netherland)မှ သင်ကြားပေးခဲ့ပြီးသင်တန်းသား/သူများဖြစ်ကြသောတောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ်၊ လယ်ယာလုပ်ကိုင်နေကြသူများ၊ လေ့လာသူများနှင့် နောင်တောင်းပရဟိတကျောင်းမှ ဆရာ/မများ (၃၀)ဦးကျော်တက်ရောက်ခဲ့ပြီးသင်တန်းကာလပတ်လုံးကိုနောင်တောင်းပရဟိတကျောင်းမှ ဆရာမနန်းခယ်းမူးက တာဝန်ယူဘာသာပြန်ပေးခဲ့ကြောင်း သိရှိရသည်။

သင်တန်းဆရာမCorolinaမှ "ဤ သင်တန်းပြီးမြောက်ပြီး၍ သင်တန်းသား/သူများအနေဖြင့် ပတ်ဝန်းကျင်ရှိ အသီးအနှံများကိုစွန့်ပစ်ပစ္စည်းမဖြစ်ရလေအောင် သင်ကြားထားတဲ့ ဘာသာရပ်များနှင့်အတူ တစ်နိုင်တစ်ပိုင်စီးပွားရေးကို လုပ်ဆောင်နိုင်ရန်၊ အစားအသောက်ကို သန့်သန့်ရှင်းရှင်းထုတ်လုပ်နိုင်ရန် မျော်လင့်ပါတယ်၊ သင်တန်းသား/သူများမှာအစပိုင်းမှာတော့ မပြောရဲမဆိုရဲကြပေမယ့် နောက်ပိုင်းမှာတော့ မေးရဲဆိုရဲလာကြပြီးစိတ်အားထက်သန်စွာသင်ယူလာကြကာ သူတို့ဒေသမှ ကြုံတွေ့ရသောဒေသထွက်သီးနှံ ပြဿနာများကိုမေးမြန်းရဲလာသည်ကိုလည်းတွေ့ရပါတယ်၊ အနာဂါတ်မှာတော့ မြန်မာနိုင်ငံမှ ထွက်သောကုန်များကိုNederlandနိုင်ငံသို့ တင်ပို့နိုင်ရန် ကြိုးစားချိတ်ဆက်ပေးနေပါတယ်" ဟုထပ်မံပြောကြားခဲ့ပါသည်။

နင်းဆုဗွေ
Powered by Blogger.