Wednesday, June 13, 2018

(My SoP) အဖွဲ့မှ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) တာဝန်ရှိပုဂ္ဂိုလ်များလာရောက်တွေ့ဆုံ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၃)ရက်



၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၃) ရက်၊ နံနက်ပိုင်းတွင် တောင်ကြီးမြို့၊  ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးရှိ Myanmar School of Politics (My Sop) မှ ထက်ဦးဝေ (မြန်မာနိုင်ငံဌာနေကိုယ်စားလှယ်) နှင့်အဖွဲ့က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဥက္ကဋ္ဌ ဖြားခွန်စံလွင် နှင့် အတွင်းရေးမှူးချုပ် ဖြားခွန်သိန်းဖေ၊ ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်း တို့လာရောက်တွေ့ဆုံကြောင်းသိရသည်။

မြန်မာနိုင်ငံရေးသင်တန်းကျောင်း (MySop) သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် သဘောတူညီချက်ရရှိထားသည့် NIMD နှင့် Demo Finland တို့၏ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်း အစီအစဉ်တစ်ခုဖြစ်သည်။ MySop သည် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတို့မှ နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးသမားများ၏ ဒီမိုကရက်တစ်အခန်းကဏ္ဍကို တိုးမြှင့်ရန်အာရုံစိုက်ပြီး နိုင်ငံရေးပါတီစုံစကား အပြန်အလှန်ပြောဆိုဆွေးနွေးခြင်း (Multiparty Dialogue ) အလေ့အထကို အားကောင်းလာစေရန်ဖြစ်သည်။

MySoP သည် ၂၀၁၄ ခုနှစ်မှစ၍ မြန်မာနိုင်ငံအရှေ့ဘက်ပိုင်းရှိ ပြည်နယ်များနှင့် တိုင်းဒေသကြီး (၅) ခုမှ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများ လုပ်ဆောင်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် အထူးသီးသန့်အခြေပြုသင်တန်းများ (၁၀)  ခုကို တနသာင်္ရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်၊ မြောက်၊ အရှေ့)၊ ကရင်ပြည်နယ် နှင့် ကယားပြည်နယ်တို့မှ ခေါင်းဆောင်ပိုင်းအဆင့်ရှိ နိုင်ငံရေးသမားများအတွက် ဆောင်ရွက်ခဲ့ပါသည်။ MySoP ကျောင်းသား/သူဟောင်းသည် မတူညီသော နိုင်ငံရေးပါတီ (၃၁) ခုဖြင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်လွှတ်တော် ဒု ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်တို့လည်းအပါအ၀င်ဖြစ်သည်။

 အဆိုပါသင်တန်းသည် အထူးသီးသန့်အခြေပြုသင်တန်း (Core Course) နှင့် စူးစိုက်လေ့ကျင့်သော သင်တန်းကို ရက်ပေါင်း (၁၅-၂၀) ရက်ကြာလေ့လာခြင်းဖြစ်ပြီး နိုင်ငံရေးသမားများ၏ စွမ်းဆောင်ရည် တိုးမြှင့်ခြင်းနှင့် နိုင်ငံရေးတွင် မူဝါဒရှေ့ရှု့ချဉ်းကပ်မှုအချိတ်အဆက်ရှိစေခြင်းတို့တွက် ရည်ရွယ်ခြင်းဖြစ်သည်။ နိုင်ငံရေးသီအိုရီ၊ မူဝါဒချမှတ်ခြင်း၊ နိုင်ငံရေးမိန့်ခွန်းရေးသားခြင်း၊ စကားအချေအတင်ပြောခြင်း(Debating)၊ နိုင်ငံရေးမဲဆွယ်စည်းရုံးခြင်း၊ ဒေသ၏အဓိကဖြေရှင်းရမည့် အကြောင်းကိုလည်း လေ့လာခြင်းဖြစ်သည်။

ပါတီစုံစကားအပြန်အလှန်ဆွေးနွေးခြင်း ပလက်ဖောင်းများ (Multiparty Dialogue Platforms) စကားပြန်လှန်ဆွေးနွေးခြင်း စက်ဝန်းဖြင့် ပုံစံထုတ်ထားသော နိုင်ငံရေးပါတီများအလေ့အထကိုတိုးမြှင့်ရန်နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် စိန်ခေါ်မှုများ၊ အခွင့်အလမ်းများကို ပံ့ပိုးဆောင်ရွက်ရန်ဖြစ်သည်။

ထိုတွေ့ဆုံခြင်းကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဥက္ကဋ္ဌ ဖြားခွန်စံလွင်၊ အတွင်းရေးမှူးချုပ် ဖြားခွန်သိန်းဖေ၊ ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်း နှင့် ( MySoP) မှ ထက်ဦးဝေ နှင့်အဖွဲ့များ ပါဝင်ကြောင်းသိရှိရပါသည်။

နန်းအိနြေ္ဒခမ်း
Powered by Blogger.