Tuesday, July 31, 2018

သြဂုတ်(၁)ရက်နေ့မှ စတင်ပြီး ရေဘေးသင့်ပြည်သူများအတွက် သံဃသြ၀ါဒခံယူကာ ပအိုဝ်းအမျိုးသား သဘာဝဘေးဒဏ်ကူညီရေးအဖွဲ့(ယာယီ)ကော်မတီက အလှူခံဌာနများ ဖွင့်လှစ်သွားမည်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇူလှိုင်လ (၃၁) ရက်



၂၀၁၈၊ ဇူလှိုင်(၃၁)ရက်နေ့၊ နေ့လည်(၁)နာရီအချိန်တွင် ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်း၌ ပအိုဝ်းအမျိုးသား သဘာဝဘေးဒဏ်ကူညီရေးအဖွဲ့(ယာယီ)ကော်မတီကို ဖွဲ့စည်းခဲ့ရာ ၂၀၁၈၊ သြဂုတ်(၁)ရက်နေန့မှ စတင်ပြီး ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် ရေဘေးသင့်ပြည်သူများအတွက် အလှူခံဌာနများကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ ဖွဲ့စည်းခဲ့သည့် ပအိုဝ်းအမျိုးသား သဘာဝဘေးဒဏ်ကူညီရေးအဖွဲ့(ယာယီ)ကော်မတီတွင် နာယကအဖွဲ့များအဖြစ် PNO၊ PNLO၊ ပအမဖ၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု၊ ပအိုဝ်းအမျိုးသမီးအဖွဲ့ (PWO)တို့မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းပြီး ဥက္ကဋ္ဌအဖြစ် ဖြားခွန်လာ၊ ဒုဥက္ကဋ္ဌအဖြစ် ဖြားခွန်ကျော်ဇေယျ၊ အတွင်းရေးမှူးအဖြစ် ဖြားခွန်တင်ထွဋ်၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ဖြားခွန်ထွန်းဖြူ၊ ဘဏ္ဍာရေးမှူးအဖြစ် ဖြားဆရာဒု၊ ဘဏ္ဍာရေးမှူး(၂)အဖြစ် ဖြားဆရာထွေး၊ စာရင်းစစ်တာဝန်ခံအဖြစ် စင်ဖါလှကျော်ခမ်း၊ စာရင်းစစ်(၂)အဖြစ် ခွန်အောင်နိုင်၊ စာရင်းကိုင်တာဝန်ခံအဖြစ် ဗိုလ်မှူး မင်းသိန်း တို့ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

ဖွင့်လှစ်မည့်ဌာနများမှာ-
၁။ တောင်ကြီးမြို့------ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး(ဒဲဉ်သီးဗွေကွင်း)နှင့် မင်းကွန်းကျောင်းပရိယတ္တိစာသင်တိုက်၊
တောင်ကြီးမြို့နယ်၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ရုံး (ကုန်သည်လမ်း)
၂။ ပင်လုံမြို့- နောင်ကွတ်ဘုန်းတော်ကြီးကျောင်း
၃။ နမ့်စန်မြို့- အောင်ဇမ္ဗူဘုန်းတော်ကြီးကျောင်း
၎။ မိုင်းပွန်မြို့- မင်္ဂလာမြို့ဦးကျောင်း
၅။ ဟိုပုံးမြို့- ဟိုခိုဘုန်းတော်ကြီးကျောင်း
၆။ ဆိုက်ခေါင်- ဇေတ၀န်ပရိယတ္တိစာသင်တိုက်
၇။ ဆီဆိုင်မြို့ - ဇ၀နာရာမပရိယတ္တိစာသင်တိုက်
၈။ ကျောက်တလုံးကြီးမြို့ - ကောင်ဝိန်းဘုန်းတော်ကြီးကျောင်း
၉။ နောင်ကားကျေးရွာ- နောင်ကား(မြောက်)ဘုန်းတော်ကြီးကျောင်း
၁၀။ ညောင်ရွှေမြို့နယ် - မဇ္ဈိမလွယ်ခေါ်ဘုန်းတော်ကြီးကျောင်း
၁၁။ ရပ်စောက်မြို့ - ပင်ဖြစ်မြို့မဘုန်းတော်ကြီးကျောင်း
၁၂။ အောင်ပန်း - အောင်ချမ်းသာပရိယတ္တိစာသင်တိုက်
၁၃။ နောင်တရား- နောင်တရားပရိယတ္တိစာသင်တိုက်
၁၄။ ပင်လောင်းမြို့- မြသိန်းတန်ပရိယတ္တိစာသင်တိုက်
တို့ဖြစ်ပြီး သြဂုတ်(၇)ရက်နေ့ထိ နောက်ဆုံးထားကာ အလှူခံဌာနများကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ ကော်မတီဖွဲ့စည်းသည့်အစည်းအဝေးတွင် ရေဘေးသင့်ပြည်သူများအတွက် ပဏာမအလှူရှင်များမှာ- ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပအမဖ)မှ ဒုဥက္ကဋ္ဌ ခွန်နေမျိုးက အလှူငွေ(၂)သိန်း၊ ဖြားခွန်ထွန်းဖြူ(ညောင်ပင်သာ)မှ (၁)သိန်း၊ စင်မွိုးမွံ့မှ (၁)သိန်း၊ ဖြားခွန်ကျော်ဇေယျ မှ (၁)သိန်း၊ ဖြားခွန်မောင်သိန်း(ပြည်တော်သာ)မှ (၅)သောင်း၊ ဖြားခွန်ပညာဗုတ် (ပအိုဝ်းစာယေဉ်အဖွဲ့)မှ (၃)သောင်း၊ စောခွန်ကျော်ဝင်း (ရုံးအဖွဲ့မှူး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO))မှ (၁)သောင်း၊ ခွန်ဓဇ (မောင်းမွူးခံ့)မှ (၁)သောင်း အသီးသီး လှူဒါန်းထားကြောင်း သိရသည်။

နေရာဒေသအသီးသီးမှ အလှူရှင်များအနေဖြင့် မိမိနီးစပ်ရာ အလှူခံဌာနများတွင် မိမိတတ်နိုင်ရာ ငွေရေးကြေးရေးများနှင့် ဆန်၊ ဆီ၊ ဆား စသည့် ကုန်ခြောက်ပစ္စည်းများ၊ အကျီ င်္စသည့် ၀တ်စရာများ မိမိနိုင်ရာ နိုင်ရာများကို လှူဒါန်းနိုင်ကြောင်း သိရသည်။

ခွန်ရာဇာဓိပတိ
Powered by Blogger.