တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်ကျေးရွာအုပ်စု၊ လွယ်မွန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် မူလတန်းကြိုကျောင်း လွှဲပြောင်းပေးအပ်ပွဲ၊ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၈-ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်နေ့၊ နေ့လည်(၁းဝဝ) နာရီအချိန် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ လူမှုရေးတာဝန်ခံ ဖြားခွန်မောင်ပယ်၊ ဆီဆိုင်မြို့နယ်၊ ထွေအုပ်ကိုယ်စား ဘန်းယဉ်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးစိုင်းစံထူး၊ ဆီဆိုင်မြို့နယ်၊ ဒု-မြို့နယ်ပညာရေးမှူး ဦးသက်ဝင်းနှင့် ဂျပန်နိုင်ငံမှ JAMAHA အဖွဲ့အလှူရှင် Mr.KONDO၊ Ms.Fumie Menjo တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။
ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဖြားခွန်မောင်ပယ်၊ လူမှုဝန်ထမ်းဦးစီးဌာနညွန်ကြားရေးမှူး၊ ဆီဆိုင်မြို့နယ် ဒု- မြို့နယ်ပညာရေးမှူးဦးသက်ဝင်း၊ JAMAHA အဖွဲ့မှ Mr.KONDO၊ Mr.Fu mie Minjo တို့က အဖွင့်အမှာစကား ပြောကြားပေးခဲ့ပါသည်။
အဆိုပါ မူလတန်းကြိုကျောင်းကို ဂျပန်နိုင်ငံ JAMAHA အဖွဲ့နှ့င့် ဒေသခံပြည်သူများ ပူးပေါင်း၍(၆၀×၃၀) တစ်ထပ်အုတ်ညှပ်မူလတန်းကြိုကျောင်းကို (၂၂-၁၂-၂၀၁၇) မှစတင်ဆောင်ရွက်ပြီး (၂၀-၃-၂၀၁၈)ရက်နေ့တွင် ဆောက်လုပ်ပြီးစီးခဲ့ကြောင်း သိရှိရပါသည်။
၎င်း မူလတန်းကြိုကျောင်းကို ဆောက်လုပ်ရသည့် ရည်ရွယ်ချက်မှာ ကျေးရွာတွင်းရှိ မူလတန်းကြိုအရွယ်ကလေးများ ပျော်ပျော်ရွင်ရွင် လုံခြုံအေးချမ်းစွာဖြင့်ပညာများလေ့လာသင်ကြားနိုင်ရန်အတွက် ဂျပန်နိုင်ငံ JAMAHA အဖွဲ့နှင့် ဒေသခံပြည်သူတို့ ပူးပေါင်းပါဝင် ဆောက်လုပ်ခဲ့ရခြင်းဖြစ်သည်။
လွယ်မွန်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းတွင် ကျောင်းဆရာ/ဆရာမ (၉)ဦး၊ ကျောင်းသား၊ကျောင်းသူစုစုပေါင်း (၂၉၄)ဦးရှိပြီး အိမ်ခြေ (၂၇၀)ရှိကျောင်း သိရှိရပါသည်။
မူကြိုကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားတွင် ဂျပန်နိုင်ငံမှ JAMAHA အလှူရှင်အဖွဲ့များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဖြားခွန်မောင်ပယ်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ အတွင်းရေးမှူးအဖွဲ့ ဖြားခွန်တင်ထွဋ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆီဆိုင်မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ လွယ်မွန်းကျေးရွာ အ.လ.က-ကျောင်းဆရာ/ဆရာမများနှင့် ဒေသခံမိဘပြည်သူများ (၂၀၀)ကျော် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
ခွန်အောင်ထွိုက်ဗွေ
Like On Facebook
Follow On Twitter
Subscribe On RSS