Wednesday, July 25, 2018

မူလအလှူရှင်များကို ရည်စူးပြီး နောင်ပီးတောင်ပေါ်လာဘဗွန်ထိုဘုရားစေတီ ပြုပြင်မွမ်းမံထီးတော်သစ် ပြန်လည်တင်လှူပူဇော်ပွဲ နှင့် ၀ါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ ပြုလုပ်


တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်









ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နယ်ခွဲ၊ နောင်ပီကျေးရွာတွင် မူလအလှူရှင်များကို ရည်စူးပြီး တည်ထားကိုးကွယ်ခဲ့သော လာဘဗွန်ထိုဘုရားစေတီတော်မြတ်ကြီး ပြုပြင်မွမ်းမံထီးတော်သစ် ပြန်လည်တင်လှူပူဇော်ပွဲ ကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၅) ရက်၊ နံနက် (၉း၄၅) မိနစ်အချိန်တွင် တင်လှူပူဇော်ခဲ့ကြောင်းသိရသည်။

သုံးလောက အတုမရှိသော ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးကို ဦးထိပ်ထား၍ အလှူဒါယကာ အလှူဒါယိကာမများဖြစ်ကြသော (ဖြားတန်စင်ဖါချုံ ) + ( စင်မွိုးဖြားမွန်း ) တို့အား ရည်စူး၍ ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး အဂ္ဂမဟာသီရိသုဓမ္မ မဏီဇောတဓရ ၀ဏ္ဏကျောင်ထင် ဖြားတန်စင်ဖါအောင်ခမ်းထီ + စင်မွိုးဖျူး မိသားစု နှင့် အလှူရှင်အသီးသီးများ၊ ရပ်နီးရပ်ဝေးအလှူရှင်များ၊ နာင်ပီးကျောင်းတကာများ စုပေါင်း၍ ပြုပြင်မွမ်းမံထီးတော်သစ် ပြန်လည်တင်လှူပူဇော်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် မွန်းလွှဲ (၁း၃၀) အချိန်တွင် ၀ါဆိုသင်္ကန်းများကပ်လှူပူဇော်ပြီး ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်တို့၏ အထံတော်မှောက် လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချအမျှပေးဝေ ကြောင်းသိရသည်။

နန်းအိနြေ္ဒခမ်း
Powered by Blogger.