Sunday, August 12, 2018

ရတနာဗောဓိလွယ်ကောင်းကျောင်း၌ (၆)ကြိမ်မြောက် ဓမ္မစကူးလ် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲအခမ်းအနားပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၃)ရက်










ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ထီဖောင်းကျေးရွာအုပ်စု၊ ရတနာဗောဓိလွယ်ကျောင်း၌ (၆)ကြိမ်မြောက် ဓမ္မစကူးလ် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်းတန်းဖွင့်ပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၂)ရက် နေ့ခင်း (၁၂း၀၀) အချိန်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ကြွရောက်လာကြသော သံဃာတော်အရှင်သူမြတ်များဧည့်ပရိတ်သတ်အပေါင်းတို့ကနမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ထီဖောင်းဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလနှင့် အနုမောဒနာတရားများခံယူခဲ့ကြောင်းသိရသည်။

ထို့နောက်တောင်ကြီးမြို့ အရှေ့ဘက်ရှိ ဘုရားငါးဆူဆရာတော်၊ အေးစေတီကျောင်းသင်တန်းမှူး ဆရာတော်ဦးစန္ဒောဘာသ၊ ရတနာဗောဓိလွယ်ကောင်းကျောင်းသင်တန်းမှူးဖြစ်သော အရှင်ကုမာရတို့ကဓမ္မစကူးလ်နှင့် ပတ်သက်သောသိကောင်းစရားများ သြဝါဒစကားများပြောကြားပေးခဲ့ပြီး တောင်ကြီးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အငြိမ်းစားရှမ်းပြည်နယ်တောင်ပိုင်း မြို့နယ်ပေါင်းစုံဓမ္မစကူးလ်ကော်မတီဥက္ကဋ္ဌ ဦးစံလင်းကလည်းဆုံးမသြဝါဒအမှာစကားပြောကြားပေးခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ဓမ္မစကူးလ်သင်းတန်းများ ဖြစ်မြောက်နိုင်ရန်အတွက် အာဟာရဒါနလှူဒါန်းပေးသော် အလှူရှင်များအားဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး ဓမ္မစကူးလ်အပတ်စဉ် ကျောင်းမှန်မှန်တက်သောကျောင်းသား/သူများအားဆုချီးမြှင့်ပေးခဲ့ပြီး လှူဖွယ်ဝတ္ထုအစုစုတို့ကိုရေစက်သွန်းချ အမျှဝေပေးပြီးနောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆိုကာအခမ်းအနား ပြန်လည်ရုတ်သိမ်းခဲ့ကြောင်းသိရသည်။

အဆိုပါဓမ္မစကူးလ် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်းတန်းကိုအပတ်စဉ် တနင်္ဂနွေနေ့ဖွင့်လှစ်သွားမည်ဖြစ်ပြီးသင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်မှာ အမျိုးဘာသာ၊ သာသနာကိုချစ်မြတ်နှိုးတတ်စေရန်၊ ယဉ်ကျေးလိမ္မာမှုရှိစေရန်၊ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်လာစေရန်နှင့် မိမိနိုင်ငံတော်ကိုချစ်မြတ်နှိုးတက်စေရန်ဖြစ်ကြောင်းသိရှိရပါသည်။

အခမ်းအနားသို့ ရှမ်းပြည်နယ်တောင်ပိုင် မြို့နယ်ပေါင်းစုံဓမ္မစကူးလ်ကော်မတီဥက္ကဋ္ဌ ဦးစံလင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ အတွင်းရေးမှူး (၃) ဖြားခွန်တင်ထွဋ်၊ ဖာမွန်းကျေးရွာ၊ လွယ်ကောင်ရွာကြီး၊ ညိုမီးကျေးရွာ၊ နောင်ပနားဗွာ(ခ) ဒုံခါရား၊ ထီဟန်ဆွေးကျေးရွာ၊ နောင်ခဲကျေးရွာနှင့် ပဒုမာစာရီကျောင်းမှ သင်တန်းဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ကျောင်းသားမိဘများတက်ရောက်ခဲ့ကြောင်းသိရသည်။

ခွန်ယံသေ
Powered by Blogger.