အဆိုပါလမ်းကို ကျောက်ချောလမ်းအဖြစ် တိုးချဲ့ခင်းကျင်းပေးသည့်အတွက် ဒေသဦးစီးအဖွဲ့များနှင့် တာဝန်ရှိပုဂ္ဂိုလ်များအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း လမ်းကောင်းသွားသည့်အခါ မိမိတို့ဒေသတွင် ထွက်ရှိသောသီးနှံများကို အလွယ်တကူ သယ်ယူပို့ဆောင်နိုင်သလို ဒေသသုံးကုန်ပစ္စည်းများလည်း ဈေးချိုသာစွာဖြင့် ရောင်းဝယ်နိုင်တော့မည်ဖြစ်၍ ပျော်ရွင်မိပါကြောင်း လပ်တိုင်ကျေးရွာမှ ပွန်ချောင်းအထိ အကုန်လုံးကျောက်ချောလမ်းအဖြစ် ခင်းပေးနိုင်ပါက မိမိတို့ဒေသတစ်ကြောတွင် ဒီထက်မက ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပွန်ချောင်းတံတားကို ကွန်ကရစ်တံတားအဖြစ် တည်ဆောက်ပေးပါက မိမိတို့ဒေသနှင့် နမ့်စန်- လွိုင်လင်မြို့ကို အလွယ်တကူ သွားလာနိုင်မည်ဖြစ်ကြောင်း ဒေသခံတစ်ဦးမှ ပြောကြားချက်အရ သိရှိရပါသည်။
သြဂုတ်လဆန်းအတွင်း Willian sky ကုမဏီမှ တာဝန်ယူဖောက်လုပ်လျက်ရှိသော နားခိုက်- ၀မ်းတွူး (၁)မိုင် ၂-ဖာလုံ ကျောက်ချောလမ်းကိုလည်း လမ်းဖွင့်ပွဲပြုလုပ် ကျင်းပနိုင်ခဲ့ပြီဖြစ်ကြောင်း သတင်းရရှိပါသည်။
ခွန်ထွိုက်ခမ်း
Like On Facebook
Follow On Twitter
Subscribe On RSS