တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၃) ရက်
တောင်ကြီးမြို့၊ ပထမတောင်ကျောင်းကြီးစာသင်တိုက် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၃) ရက်၊ မွန်းလွှဲ (၁း၀၀)အချိန်တွင် ပအိုဝ်းအမျိုးသား သဘာဝဘေးအန္တရာယ်ကူညီရေးအဖွဲ့မှ ဒုတိယအကြိမ်အစည်းအဝေး ပြုလုပ်ကြောင်းသိရသည်။
ရှေးဦးစွာ စူဠာမုနိကျောင်းဆရာတော်၊ အေးစေတီကျောင်းဆရာတော် ထံမှ သြ၀ါဒစကားခံယူပြီး ပအိုဝ်းအမျိုးသား သဘာဝဘေးအန္တရာယ် ကူညီရေးအဖွဲ့ ဥက္ကဋ္ဌ ဖြားခွန်လာ က အစည်းအဝေး ခေါ်ယူရခြင်းအကြောင်းအရာကို ပြောကြားရာ ရရှိလာသော အလှူငွေ၊ ဆန်၊ ဆီ၊ ကုန်ခြောက်ပစ္စည်းများကို ဘယ်လိုပုံစံနည်းများဖြင့် သွားရောက်လှူဒါန်းမည်ဆိုသည်ကို တက်ရောက်လာသည့် အဖွဲ့အစည်းပေါင်းစုံ ကိုယ်စားလှယ်များအားလုံး ပွင့်ပွင့်လင်းလင်းဆွေးနွေးကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ၀ါခေါင်လဆန်း (၄) ရက် (၁၅.၈.၂၀၁၈) ဗုဒ္ဓဟူးရက်နေ့တွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် သွားရောက်လှူဒါန်းမည်ဖြစ်ကြောင်း၊ သဘာဝဘေးဒဏ်ခံစားနေရသော ပြည်သူများ လူမျိုးမရွေး၊ ဘာသာမရွေး သွားရောက်လှူဒါန်းမည်ဖြစ်ကြောင်းသိရှိရပါသည်။
ဒုတိယအကြိမ် ပအိုဝ်းအမျိုးသား သဘာဝဘေးအန္တရာယ်ကူညီရေးအးဖွဲ့အစည်းအဝေးတွင် စူဠာမုနိကျောင်း ဆရာတော်၊ အေးစေတီကျောင်းဆရာတော်၊ ပုံဆွေပင်ကျောင်းဆရာတော်၊ နောင်တရားကျောင်းဆရာတော် ၊ ပအိုဝ်းအမျိုးသား သဘာဝဘေးအန္တရာယ်ကူညီရေးအဖွဲ့ ဥက္ကဌ ဖြားခွန်လာ၊ ဒု - ဥက္ကဌ ဖြားခွန်ကျော်ဇေယျ၊ အတွင်းရေးမှူး ဖြားခွန်တင်ထွဠ် နှင့် အဖွဲ့အစည်းပေါင်းစုံမှ တာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်ကြောင်း သိရှိရပါသည်။
ဗွာသရား
Like On Facebook
Follow On Twitter
Subscribe On RSS