Saturday, August 4, 2018

Mingalar Incubation School သင်တန်းကျောင်းတွင် N-3 (Level) အဆင့်ရှိ ဒုတိယအကြိမ် သင်တန်းဆင်းပွဲ ပြုလုပ်

တောင်ကြီး။ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၅) ရက်









ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) နှင့် MIS Co.Ltd. အဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် Japanese Business Manner Vocational Trainin Course. ၂၀၁၇ -၂၀၁၈ ပညာသင်နှစ်သင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၄) ရက် နေပြည်တော်၊ Mingalar Incubation School သင်တန်းကျောင်းတွင် ပြုလုပ်ကျင်းပကြောင်း သိရသည်။

သင်တန်းဆင်းပွဲအခမ်းအနားကို မင်္ဂလာအင်ကျူဗေးရှင်းစကူး နာယက ဗိုလ်မှူးကြီး တင်လှိုင် (ငြိမ်း) ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး (ငြိမ်း) Mr.Tajima Takashi ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အတွင်းရေးမှူး (အမျိုးသားလွတ်တော်ကိုယ်စားလှယ်) ဖြားခွန်သိန်းဖေ၊ မင်္ဂလာအင်ကျူဗေးရှင်းစကူး ဥက္ကဋ္ဌ Mr.Watanabe Tsuyoshi တို့က အားပေးအမှာစကားပြောကြားကြောင်းသိရသည်။

ဆက်လက်ပြီး မင်္ဂလာအင်ကျူဗေးရှင်းစကူး ကျောင်းသား/သူများကို သင်တန်းဆင်းလက်မှတ်များချီးမြှင့်ပေးပြီး သင်တန်းသူ/သားများကိုယ်စား မနန်းခင်ထွေးဦး က ကျေးဇူးတင်စကားပြောကြားပေးခဲ့ပါသည်။ ကျောင်းသူ/သားများက ရေးသားထားသော ဂျပန်စာစီစာကုံးများကိုဖတ်ကြားပြီး ဂျပန်သီချင်း(၃)ပုဒ်ဖြင့် ဖျော်ဖြေပေးခဲ့ပါသည်။

ယခုဒုတိယအကြိမ်သင်တန်းသည် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ မှ ၂၀၁၈ ခုနှစ်၊ သြဂုတ် လအထိ (၁၁) လကြာသင်တန်းကို N-3 (Level) အဆင့်ဂျပန်ဘာသာစကားများကို သင်ကြားပို့ချကာ သင်တန်းသူ/သား (၂၃)ဦးရှိပြီး ပအိုဝ်းတိုင်းရင်းသားလူငယ် (၁၃)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

ထို့နောက် မင်္ဂလာအင်ကျူဗေးရှင်းစကူး နာယက ဗိုလ်မှူးကြီး တင်လှိုင် နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) တာဝန်ရှိပုဂ္ဂိုလ်များက ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ရှေ့ဆက်သင်တန်းများဖွင့်လှစ်နိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် မင်္ဂလာအင်ကျူဗေးရှင်းစကူး နာယက ဗိုလ်မှူးကြီး တက်လှိုင် (ငြိမ်း)၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး (ငြိမ်း) Mr.Tajima Takashi ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အတွင်းရေးမှူး (အမျိုးသားလွတ်တ်ာကိုယ်စားလှယ်) ဖြားခွန်သိန်းဖေ နှင့်အဖွဲ့များ ၊ မင်္ဂလာအင်ကျူ ဗေးရှင်းစကူး ဥက္ကဋ္ဌ Mr.watanabe Tsuyoshi ၊ ရန်ကုန်မြောက်ပိုင်းခရိုင် ဥက္ကဋ္ဌ ဦးအေးသောင်း ၊ ပုဗ္ဗသီရိမြို့နယ် ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ကိုမိုးဆန်းထွန်း ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ ၊သက်ဆိုင်ရာ
တာဝန်ရှိပုဂ္ဂိုလ်များ  တက်ရောက်ကြောင်းသိရှိရပါသည်။

နန်းဆားတဲုင်

Powered by Blogger.