Thursday, September 13, 2018

ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်ကျေးရွာအုပ်စု၊ တွေပူးကျေရွာတွင် “ခေါင်းဆာင်မှုသင်တန်း” ဖွင့်လှစ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်





ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်ကျေးရွာအုပ်စု၊ တွေပူးကျေရွာတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံ၊ လေ့ကျင့်ပညာပေးရေးဌာနနှင့် တွေပူးကျေးရွာဒေသခံများ ပူပေါင်းပြီး “ခေါင်းဆာင်မှုသင်တန်း” ကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်နေ့တွင်  ဖွင့်လှစ်ခဲ့ပါသည်။

၎င်းသင်တန်းဖွင့်လှစ်ရခြင်းသည် မိမိကိုယ့်ကိုယ် ယုံကြည်မှုတိုးပွားလာစေရန်နှင့် လူထုရှေ့တွင် စကားပြောကောင်းသူဖြစ်လာစေရန်၊ ခေါင်းဆောင်၊ ခေါင်းဆောင်မှု နှင့်ပတ်သင်၍ သိရှိနားလည်ပြီး အနာဂါတ်တွင် မိမိတို့၏ ရပ်ရွာဒေသ၊ မြို့နယ်၊ တိုင်းပြည်အတွက် အများကြည်ညိုလေးစားသော ခေါင်းဆောင်များ ပေါ်ထွက်လာစေရန်၊ စည်းရုံးခြင်းဆိုင်ရာ ပညာရပ်များကို သိရှိလာစေရန် စသည့်ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ရခြင်း ဖြစ်ပါသည်။

သင်တန်းတွင် ပိုချမည့် ခေါင်းစဉ်များမှာ (၁) လူထုအတွင်းစကားပြောစွမ်းရည်၊ (၂) ခေါင်းဆောင်၊ (၃) ခေါင်းဆောင်မှု၊ (၄) စည်းရုံးခြင်း စသည့်အကြောင်းအရာများကို ဆွေးနွေးသွားမည် ဖြစ်ပါသည်။ သင်တန်းသို့ တွေပူးကျေးရွာမှ သင်တန်းသူ/သား (၃၆) ဦး တက်ရောက်ပြီး စက်တင်ဘာလ (၁၃) မှ (၁၄) ရက်နေ့အထိ (၂) ရက် ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။

ပအိုဝ်းမူးဗွာ
(မျင်းမိုရ်ခမ်း)

Powered by Blogger.