ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဖြားခွန်စံလွင်အား MIID အဖွဲ့ နှင့် အပြည်ပြည်ဆိုင်ရာ တောင်တန်းဒေသဖွံ့ဖြိုးရေးအဖွဲ့အစည်း (ICIMOO) အဖွဲ့များမှ ကိုယ်စားလှယ်တို့က ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ(၁၃) ရက်၊ နေ့လယ် (၃း၀၀)အချိန်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရုံး၌ လာရောက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဖြားခွန်စံလွင်က ကြိုဆိုနှုတ်ခွန်း စကားပြောကြားပြီး MIID အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း (၅)နှစ်တာ စီမံကိန်းရေးဆွဲထားသည့်အကြောင်းကို တင်ပြကာ (ICIMOO) မှတာဝန်ရှိပုဂ္ဂိုလ်များက အပြည်ပြည်ဆိုင်ရာ တောင်တန်းဒေသဖွံ့ဖြိုးရေးအဖွဲ့အစည်း (ICIMOO) အဖွဲ့သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း (၃) နှစ်တာစီမံကိန်းဖြင့်လုပ်ဆောင်သွားမည့် အကြောင်းများကိုလည်း ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။
အဆိုပါ MIID အဖွဲ့သည် ၂၀၁၃ ခုနှစ်မှစ၍ အပြည်ပြည်ဆိုင်ရာ တောင်တန်းဒေသဖွံ့ဖြိုးရေးအဖွဲ့အစည်း (ICIMOO)၏ ဒေသခံမိတ်ဖက်အဖွဲ့အစည်းအဖြစ် တည်ရှိခဲ့ပြီး ICIMOO၏ နည်းပညာပိုင်း ဆိုင်ရာအကြံဥာဏ် များနှင့် ငွေကြေးပိုင်းဆိုင်ရာ ထောက်ပံ့မှုတို့ဖြင့် MIID သည် ၂၀၁၄ မှ ၂၀၁၇ ခုနှစ်အတွင်း ကလောမြို့နယ်နှင့် ညောင်ရွှေမြို့နယ်တို့တွင် HIMANICA စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကာ ၂၀၁၄ ခုနှစ်တွင်လည်း အင်းလေးကန်ဒေသ ခရီးသွားလာရေးဆိုင်ရာ စီမံခန့်ခွဲမှု စီမံချက်များကို ရေးသားခဲ့ကြောင်း သိရသည်။ ယခုအခါ ICIMOO အဖွဲ့သည် MIID မှ ပအိုဝ်းကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ဆောင်ရွက်လျက်ရှိသော “ တောင်သူငယ်များ အထူးသဖြင့် အမျိုးသမီးတောင်သူငယ်များဆိုင်ရာ (၂၀၁၇-၂၀၂၀)စီမံကိန်း” ကို ပံ့ပိုးကူညီရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ခွန်ယံသေ
Like On Facebook
Follow On Twitter
Subscribe On RSS