Wednesday, September 26, 2018

ဖြူစင်​နှလုံးသား​သွေးလှူရှင်​အသင်း အမျိုးသမီးစွမ်းရည်​မြှင့်​သင်​တန်း ဆင့်​ပွား​ဆွေး​နွေးခြင်း အခမ်းအနားပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၇)ရက်



ပအိုဝ်းကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်​ရ​ဒေသ၊ ဆီဆိုင်​မြို့ ပြန်​ကြား​ရေးနှင့်​ပြည်​သူ့ဆက်​ဆံ​ရေးဦးစီးဌာနခန်းမတွင်​ ဖြူစင်​နှလုံးသား​သွေးလှူရှင်​အသင်းက ပြန်​ကြား​ရေးဝန်​ကြီးဌာန၊ ပြန်​ကြား​ရေးနှင့်​ပြည်​သူ့ဆက်​ဆံ​ရေးဦးစီးဌာန STIGMA WORKSHOP & TOT ဆင့်​ပွား​ဆွေး​နွေးခြင်း အခမ်းအနားကို ၂၀၁၈-ခုနှစ်​ စက်​တင်​ဘာလ (၂၅)ရက်​​နေ့တွင်​ ပြုလုပ်​ကျင်းပခဲ့ပါသည်​။

အဆိုပါ အခမ်းအနားပြုလုပ်​ရခြင်း ရည်​ရွယ်​ချက်​များမှာ-အမျိုးသမီးစွမ်းရည်​မြင့်မားလာ​စေရန်​၊ အချင်းချင်းရိုင်းပင်ကူညီဆောင်ရွက်တတ်​ရန်​၊ အသိပညာပြန့်ပွားလာ​စေရန်​၊ အသိပညာပေးဆွေးနွေးပွဲကို လူငယ်များတက်ချင်စိတ်ရှိလာ​စေရန်​၊ လူ့ပတ်​ဝန်းကျင်​အသိုင်းအဝိုင်း​တွေမှာ အစွဲ​တွေမရှိ​စေရန်​၊ လူလူချင်း ခွဲခြားမဆက်​ဆံ​စေရန်​၊ မိမိမှာရှိ​နေတဲ့ အစွဲ​တွေ ခွဲခြားဆက်​ဆံမှု​တွေကို တတ်​နိုင်​သမျှ ​ရှောင်​ရှားနိုင်​ရန်​ ရည်​ရွယ်​၍ ပြုလုပ်​ခဲ့ကြ​ကြောင်း သိရှိရပါသည်​။

ဖြူစင်​နှလုံးသား​သွေးလှူရှင်​အသင်းသည်​ ​နေ့စဉ်​​​သွေးလိုအပ်​​နေ​​သော လူနာများအား ​သွေးလှူဒါန်း​ပေးရုံမက အဟာရဒါန ​ကျောင်းသုံးကိရိယာအလှူစသည့်​ပရဟိတ လူမှု​ရေးလုပ်​ငန်းများကို စွမ်းစွမ်းတမံ ကြိုးစားလုပ်​ကိုင်​​နေ​သော အသင်းတစ်​သင်းဖြစ်​​ကြောင်း သိရှိရပါသည်​။

နန်းခမ်း​ရွှေ
Powered by Blogger.