Wednesday, September 26, 2018

ကျွမ်းကျင်မှုဆိုင်ရာ စက်ချုပ်၊ အလှပြုပြင်ရေး၊ အဖျော်ယမကာ နှင့် အိပ်ခန်းဆောင်ထိန်းသိမ်းခြင်း သင်တန်းဖွင့်ပွဲပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်










ပအိုဝ်းအမျိုးသာအဖွဲ့ချုပ်(PNO)၊ လှုမှုရေးဌာန၊ ပါရမီဖွံ့ဖြိုးရေးကွန်ယက် နှင့် ပုဂ္ဂလိကသင်တန်းကျောင်းတို့ ပူးပေါင်းအကောင်အထည်ဖော်သော ခိုင်ခံသောအုပ်ချုပ်မှုနှင့် ပူးပေါင်းလုပ်ဆောင်မှုများဖြင့် လုပ်သား ရွေ့ပြောင်းသွားလာမှု၏ အကျိုးဆက်များကို တိုးမြှင့်အောင်ပြုလုပ်ခြင်း (တွဲလက်)စီမံကိန်း၏ ကျွမ်းကျင်မှု ဆိုင်ရာ စက်ချုပ်သင်တန်း၊ အလှပြုပြင်ရေးသင်တန်း၊ အဖျော်ယမကာ နှင့် အိပ်ခန်းဆောင်ထိန်သိမ်းခြင်း သင်တန်းဖွင့်ပွဲကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ခမ်းဘက်စုံဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ (၂၆) ရက်နေ့၌ဖွင့်ပွဲပြုလုပ်ခဲ့ပါသည်။

သင်တန်းကျင်းပရခြင်းသည် "လူငယ်လူရွယ်များအလုပ်လက်မဲ့မဖြစ်အောင်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ လူငယ်အခွင့်အလမ်းရရှိအောင် စသည့်စီမံကိန်းဖြင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ရွေ့ပြောင်းလုပ်သားများ များစွာကြုံတွေ့နေရပြီး (IOM) အဖွဲ့အစည်းများက မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ် နှင့် ကရင်ပြည်နယ်တို့တွင် ပြည်နယ် (၅) ခုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ ရှမ်းပြည်နယ်တွင် ပါရမီဖွံ့ဖြိုးရေးကွန်ယက် နှင့် ပူးပေါင်းပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အခြားနိုင်ငံများသွာလျှင် ဒုက္ခမရောက်ရအောင် ယခုလိုသင်တန်းပေးရခြင်းဖြစ်ကြောင်း၊ လူငယ်များသည် အခြားနိုင်ငံများသို့ သွားသည်ဖြစ်စေ၊ မသွားသည်ဖြစ်စေ အလုပ်လက်မဲ့မရှိအောင်နှင့် အသက်မွေးဝမ်းကျောင်းနည်းပညာများကို ရရှိနိုင်အောင် စသည့်ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း" ပါရမီဖွံ့ဖြိုးရေးကွန်ယက် ဥက္ကဋ္ဌ ဖြားခွန်အောင်ခင် က ပြောကြားခဲ့ပါသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ အတွင်းရေးမှူး (၃) ဖြားခွန်တင်ထွဋ် က "နိုင်ငံတော်၏ အမြော်အမြင်ကြီးမားမှု၊ ပအိုဝ်းအမျိုးသားခေါင်းဆောင်များ၏အမြော်အမြင်ကြီးမားမှုကြောင့် ၁၉၉၁ ခုနှစ်တွင် ငြိမ်းချမ်းရေးရယူခဲ့ကြောင်း၊ ငြိမ်းချမ်းရေးရယူပြီးနောက်ပိုင်း ပအိုဝ်းဒေသ၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသဖွံ့ဖြိုးရေး စသည့်လုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုလို သင်တန်းသည် ဒေသပေါင်းစုံ၊ လူမျိုးပေါင်းစုံများမှ သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းပြီးဆုံးပါက မိမိတတ်ကျွမ်းရာအခန်းကဏ္ဍများကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ယခင်ငြိမ်းချမ်းရေးမယူခင်ကာလသည် ယခုလိုသင်တန်းများကို ဖွင့်လှစ်မှုမရရှိခဲ့ပြီး ၂၀၁၀ နောက်ပိုင်းတွင် NGO အဖွဲ့များနှင့် ပူးပေါင်း၍ သင်တန်းများ၊ စွမ်းရည်မြှင့်သင်တန်းများကို စတင်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ဘွဲ့ရသည့်လူငယ်များဖြစ်စေ၊ ဘွဲ့မရသည့်လူငယ်များဖြစ်စေ အလုပ်လက်မဲ့ မဖြစ်အောင် ယခုလိုအသက်မွေးဝမ်းကျောင်းပညာကို ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ လူငယ်များသည်လည်း အလုပ်လက်မဲ့မဖြစ်အောင် ယခုလိုသင်တန်းများကို ပြီးဆုံးအောင်တက်ရောက်ရန်လိုအပ်ကြောင်း" ပြောကြားခဲ့ပါသည်။

ထို့နောက် နောင်ခမ်းဘက်စုံဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ Centra Manager ဦးခွန်မျိုးညွှန့်က "နောင်ခမ်းဘက်စုံဖွံ့ဖြိုးရေးသင်တန်းကျောင်းသည် ၂၀၀၃ ခုနှစ်၊ အထူးဒေသ(၆) ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO)နှင့်  မေတ္တာဖွံ့ဖြိုးရေးဖော်ဒေးရှင်းအဖွဲ့တို့ ပူးပေါင်းပြီးစတင်ထူထောင်ခဲ့ပါကြောင်း၊ စတင်ထူထောင်ရခြင်း၏ရည်ရွယ်ချက်သည် တောင်သူများ၏ ၀မ်းစာဖူလုံရေး၊ ရေရှည်တည်တံ့ပြီး ၀င်ငွေရရှိရေး၊ အခြေခံကျန်းမာရေး ဗဟုသုတများနှင့် ပြည့်စုံပြီး ကျန်းမာပျော်ရွင်သောမိသားစုဘ၀ တည်ဆောက်နိုင်ရေး စသည့်ရည်ရွယ်ချက်ဖြင့် ထူထောင်ရခြင်းဖြစ်ကြောင်း၊ ၀မ်းစာဖူလုံရန်အတွက် စပါးစိုက်ပျိုးနည်းပညာများ၊ ရေရှည်တည်တံ့ဝင်ငွေရရှိရန်အတွက် နှစ်ရှည်သီးနှံများ၊ ၀င်ငွေရရှိသည့်သီးနှံများကို စိုက်ပျိုးလျက်ရှိကြောင်း၊ ကျန်းမာပျော်ရွင်သည့် မိသားစုဘ၀ရရှိရေးအတွက် စားသုံးကုန်၊ စိုက်ပျိုးရေးထုတ်ကုန် ၊နေထိုင်စားသောက်နည်း စသည့်နည်းပညာများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၀၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ (၁၅)တိုင်တိုင် မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက အကူအညီရှာဖွေပေးပြီး ရန်ပုံငွေရရှိရေး၊ ပြည်တွင်း/ပြည်ပ ပညာရှင်/နည်းပညာရှင်များဖြင့် သင်တန်းပေးခြင်းများကိုဆောင်ရွက်ပေးခဲ့ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်နေဖြင့် ယခုလိုသင်ကြားပြီး (၁၅) ကြာသည့်အချိန်တွင် မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၏ အကူအညီမပါတော့ဘဲ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က စီစဉ်ဆောင်ရွက်သည့် သင်တန်းကျောင်းအနေဖြင့် လွှဲပြောင်းပေးသည်ကို (၅) လတိုင်တိုင်ရှိနေပြီဖြစ်ကြောင်း၊ ယခုသင်တန်းကျောင်းသည် ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းရှိ လယ်သမားများအားလုံး၊ တောင်သူများအားလုံးကို ရည်ရွယ်ပြီး လူမျိုးမရွေး၊ ဘာသာမရွေး ဆောင်ရွက်ပေးလျက်ရှိကြောင်း" ပြောကြားခဲ့ပါသည်။

ပါရမီဖွံ့ဖြိုးရေးကွန်ယက်၊ ဒု-စီမံကိန်းမန်နေဂျာ ခွန်လန်းဖြူ က တွဲလက်စီမံကိန်း အကြောင်းများကိုသော်လည်းကောင်း၊ TLE (The Limted Edition Director) ဦးဖြိုးကြွယ်လင်းကလည်း သင်တန်းအကြောင်းများကိုသော်လည်းကောင်း အသီးသီးရှင်းလင်း ပြောကြားခဲ့ပါသည်။

ယခု ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများဖြစ်သော စက်ချုပ်သင်တန်းသည်  တောင်ကြီးမြို့တွင် မ (၄၂)ဦး ၊ ပင်လုံမြို့တွင် မ (၂၆)ဦး၊ အလှပြုပြင်ရေးသင်တန်းသည် တောင်ကြီးမြို့တွင် ကျား(၂)ဦး၊ မ(၁၃)ဦး၊ စုစုပေါင်း (၁၅)ဦး သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းကာလကို (၃)လကြာသင်ကြားသွားမည်ဖြစ်ကြောင်း စက်ချုပ်နည်းပြဆရာမကို တောင်ကြီးမြို့တွင် ဒေါ်နန်းသန္တထွေး က ဦးဆောင်သင်ကြားပေးပြီး ပင်လုံမြို့တွင် ဒေါ်ချွေးမေ က ဦးဆောင်သင်ကြားပေးခဲ့ပါသည်။ အလှပြုပြင်ရေးသင်တန်း တောင်ကြီးမြို့တွင် ဒေါ်မေသီဦး က ဦးဆောင်သင်ကြားပေးခဲ့ပါသည်။ အဖျော်ယမကာ နှင့် အိမ်ခန်းဆောင်ထိန်းသိမ်းခြင်းသင်တန်းကို ကျားး (၉)ဦး၊ မ(၆)ဦး ၊ စုစုပေါင်း (၁၅)ဦး၊ သင်တန်းကာလ (၁) လကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

ပါရမီဖွံ့ဖြိုးရေးကွန်ယက်နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက ပူးပေါင်းပြီး ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများဖြစ်သော စက်ချုပ်သင်တန်းသည်  မ (၁၁၉) ဦး၊ အလှပြုပြင်ရေးသင်တန်း သည် ကျား (၂) ဦး၊ မ(၂၈) ဦး၊ စုစုပေါင်း (၃၀) ဦး၊ ကျားဆံပင်ညှပ် သင်တန်းသည်  ကျား (၈) ဦး၊ LCCI သင်တန်းသည်  ကျား(၁၀)ဦး၊ မ(၂၆)ဦး၊ စုစုပေါင်း (၃၆)ဦး၊ စားဖိုမှူးသင်တန်းသည် ကျား (၁၆)ဦး၊ မ (၁၅)ဦး၊ စုစုပေါင်း (၃၁)ဦး၊ မုန့်ဖုတ်သင်တန်းသည် မ (၅)ဦး၊ ကားပြင်သင်တန်းသည် ကျား (၄၃)ဦး၊ ဖုန်းပြင်သင်တန်းသည် ကျား(၁၁)ဦး၊ မ (၃)ဦး၊ စုစုပေါင်း (၁၄)ဦး၊ GTHS သင်တန်းသည် ကျား (၁၄၄)ဦး၊ မ(၉)ဦး၊ စုစုပေါင်း (၁၅၃)ဦး၊ ကွန်ပျူတာအင်္ဂလိပ်သင်တန်းသည်  ကျား (၂၁)ဦး၊ မ(၃၉) ဦး၊ စုစုပေါင်း (၆၀)ဦး၊ သင်တန်းအမျိုးအစားအားလုံးပေါင်း သင်တန်းသူ/သား ဦးရေ ကျား (၂၅၅)ဦး၊ မ (၂၄၄) ဦး၊ စုစုပေါင်း (၄၉၉) ဦး သင်ကြားပို့ချပေးခဲ့ပြီဖြစ်ကြောင်းသိရှိရပါသည်။

နန်းဆားတဲုင်
Powered by Blogger.