တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်
၁၃၈၀-ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈-ရက်၊ (၁-၁၁-၂၀၁၈)ရက်နေ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်ကျေးရွာအုပ်စု၊ ဘန်းယဉ်စံပြကျေးရွာတွင် ဒေသခံမိဘပြည်သူများက ဦးဆောင်၍ ၁၀၄-ကြိမ်မြောက်ဆွမ်းလောင်းပွဲတော် ပြုလုပ်ခဲ့ကြကြောင်း သိရပါသည်။
အဆိုပါဆွမ်းလောင်းပွဲကို ပင့်ကျောင်း(၆၇)ကျောင်းမှ ဆရာတော်သံဃာတော် အပါးပေါင်း (၆၅၂)ပါးကြွရောက်ပြီး နံနက်(၅း၀၀)နာရီတွင် အာရုံဆွမ်း ဆက်ကပ်လှူဒါန်းပြီး (၆း၀၀)နာရီအချိန်တွင် ရပ်နီးရပ်ဝေး ဆွမ်းဒါယကာများမှ ဆက်ကပ်လှူဒါန်းသည့် ပစ္စည်းလေးပါးကို ကြွချီအလှူခံကြပါသည်။
နေ့လည်ပိုင်း (၁၂း၀၀)နာရီအချိန်တွင် ဒေသခံတိုင်းရင်းသားလူမျိုးပေါင်းစုံက ပဒေသာပင်လှည့်လည်ပြီး (၁း၀၀) နာရီအချိန်တွင် လှူဒါန်းမှုအစုစုကို သာသနဝိသုဒ္ဓိကျောင်းတိုက်အတွင်း တရားတော်များနာယူကာ ရေဆက်ချအမျပေးဝေ၍ ဆွမ်းလောင်းပွဲတော် အခမ်းအနားကို အောင်မြင်စွာပြန်လည်ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ခွန်အောင်ထွိုက်ဗွေ
Like On Facebook
Follow On Twitter
Subscribe On RSS