Friday, October 19, 2018

စိတ်ဝင်စားမှုအခြေပြု စေ့စပ်ညှိနှိုင်းရေးသင်တန်းဖွင့်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၉)ရက်
   

စေ့စပ်ညှိနှိုင်းရာတွင် ကြုံတွေ့နိုင်သည့်အခက်အခဲများ စိန်ခေါ်မှုများအား မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို သိရှိလာစေရန် ရည်ရွယ်၍  ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြုစီမံကိန်းတွင် Mercy Corps အဖွဲ့မှ စိတ်ဝင်စားမှုအခြေပြု စေ့စပ်ညှိနှိုင်းရေး Interest Based Nagotiation Training (INB) (ဒုတိယအသုတ်) သင်တန်းဖွင့်ပွဲကို ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ (၁၉)ရက်  နံနက်(၉း၀၀) နာရီ အချိန်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

CDD ဝန်ထမ်းများ ကျေးရွာသွားတဲ့အချိန်မှာ ကျေးရွာစီမံကိန်းကော်မတီများ၊ ကျေးရွာလူထုတွေနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်သည့်အခါမှာ စေ့စပ်ညှိနှိုင်းတတ်လာစေရန် စေ့စပ်ညှိနှိုင်းခြင်းပြုလုပ်ရာတွင် လိုအပ်သောနည်းဗျူဟာတွေ၊ စွမ်းရည်တွေ ပြည့်ဝစေဖို့ ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း Mercy Corps အဖွဲ့မှ သင်တန်းပို့ချပေးသည့် သင်တန်းအဖွဲ့ခေါင်းဆောင် ဦးဂျိုးဇက်ဟိန်းမှ ပြောကြားခဲ့ပါသည်။

သင်တန်းတွင် ပဋိပက္ခများကိုင်တွယ်ဖြေရှင်းမှု ပုံစံ(၅)မျိုး ၊ စိတ်ဝင်စားမှုအခြေပြု စေ့စပ်ညှိနှိုင်းရေးအကြောင်း၊ ပဋိပက္ခဖြေရှင်းမှုပုံစံအမျိုးမျိုး၊ စေ့စပ်ညှိနှိုင်းရေး စိန်ခေါ်မှုများ၊ ဆက်ဆံရေးဒြပ်ဝတ္ထု၊ ဒြပ်ဝတ္ထုနှင့် ဆက်ဆံရေး လွန်ဆွဲခြင်း၊ ယူဆချက်ဆိုင်ရာလေ့ကျင့်ခန်း၊ ဆိုးဝါးသောဖြစ်စဉ်၊ တုံးပြန်တတ်သောအပြုအမှု၊ မထိရောက်သော နည်းဗျူဟာများ၊ ရွေးချယ်စရာများဖော်ထုတ်ခြင်း၊ စံနှုန်းနှင့် စံနှုန်းများဖော်ထုတ်ခြင်း စသည့်ဘာသာရပ်များကို သင်းကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့  ပြည်နယ်/မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စီမံကိန်းတွဲဘက်ဝန်ထမ်းများ၊ နည်းပညာအကြံပေးအဖွဲ့များ၊ လက်ထောက်နည်းပညာမှူးများ၊ လူထုစည်းရုံးရေးမှူးများ စုစုပေါင်းသင်းတန်းသား/ သင်တန်းသူ(၄၀) ဦး တက်ရောက်ပြီး သင်တန်းဆရာ (၂)ဦးဖြင့် သင်တန်းကာလမှာ အောက်တိုဘာလ (၁၉)ရက်နေ့မှ (၂၁) ရက်နေ့ထိ သုံးရက်ကြာ ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။

ခွန်ရဲထွေး(ဆီဆိုင်)
Powered by Blogger.