Sunday, November 18, 2018

“ကျေးရွာရှိလူငယ်များနိုင်​ငံ​ရေးနှင့် စီးပွား​ရေးအမြင် ပိုမိုကျယ်ပြန့်လာ​စေရန် ခေါင်းဆောင်မှုသင်တန်းနှင့် စီးပွားရေးအမြင်ဖွင့်သင်တန်းဖွင့်လှစ်”

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်



၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ(၁၇)​​ရက်ေ​န့တွင်ေ​တာင်ကြီးမြို့နယ်၊ ​နမ့်ဟူး​ကျေးရွာအုပ်စု၊ ဘော်ဇောကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ ​လေ့ကျင့်ပညာပေးရေးဌာနမှ ကျေးရွာရှိသမာဓိလူကြီးများနှင့် ဦးဆောင်၍ ခေါင်းဆောင်မှုသင်တန်းနှင့် အခြေခံစီးပွားရေးအမြင်ဖွင့်သင်တန်းကို  ပူးပေါင်းဖွင့်လှစ်ခဲ့ပါသည်။

၎င်းသင်တန်းကို နံနက်(၉း၃၀)နာရီ အချိန်တွင်စတင်ကာ ဆရာတော်ကန်တော့ပြီး သြဝါဒခံယူခဲ့ပါသည်။ ဆရာတော်မှသြဝါဒမြွှက်ကြားရာတွင် “ ဒီသင်တန်းဟာ ခေါင်းဆောင်မှုနဲ့ အခြေခံစီးပွားရေး အမြင်ဖွင့်သင်တန်းဖြစ်တယ်။ ဒါ့ကြောင့် ဒါကာကြီးတို့ရွာမှာ တစ်နေ့တစ်ချိန် ကျေးရွာကို ဦးဆောင်နိုင်တဲ့၊ မပူမျိုးကိုဦးဆောင်နိုင်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်စေဖို့၊ စီးပွားရေးအမြင် ဗဟုသုတွေ ပိုမိုကျယ်ပြန့်လာစေဖို့အတွက် ဒီသင်တန်းကို မပျက်မကွက် နေ့စဉ်တက်ရောက်ဖို့လိုတယ်။ ဆရာ/ဆရာမတွေက ရပ်ဝေးကနေလာပြီး ကျေးရွာအထိ အခမဲ့လာသင်ပေးတာကို သင်တန်းသားတွေက တန်ဖိုးရှိရှိ ယူတတ်ဖို့လိုတယ်။ သင်တန်းကာလတွေမှာလည်းသင်တန်းသားတွေအတွက် ဆရာ/ဆရာမတွေနဲ့အတူ အပြန်အလှန်ရဲဝံ့စွာ ပြန်လည်ဆွေးနွေးကြပါ။ မိမိတို့ရဲ့ဘာသာစကားတွေနဲ့ပဲ သင်ကြားမှာဖြစ်လို့  အခက်အခဲမရှိ သင်ယူနိုင်မှာဖြစ်တယ်။ သင်ခန်းစာတွေကိုလည်း သေချာစွာ လေ့လာမှတ်သားထားပါ။ ယခုအချိန်မှာအသုံးဝင်မှုနည်းပါးပေမယ့် တစ်နေ့တစ်ချိန်မှာ နင်တို့အတွက် အသုံးဝင်လာမှာဖြစ်တယ်။ ဒါ့ကြောင့် ပညာသင်ယူတဲ့အရွယ်မှာ ကြိုးကြိုးစားစားသင်ယသင်တန်းအဖွင့်စကားပြီးဆုံးအောင်တက်ကြပါ” စသည်ဖြင့် သြဝါဒစကားချီးမြှင့်တော်မူခဲ့ပါသည်။

ဆက်လက်ပြီး သင်တန်းနည်းပြခွန်ထက်အောင်မှ သင်တန်းအဖွင့်စကား ပြောကြားရာတွင် “ မိမိတို့ သင်တန်းနည်းပြများအနေဖြင့် ၎င်းသင်တန်းမျိုးဖွင့်လှစ်လာခဲ့သည်မှာ ၁၀-ကြိမ်အထက် ရှိခဲ့ပါပြီ။ ဒါပေမယ့် ဒီဖက်ကျေးရွာတွေမှာတော့ သင်တန်း ၁-ကြိမ်မျှ မပါဝင်သေးပါ။ သီတင်းကျွတ်ကာလ ပြီးတဲ့နောက်မှာ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။ ဒါ့ကြောင့် ယနေ့လို၎င်းကျေးရွာ အပါအဝင် ၃-ကြိမ် ဖွင်အမြင်ဖွင့်သင်တန်း၊ဖြစ်တယ်။ မိမိတို့ပို့ချနေတဲ့သင်တန်းတွေကတော့ ခေါင်းဆောင်မှုသင်တန်း၊ အခြေခံစီးပွားရေး အမြင်ဖွင့်သင်တန်း၊ စွမ်းရည်မြှင့်သင်တန်းနဲ့ အခြေခံအစာအာဟာရသင်တန်းတွေဖြစ်ပါတယ်။ ဒီသင်တန်းတွေ ဖွင့်လှစ်ရတာဟာ မိမိတို့ရပ်ကွက်/ကျေးရွာအတွက် ချက်ချင်းအကျိုးပြုနိုင်တဲ့ ခေါင်းဆောင်ကောင်း လူငယ်မိမိပေါ်ထွက်လာစေဖို့၊ စီးပွားရေးအမြင်ပိုမိုတွေးတောတတ်စေဖို့ ကျေးရွာအထိ တစ်ရွာချင်းစီ လာရောက်ပို့ချရခြင်း ဖြစ်ပါတယ်။ ဒါ့ကြောင့် သင်တန်းသားရှိမှ မိမိတို့ဖွင့်လှစ်သည့် သင်တန်းသည်လည်း အထမြှောက်ကြောင်း၊ သတ်မှတ်ထားသည့်ရက်အတိုင်း အခုသင်တန်းသားတက်ရောက်ပေးရန်လိုအပ်ကြောင်း ” စသည်ဖြင့်ပြောကြားပြီး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ရပ်နားခဲ့ပါသည်။ ထို့နောက်သင်တန်းနည်းပြများဖြင့် မိတ်ဆက်ကာ သင်တန်းသား(၆)ဦး၊ သင်တန်းသူ(၁၀)ဦးကို သင်ကြားပို့ချ​​ပေးခဲ့ပြီ သင်တန်းကို (၁၇.၁၁.၂၀၁၈)ရက်နေ့မှ (၂၀.၁၁.၂၀၁၈)ရက်နေ့အထိ (၄)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

မျင်,မိုရ်;ခွန်(ဘုရာ,ဗွာ)
Powered by Blogger.