Sunday, November 4, 2018

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်မြောက်ခြမ်းမှ ကျေးရွာအုပ်စု(၇)ခု အတွင်းတွင် နေထိုင်ကြသော မဲဆန္ဒရှင်မိဘပြည်သူများ သိရှိနိုင်စေရန်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၅)ရက်


ဦးခွန်သိန်းဖေ၊ ရှမ်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၉) (၁၈.၈.၂၀၁၆) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ၊ ဟိုပုံးမြို့နယ် မြောက်ခြမ်းမှ ကျေးရွာအုပ်စု(၇)ခုအတွင်းရှိ ပြည်သူများအတွက် (မိုင်းပျဉ်း - ဖာလဲ) တွင် (၁၆)ကုတင်ဆံ့တိုက်နယ်ဆေးရုံတစ်ရုံကို လာမည့်ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ။

မေးခွန်းနှင့်စပ်လျဉ်း၍ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးမှ ဖြေကြားရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကုတင်(၅၀)ဆံ့ မြို့နယ်ဆေးရုံတစ်ရုံ၊ ကျောက်တန်းကျေးရွာတွင် တိုက်နယ်ဆေးရုံတစ်ရုံဖွင့်လှစ်ထားပြီး ဖြစ်ပါသည်။ ဟိုပုံးမြို့နယ်အတွင်းရှိ မိုင်းပျဉ်းကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနများ ဖွင့်လှစ်ထားရှိပြီး ၎င်းကျန်းမာရေးဌာနပိုင်မြေများတွင် ကျေးရွာအုပ်စု(၈)ခုနှင့် ကျေးရွာပေါင်း(၉၆)ရွာ၊ လူဦးရေ(၂၁၃၇၅)ဦး ရှိပါသည်။

မိုင်းပျဉ်းဒေသသည် တောင်ကြီး စ၀်စံထွန်းပြည်သူ့ဆေးရုံကြီးနှင့် အမျိုးသမီးဆေးရုံကြီးတို့တွင် (၂၇)မိုင် ကတ္တရာလမ်း(၁၅)မိုင် ကျောက်ခင်း(၁၂)မိုင်၊ ဟိုပုံးမြို့နယ် ဆေးရုံနှင့်(၂၄)မိုင်၊ ကတ္တရာလမ်း(၇)မိုင်၊ ကျောက်ခင်းလမ်း(၁၇)မိုင်၊ ကျောက်တန်းတိုက်နယ်ဆေးရုံနှင့် မိုင်(၂၀)ကွာဝေးပြီး တိုက်နယ်ဆေးရုံဆောက်လုပ်ရန် မြေ(၃)ဧကမှ (၅)ဧကရှိသဖြင့် မိုင်းပျဉ်းဒေသတွင် တိုက်နယ်ဆေးရုံဖွင့်လှစ်ဖွဲ့စည်းပုံဖြင့် ဖွင့်မိန့်ရရှိသည့်အတွက် (၂၀၁၆-၂၀၁၇)ဘဏ္ဍာရေးနှစ်တွင် ဆေးရုံအဆောက်အဦးဆောက်လုပ်ရန် တင်ပြပြီး(၂၀၁၇-၂၀၁၈)ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာငွေရရှိပါကဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ၎င်းတိုက်နယ်ဆေးရုံကို ဖွင့်လှစ်ပေးနိုင်ရန် အမြန်ဆုံးဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း သွားရေးလာရေးတော်တော်ခက်ခဲပြီး တော်တော်ဝေးသည့်နေရာရောက်သည့်အတွက် လုံးဝဆောင်ရွက်ပေးမည်ဟု ဖြေကြားအပ်ပါသည်။

လွှတ်တော်ရေးရာဌာန (PNO)
Powered by Blogger.