Monday, November 12, 2018

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်ခွဲနှင့် ညောင်ရွှေမြို့နယ်အတွင်းရှိ သက်ဆိုင်သည့် မဲဆန္ဒရှင်မိဘပြည်သူများ သိရှိနိုင်စေရန်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၃)ရက်


ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးတွင် ရှင်းလင်းဆွေးနွေးနိုင်ရန်အတွက် ရှမ်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၉)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေ၏ ကြယ်ပွင့် မပြမေးခွန်းဖြစ်သော ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ယခင်ကျောက်တလုံးကြီးမြို့နယ်(ခွဲ)နှင့် ညောင်ရွှေမြို့နယ်သို့ ဆက်သွယ်လျက်ရှိသော မြို့နယ်ချင်း၊ ကျေးရွာအုပ်စုချင်း၊ ကျေးရွာချင်းဆက် မြေသားလမ်းမကြီးအား နိုင်ငံတော်မှ လမ်းအကျယ်တိုးချဲ့ပြီး မြေသားလမ်းမှ ကျောက်ချောလမ်းအဆင့်သို့ တိုးချဲ့ဖောက်လုပ်ပေးရန်နှင့် လမ်းပေါ်ရှိ တံတား(၉)စင်းနှင့် အခြားတံတားငယ်များကို တစ်ပါတည်းတည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍

၁။ အဆိုပါလမ်းသည် ကျောက်တလုံးကြီးမြို့၊ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နောင်သိမ်ရွာမှ ထီရီးယံတန် ရွာ-ထီရီးတောင်ရွာ-တွူးယံ(ခ)တွူးတန်ရွာအထိ (၇/၀)မိုင်ရှိပြီး ညောင်ရွှေမြို့နယ်၊ ပင်ချို - သရက်ပင် - မန် ကျည်းပင် - ဝက်သားချောင်း - မိုးကောင်း - ကန်တပေါ့ - တခေါ့ - ပန်းပင် - နောင်ကင် - တံတားဦး - တပ်ကြီး - ကွန်လုံ - မန်အောင်(ညောင်ရွှေ-တုန်ဟုံးလမ်းမကြီး) အထိ (၁၆/၀)မိုင်ရှိသည့် လမ်းကြောင်းဖြစ်ပါသည်။

၂။ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ရမည့် ဧရိ ယာတွင် ပါဝင်သည့် နောင်သိမ်ရွာမှ ထီရီးယံတန်ရွာ-ထီရီးတောင်ရွာ-တွူးယံ(ခ)တွူးတန်ရွာအထိ (၇)မိုင် ရှိပြီး တွူးတန်ရွာအထိ(၄)မိုင်မှာ ဒေသမှ ကိုယ်ထူကိုယ်ထစနစ်ဖြင့် သဲကျောက်များခင်းထားပြီး ကျောက် ချောလမ်းအဖြစ် အဆင့်မြင့်တင် ဆောင်ရွက်ပေးနိုင်သည့် အနေအထားဖြစ်ပါသည်။ တွူးတန်ရွာမှ ကျောက် တလုံးမြို့နယ်နှင့် ညောင်ရွှေမြို့နယ်စပ်အထိ (၃)မိုင်သည် မြေသားလမ်း(၁၅)ပေသာရှိပြီး အတက်အဆင်း မတ်စောက်သည့် လမ်းပိုင်းဖြစ်သဖြင့် မြေသားလမ်းအဖြစ် အဆင့်မြင့်တင်ဆောင်ရွက်ပေးရန် လိုအပ်လျက် ရှိပါသည်။

(က) အဆိုပါလမ်းပိုင်း (၇)မိုင်အား မြေသားလမ်း၊ ကျောက်ချောလမ်း ဆောင်ရွက်ပေးမည်ဆိုပါက (၁၁/၁၃/၁၄/၁၅)ပေ ကွန်ကရစ်တံတား (၄)စင်းနှင့် ရေပြွန်(၉)စင်းခန့် ထည့်သွင်းတည်ဆောက် ပေးရန် လိုအပ်မည်ဖြစ်ပါသည်။

(ခ) သို့ဖြစ်ပါ၍ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်ပေးရမည့် ဧရိယာတွင် ပါဝင်သည့်လမ်းပိုင်း(၇)မိုင်အနက် မြေသားလမ်း(၃)မိုင်နှင့် ကွန် ကရစ်တံတား(၄)စင်း၊ ရေပြွန်(၉)စင်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ ပြည်နယ် ရန်ပုံငွေတွင်လည်းကောင်း၊ ကျောက်ချောလမ်း (၇)မိုင်အား ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် ပြည် ထောင်စု/ပြည်နယ် ရန်ပုံငွေတွင်လည်းကောင်း ထည့်သွင်းလျာထားပြီး ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

၃။ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်ခွဲနှင့် ညောင်ရွှေမြို့နယ်အတွင်းရှိ ကျေးရွာများ ဆက်သွယ်သွားလာနိုင်သောလမ်းတွင် ညောင်ရွှေမြို့နယ် ပင်ချို-ခဲတောင်-သရက်ပင်-မန်ကျည်းပင်-ဝက်သ ချောင်း-မိုးကောင်း-ကန်တပေါ့-တခေါ့-ပန်ပင်-နောင်ကင်-တံတားဦး-တပ်ကြီး-ကွန်လုံကျေးရွာများကို ဆက် သွယ်သွားလာနိုင်သောလမ်းမှာ အရှည်(၁၆)မိုင်ရှည်လျားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်မည့် ဧရိယာတွင် ပါဝင်ပါသည်။

(က) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ရမည့် ဧရိယာတွင် ပါဝင် သော ညောင်ရွှေမြို့နယ် ပင်ချိုရွာနှင့် ခဲတောင်ကျေးရွာ ဆက်သွယ်သွားလာနိုင်သော အရှည် (၇)မိုင်လမ်းမှာ လက်ရှိအခြေအနေတွင်အကျယ်(၁၀)ပေခန့်သာရှိသော မြေသားလမ်း တစ်လမ်း ဖြစ်ပြီး မြေသားလမ်း သတ်မှတ်အကျယ် ရရှိနိုင်ရေးအတွက် မြေသားလမ်းတိုးချဲ့ ဖောက်လုပ်ခြင်း လုပ်ငန်းအား ကျေးလက်လမ်းတံတား (၁၅)နှစ်စီမံကိန်း၏ ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာရေးနှစ်တွင် လည်းကောင်း၊ ကျောက်ချောခင်းခြင်းလုပ်ငန်းအား ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ်တွင် လည်း ကောင်း၊ အဆိုပါလမ်းပေါ်ရှိ (၁၇)ပေတံတားတစ်စင်း၊ (၂၂)ပေတံတားတစ်စင်း၊ (၉)ပေတံတားတစ်စင်း၊ (၂၀)ပေတံတားတစ်စင်းနှင့် Box Culvert တံတား(၃)စင်း တည်ဆောက်ခြင်းလုပ်ငန်းအား ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာရေးနှစ်တွင် လည်းကောင်း ထည့်သွင်းလျာထားပြီးဖြစ်ပါသည်။

(ခ) ခဲတောင်-သရက်ပင်-မန်ကျည်းပင်-ဝက်သချောင်း-မိုးကောင်း-ကန်တပေါ့-တခေါ့-ပန်ပင်-နောင်ကင်-တံတားဦး-တပ်ကြီး-ကွန်လုံကျေးရွာများကို ဆက်သွယ်သွားလာနိုင်သော အရှည်(၉)မိုင်လမ်းမှာ လက်ရှိအခြေအနေတွင် အကျယ်(၂၄)ပေခန့်ရှိသော မြေသားလမ်းတစ်လမ်းဖြစ်ပြီး နန်းပန်-ဓါတ်တော်-ရေဦးလမ်းနှင့် လမ်းကြောင်းတစ်ခုတည်းဖြစ်ပါသည်။ အဆိုပါလမ်းပိုင်းတွင် ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် ၂၀၁၃-၁၄ခု ဘဏ္ဍာရေးနှစ်တွင် ကတ္တရာလမ်း(၂/၃)မိုင်နှင့် ကျောက်ချောလမ်း(၀/၄)မိုင်၊ ၂၀၁၄-၁၅ခု ဘဏ္ဍာရေးနှစ်တွင် မြေသားလမ်း(၃/၀)မိုင် ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါ၍ ဆောင်ရွက်ရန်ကျန်ရှိသော လမ်းအရှည်မိုင်(၆/၁)မိုင် ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းအား ကျေးလက်လမ်းတံတား (၁၅)နှစ်စီမံကိန်း၏ ၂၀၂၅-၂၆ခု ဘဏ္ဍာရေးနှစ်တွင်လည်းကောင်း၊ အဆိုပါလမ်းပေါ်ရှိ (၁၄)ပေတံတား(၃)စင်း၊ (၁၀)ပေတံတားတစ်စင်း၊ (၂၀)ပေတံတားတစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းများအား ၂၀၂၁-၂၂ခု ဘဏ္ဍာရေးနှစ်တွင်လည်းကောင်း ထည့်သွင်းလျာထားပြီး ဖြစ်ပါသည်။

(ဂ) လွှတ်တော်ကိုယ်စားလှယ်မှ အဆိုပြုတင်ပြသော ကျေးရွာချင်းဆက်လမ်းအား ကျောက်ချော လမ်းအဖြစ် အဆင့်မြင့်တင် အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ရန်အတွက် ကျေးလက်လမ်းတံတား (၁၅)နှစ် စီမံကိန်းတွင် ဘဏ္ဍာရေးနှစ်အလိုက် ထည့်သွင်းလျာထားရေးဆွဲပြီးဖြစ်ပါကြောင်းနှင့် ခွင့်ပြုရန်ပုံငွေ ရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားအပ်ပါသည်။

လွှတ်တော်ရေးရာဌာန(PNO)
Powered by Blogger.