Monday, November 19, 2018

ဒေသဦးစီးဥက္ကဌနှင့် ပြည်​နယ်​လွှတ်​​တော်​ကိုယ်​စားလှယ်​များ၊ ​ဌာနဆိုင်​ရာများမှ ​ဒေသ၏လမ်းပန်းဆက်​သွယ်​​ရေး အ​ခြေအ​နေများကို ကွင်းဆင်းစစ်​​ဆေး

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်







၂၀၁၈-ခုနှစ်​၊ နိုဝင်ဘာလ (၁၉)ရက်နေ့တွင် ​ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ​ဒေသဦးစီးဥက္ကဌ ဖြားခွန်စံလွင်၊ ပင်လောင်းမြို့နယ်​၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်​​တော်ကိုယ်စားလှယ် ခွန်လှဆန်း၊ မဲဆန္ဒနယ်အမှတ်​(၂) ပြည်​နယ်​လွှတ်​​တော်​ကိုယ်​စားလှယ်​ခွန်စောအောင်နှင့် ဌာနဆိုင်​ရာတို့သည်

(၁) ပင်လောင်းမြို့နယ် မြောက်ထီဗွာ​ကျေးရွာအုပ်​စု၊ တခူမွူး-လယ်ကြားသို့သွားသောလမ်းပိုင်း(၂)မိုင်​အား ကတ္တရာလမ်းခင်းနိုင်ရန်အတွက်​​​သော်​လည်း​ကောင်း၊လယ်​ကြားရွာအ၀င်​ တံတား​​ဘောင်​ပြိုကျ​နေ​သော ​ချောင်းကူး​တံတားအား​သော်​လည်း​ကောင်း

(၂)ေ​​ပါအင်ကျေးရွာအုပ်စု၊ ဘုရားဖြူ -ထီရွေ-ထီရဲုင် သို့ဆက်သွယ်သွား​သော​​ဘီလူးချောင်းကူးတံတား
စင်းအားပြုလုပ်နိုင်ရန်အတွက်​သော်​လည်း​ကောင်း

(၃) စင်းတောင်းကျေးရွာအုပ်စု၊ ထီတလိလမ်းပိုင်း​အားကတ္တရာလမ်းအဆင့်သို့တိုးမြင့်နိုင်ရန်အတွက်​သော်​လည်း​ကောင်း

(၄) လုံးပဲဉ်ကျေးရွားအုပ်စု၊ တောင်မဲသင်းလမ်းပိုင်းကျန်ရှိ(၄)မိုင်အားကတ္တရာအဆင့်သို့ထပ်ဆင့်တိုးမြင့်ပေးနိုင်ရန်အတွက်​သော်လည်း​​ကောင်း

(၅)​​​ KFW မှ တာဝန်​ယူ​ဆောင်ရွက်​​ပေးမည့်
နမ့်တုတ်ေ​​ကျးရွာအုပ်စု၊ ​နမ့်ဖါမူ မှ ​နောင်​ပီး​ကျေးရွာအုပ်​စု၊ နောင်ပီးအထိ လမ်းပိုင်းအားလည်း​ကောင်း

(၆)သစ်ပင်ကောက်-​တောင်ဘာကျေးရွာသို့ ကုန်ထုတ်လမ်းတိုးချဲ့နေမှုအခြေအနေအားလည်း​ကောင်း
ကွင်းဆင်းကြည်​ရှု့စစ်​​ဆေးခဲ့ပြီး ​ဒေသဦးစီးဥက္ကဌဖြားခွန်​စံလွင်​မှ ဒေသခံများအား စီမံကိန်းကာလတွင်
မိမိတို့​ဒေသကို ​ဒေသဖွံ့ဖြိုး​ရေးရေးလုပ်ငန်းများ လာ​ရောက်​ဆောင်ရွက်မည့်ဝန်ထမ်းများအားလုံခြုံမှုနှင့်
ဝိုင်းဝန်းကူညီ​စောင့်​​ရှောက်​မှုများ​ပေးကြရန်​ မှာကြားခဲ့​ကြောင်း သတင်းရရှိပါသည်​။

ခွန်​တီး​မောင်
ခမ်းစန္တာ​ဟေ့
Powered by Blogger.