Monday, January 28, 2019

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးတွင် အခြေခံစီးပွားရေးအစီအစဉ်ရေးဆွဲခြင်း သင်တန်းပြန်လည် သုံးသပ်ခြင်းများပြုလုပ်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ (၂၉)ရက်


၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ (၂၉)ရက်၊ နံနက်(၉း၀၀)အချိန်တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ အစည်းအဝေးခန်းမရှိ ပါရမီဖွံ့ဖြိုးရေးကွန်ယက်နှင့် MEDA အဖွဲ့တို့ပူးပေါင်းပြီး အခြေခံစီးပွားရေး အစီအစဉ်ရေးဆွဲခြင်းသင်တန်းပြန်လည်သုံးသပ်ခြင်းကို ပြုလုပ်ကျင်းပခဲ့ပါသည်။

သင်တန်းကျင်းပရခြင်းသည် စီမံကိန်းကာလအတွင်း အမျိုးသမီးအရောင်းကိုယ်စားလှယ်များအား လုပ်ငန်းအစီအစဉ်များရေးဆွဲနိုင်ရန်၊ စီမံကိန်းဝင်ကျေးရွာများမှ အမျိုးသမီးအဖွဲ့များ၏ ပွဲစား၊ ကုမ္ပဏီအကြား အရောင်းကိုယ်စားလှယ်များ ချိတ်ဆက်ဆောင်ရွက်နိုင်ရန်နှင့် အရောင်းအ၀ယ်ပြုလုပ်နိုင်ရန် လုပ်ငန်းအစီအစဉ်များပေါ်ထွက်လာနိုင်စေရန် စသည့်ရည်ရွယ်ချက်ဖြင့် ပြုလုပ်ကျင်းပရခြင်းဖြစ်ကြောင်း သင်တန်းတာဝန်ခံထံမှသိရှိရပါသည်။

အဆိုပါသင်တန်းသည် ပထမအကြိမ်တွင် (၃)ရက်သာပြုလုပ်ကျင်းပခဲ့ပြီး ယခုဒုတိယအကြိမ်တွင် ပထမအကြိမ်မှ အခြေအနေများ၊ အစီအစဉ်များ၊ အခက်အခဲများကို ပြန်လည်သုံးသပ်ရန်ဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းကျေးရွာများဖြစ်သော ပင်ဟားကျပ်ကျေးရွာ၊ သဘော်ကျေးရွာ၊ ဂနိုင်ခါးကျေးရွာ၊ ပင်ငိုကျေးရွာ၊ ကံ့ကော်ကျေးရွာနှင့် ပင်စုံကျေးရွာတို့မှ အမျိုးသမီးအဖွဲ့ကိုယ်စားလှယ်များနှင့် ပါရမီဖွံ့ဖြိုးရေးကွန်ယက်ရုံးဝန်ထမ်းတို့မှ  (၂၅)ဦး တက်ရောက်ကြောင်းသိရှိရပါသည်။ ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ(၂၈) ရက်နေ့တွင် စီမံကိန်းကျေးရွာများဖြစ်သော ပင်ဟားကျပ်ကျေးရွာနှင့် ဂနိုင်ခါးကျေးရွာတို့မှ အရောင်းအ၀ယ်ကိုယ်စားလှယ်များ၏အခြေအနေ၊ မိတ်ဖက်များ၊ အခက်အခဲများ၊ အားနည်းချက်၊ အားသာချက်များ၊ အကြံဥာဏ်များကို ကွင်းဆင်းလေ့လာကြည့်ရှု့ခဲ့ပါသည်။

ထိုသင်တန်းများကို Myanmar Development Professional အဖွဲ့မှ နည်းပြ(၂)ဦး ဦးဆောင်သင်ကြားပေးခဲ့ကြောင်းသိရှိရပါသည်။

နန်းဆားတဲုင်
Powered by Blogger.