Monday, February 25, 2019

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ နောင်လေကျေးရွာအုပ်စု၊ ဖက်ကွန်ကျေးရွာအုပ်စု မဲဆန္ဒရှင်ပြည်သူများသိရှိစေရန်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆)ရက်



ရှမ်းပြည်နယ်၊ အမှတ်(၉)မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေ၏ ကြယ်ပွင့်မပြမေးခွန်းအား ပြန်လည်ဖြေကြားချက်

၁။ တောင်ကြီးမြို့နယ်၊ နောင်လေကျေးရွာအုပ်စု၊ ထီဆုံကျေးရွာမှ ဖက်ကွန်ကျေးရွာအုပ်စု၊ ကန်လောင်းကျေးရွာတို့ကို ဆက်သွယ်ထားသည့် ထီဆုံ(၆)မိုင်- စခဲ- မူယား- ဂနိုင်ခါး - မောက်ဝေါက်- ကန်လောင်းရွာအထိ အရှည် (၄)မိုင် (၅)ဖာလုံရှိသော ကျေးရွာချင်းဆက်လမ်းသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ စီမံခန့်ခွဲသော လမ်းဖြစ်ပါသည်။ 

၂။ အဆိုပါလမ်းပိုင်းမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဒုတိယ(၁၂)လ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အရှည် (၁)မိုင် (၆)ဖာလုံအား ကတ္တရာလမ်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး လမ်းအဆင့်မြှင့်တင် ဆောင်ရွက်ပြီးပါက ကျေးရွာ(၆)ရွာ၊ အိမ်ခြေ(၁၀၉၀)အိမ်နှင့် လူဦးရေ(၅၅၀၀)ခန့်တို့၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။

၃။ သို့ဖြစ်ပါ၍ ထီဆုံ(၆)မိုင်- စခဲ - မူယား - ဂနိုင်ခါး - မောက်ဝေါက် - ကန်လောင်းရွာအထိ ကျေးရွာချင်းဆက်လမ်းသည် လမ်းအဆင့်သတ်မှတ်ချက်အရ Class (A) ဦးစားပေးအဆင့်(၁)တွင် ပါဝင်သဖြင့် ကတ္တရာလမ်း အဆင့်မြှင့်တင်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လမ်းအရှည် (၂)မိုင် (၇)ဖာလုံမှ (၂)မိုင်ခန့်အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေ ခွဲဝေရရှိမှုအပေါ်မှုတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားအပ်ပါသည်။

လွှတ်တော်ရေးရာဌာန(PNO)

Powered by Blogger.