Monday, March 4, 2019

မျိုးဆက်သစ်လူငယ်များအားကစားပိုင်းဆိုင်ရာဖွံ့ဖြိုးရေးအတွက် ရည်ရွယ်၍ နားဘောင်ဒေသတွင်မျိုးဆက်သစ်ဖလားဘောလုံးပြိုင်ပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ မတ်လ(၄)ရက်




အထူးဒေသ(၆) တောင်ကြီးမြို့နယ်၊ နားဘောင်ဖွံ့ဖြိုးရေးဒေသဗိုလ်ချုပ်ချန်ဇုံဘက်စုံအားကစားကွင်းတွင် မျိုးဆက်သစ်လူငယ်များအားကစားပိုင်းဆိုင်ရာဖွံ့ဖြိုးရေးအတွက် ရည်ရွယ်၍ သုဝဏ္ဏသောက်ရေသန့်နှင့် ဘောလုံးဝါသနာရှင်များက ပံ့ပိုးပေးပြီး၎-ပေ၊၇-လက်မနှင့် ၅-ပေ၊ ၃-လက်မ ကျောင်းသားလူငယ် မျိုးဆက်သစ်ဖလားဘောလုံးပြိုင်ပွဲကို ၂၀၁၉-ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့မှစ၍ မတ်လ (၁၁) ရက်နေ့အထိကျင်းပပြုလုပ်လျက်ရှိကြောင်းသိရှိရပါသည်။

အဆိုပါ မျိုးဆက်သစ်ဘောလုံး ပြိုင်ပွဲတွင် နေ့စဉ်တစ်ရက်ကို (၇)ပွဲစီ ပြုလုပ်ကျင်းပပြီးနောက်ဆုံးဗိုလ်လု ပြိုင်ပွဲကိုနေ့လည်(၁း၀၀)နာရီအချိန်တွင်တစ်ပွဲညနေခင်း(၃း၀၀)နာရီအချိန်တွင်တစ်ပွဲ ပြုလုပ်ကျင်းပကာ ၄-ပေ၊ ၉-လက်မ မျိုးဆက်သစ် အသင်းများအတွက် ပထဆုကိုတစ်သိန်းခွဲ၊ ဒုတိယဆုကိုတစ်သိန်း၊ ၅-ပေ၊ ၃-လက်မ၊ မျိုးဆက်သစ်အတွက် ပြိုင်ပွဲတွင် ပထမဆုကို နှစ်သိန်းခွဲ၊ ဒုတိယဆုကိုတစ်သိန်းခွဲစီချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ပြိုင်ပွဲဝင်အားလုံး တစ်သင်းလျှင် ၀င်ကြေးနှစ်သောင်းစီထည့်ဝင်ရပြီး အကြီးတန်းဖိတ်ခေါ်ဖလားဘောလုံးပြိုင်ပွဲကဲ့သို့အကောင်းဆုံးဆုများကိုလည်း ဆုချပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။

၎င်းဘောလုံးပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များမှာ- နွေရာသီကျောင်းပိတ်ကာလတွင် မျိုးဆက်သစ်လူငယ် များအားကစားပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်လာစေရန်၊ ပအိုဝ်းအမျိုးသားအားကစားမြှင့်တင်နိုင်ရန်၊ မျိုးဆက်သစ်လူငယ်များအကြားတွင် မူးယစ်ဆေးဝါးဘေးအန္တရာယ်မှကင်းဝေးစေရန် ရည်ရွယ်၍ ပြုလုပ်ကျင်းပရခြင်းဖြစ်ကြောင်းသိရသည်။

ပွဲစဉ်တစ်လျောက်လုံးအတွက် ပအိုဝ်းအမျိုးသားဘောလုံးဒိုင်အဖွဲ့ချုပ်နှင့် အကြီးတန်းအားကစားသမားများက ပါဝင်ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်းသတင်းရရှိပါသည်။

ခွန်အောင်ထွိုက်ဗွေ
Powered by Blogger.