Thursday, March 7, 2019

တောင်ကြီး-ကျောက်တစ်လုံးကြီးလမ်းပိုင်း အကျယ်တိုးချဲ့ခြင်းလုပ်ငန်းဆောင်ရွက်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ မတ်လ (၈)ရက်


၂၀၁၉-ခုနှစ်၊ ဇန်နဝါရီလမှစပြီး တောင်ကြီး-ကျောက်တစ်လုံးကြီး လမ်းပိုင်းကို ၁၂-ပေလမ်းမှ ၂၂-ပေလမ်း အဖြစ် ပြည်ထောင်စုဘတ်ဂျက်ဖြင့် နှစ်အလိုက် အကျယ်တိုးချဲ့ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါလမ်းကို ကျောက်တစ်လုံးကြီးမြို့ လမ်းဦးစီးဌာနက တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပြီး ယခုဆောင်ရွက်မည့်လမ်းသည် ပထမလွှာကို မြေသားဖြင့်လည်းကောင်း၊ ဒုတိယလွှာကို ကျောက်ချောဖြင့်လည်းကောင်း တတိယလွှာကို ကတ္တရာဖြင့် အပြီးသတ်အဆင့်မြင့် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

၎င်းလမ်းပိုင်းကို ဆောင်ရွက်ရာတွင် သဲ ကျောက်များအား တင်ဒါခေါ်ပြီး ၁၂ -လပိုင်းအပြီး ဆောင်ရွက်သွားမည်ဖြစ်ပြီး လမ်းခင်းအဖွဲ့ခေါင်းဆောင် ဦးဝင်းဇော်ပြောကြားချက်အရသိရသည်။ ကျောက်တစ်လုံးကြီးမြို့ရှိ လမ်းဦးစီးဌာနသည် တောင်ကြီး- ကျောက်တစ်လုံးလမ်းပိုင်း အပါအဝင် ကက္ကူ -ဘန်းယဉ်လမ်းပိုင်းရှိ တံတားများကိုလည်း ကျေးလက်နေပြည်သူများ သွားလာရေး အဆင်ပြေပြီး လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်လာအောင် တာဝန်ယူဆောင်ရွက်ပေးလျှက်ရှိကြောင်း သတင်းရရှိပါသည်။

ခွန်အောင်ထွိုက်ဗွေ
Powered by Blogger.