Thursday, March 7, 2019

မီးဘေးနှင့်ပတ်သက်၍ မြို့ဖြစ်ဖြစ်၊ ရွာဖြစ်ဖြစ် ဘယ်နေရာမှာမှ မပေါ့ဆဖို့ လိုအပ်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ မတ်လ (၇)ရက်


ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးနှင့်ပတ်သက်၍ မြို့ဖြစ်ဖြစ်၊ ရွာဖြစ်ဖြစ် ဘယ်နေရာမှာမှ မပေါ့ဆဖို့ လိုအပ်ပါတယ်။ သူခိုးခိုးရင် အစုတ်ကျန်သည်၊ မီးခိုးရင် အပြုတ်ကျန်သည်ဆိုသည့် စကားပုံအတိုင်း ပေါ့ဆပါက ကိုယ်ကြိုးစားခဲ့သမျှ အပြုတ်ကျန်ကိုပဲ ရမှာဖြစ်ပါတယ်။ ကိုယ့်မြို့ ကိုယ့်ရွာ မီးဘေးမသင့်အောင် အဓိကတာဝန်ရှိသူမှာ အဲဒီဒေသမှာ နေထိုင်တဲ့သူတွေက အဓိကကျပါတယ်။ အစိုးရဌာနဆိုင်ရာများမှာ မီးသတ်ဦးစီးဌာန ဆိုတဲ့ ဌာနတစ်ခုရှိပါတယ်။ စာရေးသူအနေဖြင့် မီးနှင့်ပတ်သက်လို့ ဟိုပုံးမြို့နယ်မှာရှိတဲ့ မီးသတ်ဦးစီးမှူး၊ ဦးစီးအရာရှိ ဦးစောမောင်ကို သွားရောက်တွေ့ဆုံတဲ့အခါ --

“ ပွင့်လင်းရာသီရောက်ရှိလာပြီဆိုကတည်းက ကျွန်တော်တို့ ဟိုပုံးမြို့နယ်မှာရှိတဲ့ စာသင်ကျောင်းအခြေပြုဟောပြောပွဲတွေလုပ်တယ်၊ မူလတန်းကနေ အထက်တန်းအဆင့်ထိ လုပ်နိုင်အောင် ကျွန်တော်တို့ သွားနေပါတယ်၊ ရပ်ရွာအခြေပြု မီးဘေးကာကွယ်ရေးဟောပြောပွဲတွေလည်း ဆင်းနေပါတယ်၊ ဒီနှစ်မှာ ရပ်ရွာမီးဘေးကာကွယ်ရေးဟောပြောပွဲ (၁၆)ကြိမ်မြောက် ကျွန်တော်တို့ လုပ်ဖြစ်ပါတယ်၊  ပွင့်လင်းရာသီရောက်ရှိလာတဲ့အတွက် ဟိုပုံးမြို့နယ်မီးဘေးကြိုတင်ကာကွယ်တာကတော့ ကနဦးအနေနဲ့ မီးဘေးကာကွယ်ရေးစီမံချက်တွေ ဆွဲရတယ်၊ ဆွဲပြီးကျတော့ တစ်အိမ်တက်ဆင်းလုပ်တယ်၊ စက်သုံးဆီရုံ၊ စက်ရုံအလုပ်ရုံနဲ့ ဈေးတွေကို အဓိကထားပြီး ကျွန်တော်တို့ စစ်တယ်၊ ပြည်သူလူထုအတွက် မီးသတ်ဆေးဗူးတွေပျံ့နှံ့အောင၊် မီးဘေးကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်တဲ့ ဟောပြောအဖွဲ့တွေကို လည်းလုပ်နေတယ်၊ နောင်လည်း ဆက်လုပ်သွားဖို့ အစီအစဉ်ရှိပါတယ်၊ အဲ့လိုမျိုးဆောင်ရွက်တဲ့အခါမှာ လူထုရဲ့ ပူးပေါင်းပါဝင်မှုကတော့ တိုင်းရင်းသားဒေသလည်းဖြစ်တဲ့အတွက် အခက်အခဲအနေနဲ့ ကျွန်တော်က ဗမာဖြစ်တဲ့အတွက် တိုင်းရင်းသားဘာသာစကားကို ပြောဆိုရတာ နည်းနည်းအခက်အခဲဖြစ်ပါတယ်၊ ပြည်သူလူထုအနေနဲ့ ဟောပြောပွဲတွေမှာ တက်ရောက်လာတာ တော်တော်များများအားနည်းတာကို တွေ့ရတယ်၊ တစ်ချို့ရွာတွေဆိုရင် အိမ်ခြေ(၂၀၀)လောက်ရှိတယ်၊ ဒါပေမယ့် လူကအယောက်(၅၀)လောက်ဘဲရှိတယ်၊ စိတ်ဝင်စားမှုတွေလည်းနည်းတယ်၊ ဒါပေမယ့်လည်း ကျွန်တော်တို့ဌာန အနေနဲ့လည်း ဒီအပေါ်မှာ စိတ်ပျက်သွားခြင်းမျိုးမရှိဘဲ နောင်နှစ်တွေလည်း ဒီရွာတွေကိုဘဲ ဆက်ဆင်းရင်း ဆင်းဖန်များ၊ ပြောဖန်များလာရင် သူတို့လည်းတဖြေးဖြေးနဲ့ကျွန်တော်တို့ဖက်ကို စိတ်ဝင်စားမှုပါလာလိမ့်မယ်လို့ ထင်ပါတယ်၊ တစ်ချို့ဆိုရင် ရှေးရိုးစွဲဖြစ်တဲ့ မီးဆော်သြရင် မီးလောင်တတ်တယ်၊ ကျွန်တော်တို့ရွာအ၀င်မှာ သစ်ကွင်းရှိလို့ မီးမလောင်နိုင်ဘူး၊ မီးမလောင်လို့ သူတို့ရွာကို ဟောပြောစရာမလိုဘူးဆိုတဲ့ရှေးရိုးစွဲတွေလည်းကြုံ တွေ့ရပါတယ်။ အဲ့ရှေးရိုးစွဲတွေပျေုာက်အောင် ကျွန်တော်တို့က ကျောင်းသားတွေဆီကတစ်ဆင့် သူတို့ရဲ့မိဘတွေ ကိုယ့်ရဲ့ပတ်ဝန်းကျင်၊ ဆွေမျိုးသူငယ်ချင်းအသိုင်းအ၀ိုင်းတွေကို တစ်ဆင့်တစ်ဆင့် အသိပညာတွေကို ဖြန့်ဝေပေးမယ် နောက်တစ်ခုကတော့ ရပ်ရွာအခြေပြု မီးဘေးလုံခြုံရေးဟောပြောပွဲတွေမှာ ရပ်ရွာကတက်လာတဲ့ အိမ်ခြေ(၂၀၀)ရှိတဲ့ထဲက (၅၀)တက်လာတယ်ဆိုတော့လည်း တစ်ယောက်က (၁၀)ယောက်ကို ဖြန့်ဝေနိုင်မယ်ဆိုရင် နောက်ဆို ဒီရှေးရိုးစွဲတွေ ပျောက်သွားပြီးတော့ ကျွန်တော်တို့ အခုလိုဆော်သြတာတွေ ရပ်ရွာဟောပြောပွဲသွားရာမှာ ဒီ့ထက်မကထပ်ပြီးတက်ရောက်လာလိမ့်မယ်လို့တော့ ထင်ပါတယ်၊ ရှေ့ဆက်ပြီးတော့ ရှေးရိုးစွဲတွေရှိနေတဲ့အတွက် လိုသလောက်ခရီးမရောက်ပေမယ့်လည်း ဆက်ပြီးတော့ ဒီဟာတွေကို တွန်းအားပေးပြီးဆောင်ရွက်ပေးဖို့အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းနဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌတို့နဲ့ ပေါင်းစပ်ပြီးတော့ ဆက်ပြီးဆောင်ရွက်ဖို့တော့ရှိပါတယ်။

မီးဘေးအန္တရာယ်ကတော့ ‘သူခိုးခိုးရင် အစုတ်ကျန်တယ်၊ မီးခိုးရင် အပြုတ်ကျန်တယ်” ဆိုတဲ့ရှေးစကားပုံအတိုင်းဘဲ သူခိုးခိုးရင် အိမ်တောင် မထမ်းသွားလို့မရဘူး၊ တစ်ကယ်လို့ မီးခိုးရင် အိမ်မပြောနဲ့ ကိုယ့်မှာ ပိုင်ဆိုင်ထားတဲ့ပစ္စည်းတွေ ဘာမှတောင်ကျန်တော့မှာ မဟုတ်ဘူး၊ အဲ့တော့ မီးဘေးအန္တရာယ်သည် အင်မတန်ကို ရန်သူ(၅)မျိုးထဲမှာ နံပတ်(၁)အနေနဲ့အရေးကြီးတဲ့ထဲမှာ ပါနေပါတယ်၊ မီးဘေးအန္တရာယ်ကြီးမားတဲ့အပေါ်မှာ နောင်ဆိုရင် မိဘပြည်သူများအနေနဲ့ ကိုယ့်အိမ်ကို ကျွဲ၊ နွား တိရိစ္ဆာန်တွေ ၀င်လို့မရအောင် ခြံစည်းရိုးလုံလုံခြုံခြုံကာထားသလိုဘဲ ကိုယ့်ရဲ့မီးဘေးအန္တရာယ်ကိုလည်း ထိုနည်းတူ သတိရှိစွာ မိသားစုတိုင်း အားလုံးကိုယ့်ကို ကာကွယ်နိုင်မှ အဆင်ပြေမယ်၊ မီးဘေးအန္တရာယ်ကျရောက်ချိန်မှာ မြို့နယ်မီးသတ်ဦးစီးဌာနတို့ လာရောက်ကူညီဆောင်ရွက်ပေးနိုင်တဲ့ ဌာနဆိုင်ရာတွေရဲ့ဖုန်းနံပတ်တွေကို သိဖို့လိုတယ်၊ အဲ့လိုသိမှသာကျွန်တော်တို့က မီးလောင်မှုဆောင်ရွက်ရာတွင်လည်း အချိန်နှင့် တပြေးညီဆောင်ရွက်ပေးနိုင်မာဖြစ်ပြီး ဆုံးရှုံးမှုတန်ဖိုးလည်း နည်းမယ်ဖြစ်ပါတယ်။

မီးဘေးအန္တရာယ်ကြုံလာခဲ့ရင် ကျွန်တော်တို့ဌာနအနေနဲ့ နေရာတိုင်းမှာ ကြိုတင်ကာကွယ်ဖို့အတွက် နေအိမ်တိုင်းမှာ မီးချိတ်မီးကပ်ရေဗုံးသဲဗုံးတွေထားရမယ်၊ ခေတ်မှီဖွံ့ဖြိုးတိုးတက်လာတဲ့အတွက် လျှပ်စစ်ပစ္စည်းတွေ သုံးစွဲလာသည်နှင့် တစ်ပြိုင်နက်တည်း ဒီ့ထက် မီးငြိမ်းသတ်ရေးစတဲ့ မီးသတ်ဆေးဗူးတွေထားဖို့ လိုအပ်တယ်၊ လျှပ်စစ်မီးနဲ့ပတ်သက်လာရင် ရေသည် လျှပ်စစ်ကူးပစ္စည်းဖြစ်တဲ့အတွက် ရေနဲ့ငြိမ်းသတ်တဲ့အခါမှာ နည်းစနစ်မမှန်ရင် မိမိအသက်အန္တရာယ်ကို ထိခိုက်နိုင်ပါတယ်၊ ဒါကြောင့် မီးသတ်ဆေးဗူးနဲ့ငြိမ်းမယ်ဆိုရင် လူ့ရဲ့အသက်အန္တရာယ်ကို ကာကွယ်နိုင်သလို မီးငြိမ်းသတ်ရာမှာလည်းထိရောက်တဲ့အတွက် နေအိမ်တိုင်းမှာ မီးချိတ်မီးကပ်ရေဗုံးသဲဗုံး မီးသတ်ဆေးဗူးတွေထားသင့်ပါတယ်၊ အစိုးရအနေနဲ့လည်း ညွှန်ကြားထားပြီးဖြစ်ပါတယ်၊ ဟောပြောပွဲတွေမှာလည်း နေအိမ်တိုင်းထားရှိဖို့ ဟောပြောစည်းရုံးပေးတာတွေလည်း ရှိပါတယ်။

ကျွန်တော့အနေနဲ့ အကြံပြုပြောကြားချင်တာကတော့ မီးသည်အချိန်အခါမရွေး၊ လူတန်းစားမရွေး လောင်နိုင်သည်ဖြစ်သည့်အတွက် မိမိတို့အိမ်မှာ ကြိုတင်ကာကွယ်ရေးပစ္စည်း ထားရှိဒါနဲ့ တစ်ပြိုင်နက်တည်း မိမိတို့ရဲ့ဆုံးရှုံးမှုကနည်းနိုင်သမျှနည်းသွားပါမယ်၊ မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများနှင့် ပတ်သက်ပြီးဆောင်ရွက်ထားရှိဖို့လည်းလိုအပ်ပါတယ်” လို့ ထပ်မံပြောကြားပါတယ်။

ဒီတော့ ပြည်သူများအနေဖြင့် မီးမလောင်ခင် ကြိုတင်ကာကွယ်ထားဆိုသည့်အတိုင်း ကိုယ့်အိမ်၊ ကိုယ့်ရွာ၊ ကိုယ့်မြို့ကို ချစ်ပါက ရန်သူမျိုး(၅)ပါးထဲက တစ်ပါးဖြစ်သည့် မီးဘေးကို ကြိုတင်ကာကွယ်ဖို့ လိုအပ်ကြောင်း အသိပေးလိုက်ရပါသည်။

ကျွန်တော့အနေနဲ့“ မီးဘေးအန္တရာယ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဒီဒေသမှာဆိုရင် နယ်မြေမီးတပ်စခန်းတွေ ဖွင့်ချင်တယ်၊ တစ်ချို့ဖွံ့ဖြိုးတိုးတက်တဲ့ရွာ၊ မြို့နယ်မီးတပ်ဦးစီးဌာနနဲ့ ဝေးလံခေါင်သည်းတဲ့ဒေသတွေမှာ မီးလောင်ဆုံးရှုံးမှုအန္တရာယ်၊ မီးဘေးအန္တရာယ်မထိခိုက်အောင်၊ ကျွန်တော်တို့က မီးတပ်စခန်းကို ဖွင့်ချင်တယ်၊ ပြည်သူလူထုအနေနဲ့ရော ကျေးရွာမှာရှိတဲ့ရပ်ရွာသူ ရပ်ရွာသားများအနေနဲ့ရော မီးတပ်စခန်းဖွင့်လှစ်နိုင်ဖို့ကို မီးသတ်ဌာနဦးစီးဌာနနဲ့ ပူးပေါင်းပြီး မြေနေရာလေးကို ဆောင်ရွက်ပေးဖို့၊ နောက်တစ်ချက်ကတော့ ခေတ်မှီဖွံ့ဖြိုးတိုးတက်လာတဲ့အခါမှာ ခေတ်အသုံးအဆောင်ပစ္စည်းတွေကို သုံးတယ်၊ သုံးစွဲမှုရဲ့နောက်ကွယ်မှာ ဘေးထွက်ဆိုးကျိုးဆိုတာဖြစ်လာတယ်၊ အဲ့ဆိုးကျိုးတွေ ကြိုတင်ကာကွယ်ဖို့ မြို့နယ်မီးသတ်ဌာနနဲ့ဘဲပေါင်းပေါင်း၊ သက်ဆိုင်ရာဌာနနဲ့ဘဲပေါင်းပေါင်း ညှိုနှိုင်းဆွေးနွေးပွဲ၊ ဟောပြောပွဲတို့ လာရောက်မေးမြန်းစုံစမ်းတာတို့ အသိပညာအတတ်ပညာဖလှယ်တာတို့ လုပ်ပေးစေချင်ပါတယ်၊ ဒါမှသာ ကိုယ့်ရဲ့ပစ္စည်းဆုံးရှုံးမှုအန္တရာယ်ကကာကွယ်ဖို့ရမယ်၊ ကိုယ်ရှေ့ဆက်သွားနေတဲ့ ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့လမ်းကြောင်းပေါ်မှာ နောက်က အဟန့်အတားဆိုတာမရှိဘဲနဲ့ ရှေ့ပန်းတိုင် လိုရာခရီးကိုရောက်အောင် အချိန်မှီသွားနိုင်ပါမယ်” ဟု ပြောကြားခဲ့ပါသည်။

၂၀၁၈-ခုနှစ်အတွင်း ဟိုပုံးမြို့နယ်တွင်း မီးလောင်မှုအကြိမ်ပေါင်း(၆)ကြိမ်ဖြစ်ရာမှ လျှပ်စစ်မီးကြောင့် (၃)ကြိမ်၊ ပေါ့ဆမီး(၃)ကြိမ်ရှိပြီး ဆုံးရှုံးမှုတန်ဖိုးစုစုပေါင်း (၁၁၆၇၈၈၀၀)ကျပ်တိတိ ရှိကြောင်းသိရသည်။

နင်;ကောဝ်:အေင်,ခေး
Powered by Blogger.