Monday, April 1, 2019

လွှတ်တော်ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင်များထံ ရွေးကောက်ပွဲ အကြိုနှစ် ပေးစာ

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁)ရက်


၁၉၈၈-ခုနှစ်၊ အရေးအခင်းကြီးပြီးသည့်နောက် နိုင်ငံတော်အစိုးရသည် ပြည်ထောင်စုမပြိုကွဲရေး၊  တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဆိုသည့် ဒို့အရေး (၃) ပါးကို ချမှတ်ခဲ့သည်။ ထို့အပြင် နိုင်ငံရေးဦးတည်ချက် (၄) ရပ်ဖြစ်သည့် နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာ ယာရေးနှင့်တရားဥပဒေစိုးမိုးရေး၊ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး၊ ခိုင်မာသည့်ဖွဲ့စည်းပုံအခြေခံဥပဒေ သစ်ဖြစ်ပေါ်လာရေး၊ ဖြစ်ပေါ်လာသည့်ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံ တော်သစ်တစ်ရပ် တည်ဆောက်ရေးဟူသော  မူများကိုလည်းချမှတ်ခဲ့သည်။

အထူးဒေသ (၆) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်သည် ၁၉၉၀-ခုနှစ်တွင် တရားဥပဒေဘောင်အတွင်းသို့ ဝင်ရောက်ကာ ငြိမ်းချမ်းရေးရယူပြီးနောက် တိုင်းရင်းသားများအရေးကို ဦးစားပေးဆောင်ရွက်ခဲ့သည်။ နိုင်ငံ တော်၏စေတနာကြောင့် ပအိုဝ်းဒေသဖွံ့ဖြိုးတိုးတက်မှု အခြေခံကောင်းများ ဖြစ်ထွန်းလျက်ရှိနေပြီဖြစ်သည်။ တစ်နည်းအားဖြင့် တိုင်းရင်းသားလူမျိုးများ လူနေမှုဘဝမြင့်မားတိုးတက်ပြီး အဆင့်အတန်းရှိရှိ နေထိုင်နိုင်ရေး အတွက် လိုအပ်သည့်အခြေခံအဆောက်အဦးများကို ဘက်ပေါင်းစုံမှထူထောင်ပေးသော နိုင်ငံတော်အစိုးရ၏ စေတနာကြောင့် ငြိမ်းချမ်းရေးအဖူးအပွင့်များ ဖူးပွင့်ဝေဆာနေပြီဖြစ်သည်။

ထိုသို့အဆင့်ဆင့်သော နိုင်ငံရေးအခြေအနေအပြောင်းအလဲများကို ပအိုဝ်းတိုင်းရင်းသားများလည်း မြန်မာစကားပုံအတိုင်း “ လှဲရင်ပြန်ထ ဒါဘဝဘဲ” ဟူသည့်စကားအတိုင်း ခရောင်းလမ်းတစ်ခါ ပန်းခင်းလမ်း တစ်လှည့် နိုင်ငံရေးလောကဓံကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသော လူမျိုးတစ်မျိုးပင်ဖြစ်ပါသည်။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို (၅)နှစ်တစ်ကြိမ် ကျင်းပလာပါ သည်။ ပအိုဝ်းလူမျိုးများအနေနှင့်လည်း  ပြောင်းလဲလာသောနိုင်ငံရေးအခြေအနေကို လိုက်လံပြောင်းလဲ ကျင်လည်ကာ  ပြည်သူလူထုကိုယ်စားပြုအသံများ နိုင်ငံတော်အဆင့်တွင် ပါဝင်နိုင်ရန် နှင့် ပြည်သူလူထု၏ ဒေသဖွံ့ဖြိုးရေးအတွက် ဦးတည်ကာ ပအိုဝ်းအမျိုးသားများလည်း နိုင်ငံရေးပါတီ ပေါ်ပေါက်လာရပါသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)သည် ၂၀၁၀-ခုနှစ်၊ မတ်လ(၂၄)ရက်နှင့် မတ်လ(၂၅)ရက်နေ့တွင် တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၌ကျင်းပသော ပဉ္စမအကြိမ် ပအိုဝ်းအမျိုးသားများ၏ ညီလာခံက ဆုံးဖြတ်အတည်ပြုချက်အရ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် သည် ၁၉၅၀-ခုနှစ်၊ မတ်လ(၂)ရက်နေ့မှစ၍ စတင်ဖွဲ့စည်းခဲ့သော ပြည်ထောင်စုပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (ပအမဖ)မှ အခြေခံပြီး ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ပအိုဝ်းအမျိုးသားညီလာခံမှ ဆုံးဖြတ်ချက်အတိုင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နိုင်ငံရေးပါတီကို ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ နိုင်ငံးရေးပါတီတစ်ခု တည်ထောင်လိုကြောင်း လျှောက်လွှာကို (၃၁-၁-၂၀၁၀)ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နေပြည်တော်သို့ လျှောက်ထားရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် နေပြည်တော်မှ (၁၃-၅-၂၀၁၀)ရက်နေ့တွင် နိုင်ငံရေးပါတီ မှတ်ပုံတင် အမှတ်(၅)ဖြင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နိုင်ငံရေးပါတီသည်(၁၃-၅-၂၀၁၀)ရက်နေ့တွင် နိုင်ငံတော်မှစတင်တရားဝင် အသိအမှတ်ပြုခဲ့ပါသည်။

ထိုသို့ပြည်သူကို နိုင်ငံတော်အတွင်း လူထုအသံ၊ လူထုဆန္ဒကိုကိုယ်စားပြုမည့် အဖွဲ့အစည်းလည်း ထင်ထင်ရှားရှား မားမားမတ်မတ်ရပ်တည်နေပြီဖြစ်သောကြောင့် ပအိုဝ်းလူထုများအနေနှင့်လည်း ထိုအဖွဲ့အ စည်း ရေရှည်တည်တံ့စေရန်နှင့် လူထုကိုယ်စားပြုပေးနိုင်ရန် ပအိုဝ်းလူမျိုးတိုင်းအတွက်တာဝန်ဖြစ်ပေသည်။ ပအိုဝ်းလူမျိုးများကို နိုင်ငံတော်လွှတ်တော်အတွင်းအသံပြုပေးနိုင်ရန် ပအိုဝ်းပြည်သူတိုင်းတွင် တာဝန်ရှိသကဲ့သို့ လူထုကို ကိုယ်စားပြုနေသော လွှတ်တော်ကိုယ်စားလှယ်များတွင်လည်း များစွာတာဝန်ရှိပါသည်။

လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူလူထုများ၏ထောက်ခံမှုအမြဲတစေရရှိရန် ပြည်သူများ၏ယုံ ကြည်မှုကို တည်ဆောက်ရမည်ဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များအတွက် ပြည်သူလူထု၏အပြည့်အဝ ထောက်ခံမှုသည် အလွန်အရေးပါသောအချက်တစ်ချက်ဖြစ်သည်။  မိမိလူမျိုးကို ကိုယ်စားပြုသော လွှတ်တော် ကိုယ်စားလှယ်များ အနိုင်ရမှသာ မိမိတို့လူမျိုးကို ကိုယ်စားပြုသောအသံ၊ ဆန္ဒစသည့် ပြည်သူ့လိုအပ်ချက်များကို နိုင်ငံလွှတ်တော်အဆင့်တွင်ပါဝင်နိုင်မည်ဖြစ်သည်။

အနိုင်ရရှိသွားသောလွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူလူထု၏အသံကို အမြဲတစေနားစွင့် နေရမည်ဖြစ်သည်။ ပြည်သူလူထု၏ထောက်ခံမှုအပြည့်အဝရရှိရန်မှာ ရွေးကောက်ပွဲကျင်းပချိန်နိးကပ်လာမှ သွားရောက်တွေ့ဆုံရမည်မဟုတ်ဘဲ လွှတ်တော်အစည်းအဝေးကျင်းပချိန်မဟုတ်လျှင် မိမိ၏မဲဆန္ဒနယ်အတွင်း ရှိ ပြည်သူများကို နွေးထွေးပျူငှာစွာ သွားရောက်တွေ့ဆုံသင့်ပါသည်။ မိမိတို့ပြည်သူလူထုများသည် မိမိ၏ လွတ်လပ်သော သဘောဆန္ဒအရ ရွေးကောက်တင်မြောက်ထားသောကိုယ်စားလှယ်များ၏ နွေးထွေးပျုငှာ သော တွေ့ဆုံမှုကိုအမြဲတစေစောင့်ဆိုင်းနေကြပါသည်။

မဲဆန္ဒရှင်ပြည်သူထူထုများ၏လိုအပ်ချက်သည့် မိမိဒေသအတွက်လိုအပ်သောအရာမှန်သမျှကို လွှတ် တော်ကိုယ်စားလှယ်များမှဖြည့်ဆည်းပေးရမည်ဆိုသည့် မျှော်လင့်ချက်များမရှိဘဲ မိမိ၏မိဘသဖွယ် မေတ္တာ နွေးထွေးပျုဌာမှုကို လိုလားတောင့်တခြင်းသာဖြစ်သည်။ ထိုသို့လွှတ်တော်ကိုယ်စားလှယ်များနှင့် မကြာခဏ တွေ့ဆုံမှုရှိမှသာ မိမိဒေသကြုံတွေ့နေရသော အမှုကိစ္စများကို ရင်ဖွင့်နိုင်ပြီး လွှတ်တော်ကိုယ်စားများကလည်း မိမိမဲ ဆန္ဒနယ်တွင် ဖြစ်ပွားနေသော အခြေအနေအမှန်တရားကို ရရှိနိုင်မည်ဖြစ်သည်။ သို့မှသာ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒကို ကိုယ်စားပြုသော ကိုယ်စားလှယ်အမှန်ဖြစ်ပါမည်။

၂၀၁၉-ခုနှစ်သည် ၂၀၂၀၏ရွေးကောက်ပွဲအကြိုနှစ်ဖြစ်သည့်အတွက် နိုင်ငံရေးလှုပ်ရှားမှုများလည်း  အသွင်အမျိုးမျိုးဖြင့် ပြင်းထန်နေသည်ကို ပအိုဝ်းဒေသများလည်း အမျိုးမျိုးကြုံတွေ့နေရပြီဖြစ်သည်။ ၂၀၂၀- ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပရမည့်နှစ်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်သောကြောင့် ပအိုဝ်းပြည်သူလူထုများလည်း အချိန်နှင့်တစ်ပြေးညီကုန်ဆုံးသွားသော နေ့၊ ရက်၊ လ၊ နှစ်များကို သတိမမူဘဲ ရိုးသားစွာနေထိုင်နေကြ မည်ဆိုလျှင် မထူးခြားနားသော အခြေအနေများနှင့်သာ ရင်ဆိုင်နေရလိမ့်မည်ဖြစ်သည်။ ပအိုဝ်းပြည်သူများအ နေဖြင့် ၂၀၁၀-ခုနှစ်နှင့် ၂၀၁၅-ခုနှစ်တွင်မိမိသဘောဆန္ဒအရ ရွေးချယ်တင်မြောက်ခဲ့သော လွှတ်တော်ကိုယ် စားလှယ်များ၏ လုပ်ဆောင်နိုင်မှုစွမ်းရည်နှင့် မှတ်တမ်းများကို အကဲခတ်သုံးသပ်ရမည့်အခြေအနေသို့ ရောက်ရှိ လာပြီဖြစ်သည်။ ယခုရွေးကောက်ပွဲအကြိုနှစ်တွင် စဉ်းစားသုံးသပ်နိုင်လျှင် ပြည်သူများအတွက် အချိန်မီဖြစ် သည့်အပြင် နောက်မကျသေးသော အခြေအနေတစ်ရပ်ပင်ဖြစ်သည်။

ပြည်သူများအတွက် ၂၀၁၀-ခုနှစ်ရွေးကောက်ပွဲနှင့် ၂၀၁၅- ခုနှစ်ရွေးကောက်ပွဲဟူ၍ (၂)ကြိမ် အတွေ့ အကြုံရခဲ့ပြီဖြစ်သောကြောင့် မဲဆန္ဒနယ်အလိုက် လွှတ်တော်ကိုယ်စားလှယ်များ၏စွမ်းဆောင်ရည်များကိုလည်း အတိအလင်းတွေ့မြင်နေရပြီဖြစ်သည်။ မိမိရွေးချယ်တင်မြောက်ခဲ့သော လွှတ်တော်ကိုယ်စားလှယ်များ၏မျက် နာတော်ကို မြင်တွေ့ခွင့်ရရန်စောင့်ဆိုင်းရသောအခြေအနေနှင့် မိမိဒေသအတွက် လုပ်ဆောင်ပေးသော ဖွံ့ဖြိုးရေးအခြေအနေကို သုံးသပ်ပြီး ၂၀၂၀ တွင် ကျင်းပမည့်ရွေးကောက်ပွဲအတွက် မိမိကိုယ်စားလှယ်ဖြစ်မည့် သူကို မှန်ကန်စွာရွေးချယ်နိုင်လိမ့်မည်ဟု မျော်လင့်မိပါသည်။

မည်သို့ပင်ဆိုစေကာမူ မဲဆန္ဒရှင်ပြည်သူများအနေနှင့်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင် မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ အဆိုပါသက်တမ်းကာလလည်း ကုန်ဆုံးချိန်နီးကပ်လာ၍ သက်တမ်းအသစ်သို့ ကူးပြောင်းချိန် တန်ကျရောက်ပြီဖြစ်သောကြောင့် သတိမူကာ စဉ်းစားသုံးသပ်ပြီး မိမိဒေသဖွံ့ဖြိုးတိုးတက်၊ အေးချမ်းသာယာ လှပရေးအတွက် ရွေးချယ်နိုင်ရန်တိုက်တွန်းလိုပါသည်။

လွှတ်တော်ကိုယ်စားလှယ်များအတွက် မိမိမဲဆန္ဒနယ်ကိုသော်လည်းကောင်း မိမိလူမျိုးနှင့်သက်ဆိုင်သော ဒေသတွင်သော်လည်းကောင်း သွားရောက်လေ့လာ၊ တွေ့ဆုံရန် အချိန်ကျရောက်ပြီဖြစ်သကဲ့သို့ ယခုအချိန်သွားရောက်လည်ပတ်နိုင်လျှင် မိမိလူမျိုးအတွက်ပင်ဖြစ်စေ၊ မိမိဒေသအတွက်ပင်ဖြစ်စေ လွတ်လပ် စွာပြောဆိုဆွေးနွေးနိုင်မည်ဖြစ်သည့်အပြင် ထိရောက်မှုလည်း ရရှိနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ပြည်သူလူထု များလည်း ၂၀၂၀ တွင် ကျင်းပမည့်အထွေထွေရွေးကောက်ပွဲတွင် မှန်ကန်သော ရွေးချယ်မှုကို ရွေးချယ်နိုင်ပါစေ ကြောင်းနှင့် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်များလည်း ပြည်သူလူထုအမှန်တစ်ကယ်လိုအပ်သော လွှတ်တော်ကိုယ်စားလှယ်အမျိုးအစားဖြစ်ပါစေကြောင်း ရွေးကောက်ပွဲအကြိုနှစ် ပေးစာကိုရေးသား လိုက်ရပါသည်။

နန်းစိန်ကျင်း (ထီလုံး)
Powered by Blogger.