Saturday, May 4, 2019

ထမ့်ယမ်းရွာတွင် အခြေခံအင်္ဂလိပ်သင်တန်း ဖွင့်လှစ်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ မေလ (၄) ရက်







ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နားခိုက်ကျေးရွာအုပ်စု၊ ထမ့်ယမ်းရွာတွင် (၁၂)ရက်တာ အခြေခံအင်္ဂလိပ်သင်တန်းကို ၂၀၁၉ ခုနှစ်၊ မေလ(၄)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ အဆိုပါသင်တန်းသည် ထမ့်ယမ်းကျောင်းတိုက် ဆရာတော်အရှင်သူမြတ်များ၊ ရပ်မိရပ်ဖများ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နှင့် ပီတိဆရာကွန်ရက်တို့ ပူးပေါင်း၍ ဖွင့်လှစ်ခြင်းဖြစ်ကာ ဒေသရှိ ကျောင်းသူကျောင်းသားများ အခြေခံအင်္ဂလိပ်စွမ်းရည် ပြည့်ဝလာစေရန် ရည်ရွယ်သည်ဟုလည်း သိရသည်။

အဆိုပါသင်တန်းကို ထမ့်ယမ်းဒေသရှိ ဆဋ္ဌမတန်းနှင့်အထက် ကျောင်းသူကျောင်းသား စုစုပေါင်း (၁၃၀)ဦး တက်ရောက်လာသည်ကို တွေ့ရသည်။ သင်တန်းစတင်ဖွင့်လှစ်သည့်ရက်တွင် ထမ့်ယမ်းကျောင်းတိုက်မှ အရှင်ဝိမလ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဆီဆိုင်မြို့နယ် အတွင်းရေးမှူး ဦးခွန်အောင်ကျော်မြင့် (ဆရာဖျော်)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ နိုင်ငံတကာဆက်ဆံရေးဌာန၊ ဌာနမှူး (ပီတိဆရာကွန်ရက်၊ အလုပ်မှုဆောင်အဖွဲ့ဝင်) ခွန်လှစိုးတို့မှ ကျောင်းသူကျောင်းသားများအတွက် အသိပေးစကားများနှင့် အားပေးစကားများကို အသီးသီး ပြောကြားပေးခဲ့ကြသည်။

ခွန်ဟံသာ

Powered by Blogger.