တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ မေလ (၂၃)ရက်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကျေးရွာရှိ နံနက် (၁၁း ၁၅) နာရီအချိန်တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီး ဦးလှဦး၊ ပအိုဝ်းကိုယ်အုပ်ချုပ်ခွင့်ရဒေသ ဦးစီး ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဦးခွန်မောင်ပယ်၊ ဦးခွန်လှသိန်း၊ သက်ဆိုင်ရာအစိုးရဌာနဆိုင်ရာများတို့သည် အမျိုးသမီးအိမ်တွင်းမှုအသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ဆိုက်ခေါင်)တွင် သင်တန်းများကျောင်း ဖွင့်လှစ်ပေးမည့် အခြေအနေကွင်းဆင်းကြည့်ရှုခဲ့ပါသည်။
ထိုသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ ၁။ ပြည်ထောင်စုတိုင်းရင်းသူလေးများသည် ပညာရှာမှီးရင်း တိုင်းရင်သူအချင်းချင်း ပိုမိုစည်းလုံးချစ်ခင်လျက် ပြည်ထောင်စုစိတ်ဓာတ်ခိုင်မြဲသည့် တိုင်းရင်းသူလေးများ ဖြစ်လာစေရန်။
၂။ နယ်စပ်ဒေသနှင့် ဆင်းရဲနွမ်းပါးသောဒေသများရှိအိမ်တွင်းမှုသက်မွေးဝမ်းကြောင်း ပညာရပ်များ သင်ကြားပေးစေရန်နှင့် သင်ကြားတတ်မြောက်သည့် အသက်မွေးဝမ်းကျောင်း ပညာရပ်များဖြင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းထူထောင်နိုင်သည်အထိ ကူညီဆောင်ရွက်ပေးရန်။
၃။ တိုင်းချစ်၊ ပြည်ချစ်၊ အမျိုးချစ် အစဉ်ရှင်သန်ထက်မြတ်နေသည့် အမျိုးသမီးလေးများဖြစ်လာစေရန်။
၎။ အိမ်တွင်းမှုပညာရပ်များ သင်ကြားပေးခြင်းဖြင့် အလုပ်အကိုင်အခွင့် အလမ်းများရရှိပြီး စားဝတ်နေရေးဘက်စုံတိုးတက်၍ လူနေမှုအဆင့်အတန်းမြင့်မားလာစေရန်။
၅။ အမျိုးဂုဏ်၊ ဇာတိဂုဏ် စောင့်ထိန်းပြီး အကျင့် စာရိတ္တကောင်းမွန်သည့် အမျိုးသမီးများဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ပေးပါသည်။
Crd# Pa-O Region News(fb)
Like On Facebook
Follow On Twitter
Subscribe On RSS