Sunday, May 12, 2019

ထာဝရငြိမ်းချမ်း​ရေး​စေတီ​တော်​​တွင်​ ကိန်းဝပ်​စံပယ်​​တော်​မူမည့်​​စကျင်​​ဗုဒ္ဓရုပ်​ပွား​တော်​များ ဟိုပုံးမြို့သို့ ​ဒေသစာရီကြွချီအပူ​ဇော်​ခံ

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ မေလ (၁၃)ရက်






ပြည်​​ထောင်​စုနယ်​​မြေ၊ ​နေပြည်​​တော်​ရှိ ဒက္ခိဏသီရိမြို့နယ်​၊ ကံ့​ကော်​အဝိုင်းအနီးတွင်​ တည်​ထားကိုးကွယ်​မည့်​ထာဝရ ငြိမ်းချမ်း​ရေး​စေတီ​တော်​တွင်​ ကိန်းဝပ်​စံပယ်​​တော်​မူမည့်​ စကျင်​​ဗုဒ္ဓရုပ်​ပွား​တော်​များ၊ ရတနာစိန်​ဖူး​တော်​၊ ငှက်​မြတ်​နား​တော်​၊ ​ရွှေထီး​တော်​ဘုံအဆင့်​အဆင့်​တို့သည်​ ​တောင်​ကြီးမြို့မှ လွိုင်​​ကော်​မြို့သို့​ ​ဒေသစာရီကြွချီအပူ​ဇော်​ခံမည်​ဖြစ်​ရာ ရှမ်းပြည်​နယ်​(​တောင်​ပိုင်း)၊ ပအိုဝ်းကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်​ရ​ဒေသ၊ ဟိုပုံးမြို့သို့ ​မေလ (၁၂) ရက်​နံနက်​ (၈း၁၅) မိနစ်​အချိန်​တွင်​ ​ရောက်​ရှိလာပြီး ဟိုပုံးမြို့၏ အထင်​ကရ​နေရာတစ်​ခုဖြစ်​သည့်​ သီရိမင်္ဂလာ​ရွှေချမ်းသာ​မွေ​တော်​ဘုရားကြီး​ဗိမာန်​​တော်​၌ ​​ခေတ္တကိန်းဝပ်​စံပယ်​​ရာ ဟိုပုံးမြို့နယ်​အုပ်​ချုပ်​​ရေးမှူး ဦးနန်းတင့်​နှင်​ ဌာနဆိုင်​ရာမှ တာဝန်​ရှိသူများ၊ ဆရာ/ဆရာမများ၊ အလှူရှင်​ဒါယကာ၊ ဒါယိကာမများတို့က ဖူး​မြော်​ကြည်​ညိုကြပြီး အလှူ​ငွေ (၇၁၃၀၀၀)ကျပ်​အား ထည့်​ဝင်​လှူဒါန်းကြသည်​။

ဆက်​လက်​၍ ပြည်​​ထောင်​စုလမ်းမကြီး၊ ဟိုပုံး-လွိုင်​​ကော်​ကားလမ်းအတိုင်းလှည့်​လည်​အပူ​ဇော်​ခံပြီးလွိုင်​​ကော်​မြို့သို့ ဆက်လက် ​​​ဒေသစာရီကြွချီအပူ​ဇော်​ခံမည်​ဖြစ်​​ကြောင်း သိရသည်​။

ထက်​ထက်​(ဟိုပုံး)
09252795079
Powered by Blogger.