Saturday, June 15, 2019

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရှေးဟောင်းမွှေတော်ကက္ကူဘုရားအား လာရောက်ဖူးမြော်ခဲ့ပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားပြုလုပ်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၅) ရက်

















၂၀၁၉-ခုနှစ်၊ ဇွန်လ (၁၅)ရက်နေ့၊ နံနက် (၉း၃၀)အချိန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တပ်မတော် အရာရှိပုဂ္ဂိုလ်များက ကျောက်တလုံးကြီးမြို့နယ်၊ ရှေးဟောင်းမွေတော်ကက္ကူဘုရားအား လာရောက်ဖူးမြော်ကြည်ညိုခဲ့ပြီးနောက် ပအိုဝ်းအမျိုးသား ခေါင်းဆောင်ကြီး ဦးအောင်ခမ်းထီနှင့် ဒေသခံတောင်သူများအား မွေတော်ကက္ကူကျောင်း ဓမ္မာရုံတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင်  ကျောက်တလုံးကြီးမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးစောချမ်းက ကျောက်တလုံးကြီးမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးလုပ်ဆောင်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီးနောက်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအဖွဲ့ဦးစီးဥက္ကဋ္ဌ ကိုယ်စား ဒေသဦးစီးအဖွဲ့ဝင် ဦးခွန်လှသိန်းက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေး စသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ဆောင်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်းသိရသည်။

ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် တိုင်းရင်းသား ဒေသအားလုံးတပြေးညီ တိုးတက်စေလိုပါကြောင်း၊ မည်သည့်တိုင်းရင်းသားနယ်မြေမဆို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအတွက် တပ်မတော်က ကူညီပေးဖို့၊ အကြံဥာဏ်ပေးဖို့၊ ပူးပေါင်းဆောင်ရွက်ပေးဖို့ အဆင်သင့် ရှိပါကြောင်း၊ တပ်မတော်သည် တိုင်းပြည်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း၊  တပ်မတော်သားများသည် ပြည်သူတွေအတွက် တစ်စိတ်တစ်ပိုင်း ဖြစ်ပါကြောင်း၊ ပြည်ပသို့သွားရောက် လုပ်ကိုင်စားသောက်မည့်အစား မိမိဒေသအတွင်း၌ ရင်းနှီးမြုပ်နှံလုပ်ကိုင်စားသောက်နိုင်ရန်အတွက် ကြိုးစားသင့်ကြောင်း၊ မည်သည့်တိုင်းရင်းသားမဆို လုပ်ဆောင်ခွင့်၊ ဖန်တီးပိုင်ခွင့် အားလုံးမိမိလက်ထဲတွင်သာရှိပါကြောင်း၊ တိုင်းပြည်တစ်ပြည်တိုးတက်ရန်အတွက် ပညာတတ်များ များစွာရှိရန်လိုအပ်ပါကြောင်း၊ ပညာရေးနှင့်ပတ်သက်ပြီး အားပေးကြရန် တိုက်တွန်းလိုပါကြောင်း၊ ကျန်းမာရေးသည်လည်း အဓိကဖြစ်ပါကြောင်း၊ အစားအသောက်ကြောင့် ကျန်းမာရေးထိခိုက်မှုမရှိအောင် သတိထားကြရန် လိုအပ်ကြောင်း၊မိမိဒေသအတွင်းထွက်ရှိသော ထုတ်ကုန်သီးနှံများကို တန်ဖိုးမြှင့်သီးနှံဖြစ်အောင် ကြိုးစားလုပ်ဆောင်ရန် လိုအပ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများစနစ်တကျ အောင်မြင်ရန်ကြိုးစားလုပ်ဆောင်ရန်လိုအပ်ပါကြောင်း၊ သစ်တောပြုန်းတီးမှုမဖြစ်အောင် ထိန်းသိမ်းရန်လိုအပ်ကြောင်း စသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အမှာစကားအသီးသီးပြောကြားခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော်အရာရှိများ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချူပ်(PNO) အသွင်ပြောင်း ပြည်သူ့စစ်ဌာနေမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဒေသခံ ရပ်မိရပ်ဖများတက်ရောက်ခဲ့ကြောင်းသိရပါသည်။

နေ့လည် (၁း၃၀) အချိန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တပ်မတော်အရာရှိ ပုဂ္ဂိုလ်များက  အထူးဒေသ(၆)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကျောက်တလုံးကြီးမြို့နယ်၊ အောင်ဆုဗွေ စိုက်ပျိုးရေးနှင့်ဝက်မွေးမြူရေးစခန်းတွင် နန္ဒကျော်စွာကုမ္ပဏီများအုပ်စုမှ လက်ရှိလုပ်ဆောင်နေသည့် ၀က်မွေးမြူရေးလုပ်ငန်းအခြေအနေများကို သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ခွန်ယံသေ

Powered by Blogger.