ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ နောင်တောင်းတပ်ဦးပရဟိတကျောင်း ယနေ့ နံနက် ( ၈း၀၀) နာချိန်အချိန်တွင် သင်တန်းအခမ်းအနားဖွင့်လှစ်ခဲပါသည်။
အခမ်းအနားတွင် လွယ်တင်းဆရာတော် ဘဒ္ဒန္တနိမ္မလမှ အဖွင့်အမှာစကားပြောကြားတွင် ယခုတက်ရောက်လာသည့်သင်တန်းသား/သူများသည် မိမိတို့ကျေးရွာတွင် တာဝန်ထမ်းဆောင်နေသည့် ပုဂ္ဂိုလ်များဖြစ်သည့် အတွက် ယခုသင်တန်းသည် မိမိကိုယ်ကို သိရှိလာပြီး စွမ်းရည်မြင့်လာစေရန်နှင့် အဆိုပါသင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်မှာ ရပ်ရွာဖွံ့ဖြိုးရေးလုပ်ငန်းဖြစ်သော လူမှုရေး၊ ပညာရေး၊ စီးပွားရေး ၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွင် တစ်ဦးချင်းစီစွမ်းရည်တိုးတက်လာပြီး ရပ်ရွာဖွံ့ဖြိုးရေးလုပ်ငန်းတွင် ထဲထဲဝင်ဝင်စည်းစည်းလုံးလုံး ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန် ရည်ရွယ်၍ဖွင့်လှစ်ကျင်းပကြောင်းပြောကြားခဲ့ပါသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေမှ လက်ရှိနိုင်ငံရေးအခြေအနေ၊ ပအိုဝ်းအမျိုးသားရေးအခြေနေ၊ လွှတ်တော်မှ လုပ်ငန်းဆောင်ရွက်ချက်များ၊ ပအိုဝ်းအမျိုးသားများ လက်ရှိလုပ်ငန်းဆောင်ရွက်ချက်များသည် သက်ဆိုင်ရာအမျိုးသားမှ အဖွဲ့ အစည်းများသည် ကဏ္ဍအလိုက် အမျိုးသားတာဝန်များထမ်းဆောင်လျက်ရှိပါကြပါသည်။ မိမိတို့အမျိုသားသည် တည်ဆောက်ရေးကိုသွားနေသည့်လမ်းစဉ်ဖြစ်ကြောင်း၊ မိမိတို့လူမျိုး အမျိုးသားခေါင်းဆောင်မှ ချမှတ်သည့် လမ်းစဉ်အတိုင်း ယနေ့အထိ ကျေးရွာတိုင်း ကျင့်သုံးလျက်ရှိပါသည်။ သို့ဖြစ်၍ ယခုသင်တန်းသို့တက်ရောက်သည့် လူကြီးမင်းတို့သည်လည်း ကျေးရွာ၏ တာဝန်ရှိသူများဖြစ်သည့် အတွက် ယခုသင်တန်းနှင့် ရရှိသောသင်ခန်းစာများကို လက်တွေ့အသုံးချသွားသင့်ကြောင်း ယခုသင်တန်းသည် လွန်စွာအရေးကြီးကြောင်း စိတ်ဝင်စားစွာ သင်ယူကြရန် ပြောကြားခဲ့ပါသည်။
ယခုသင်တန်းကို ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ်၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ကလောမြို့နယ်၊ လွိုင်လင်မြို့နယ်၊ မောက်မယ်မြို့နယ်၊ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးမြို့နယ်မှ ကျေးရွာခေါင်းဆောင်များ စုစုပေါင်းလူဦးရေကျား (၁၅၃)ဦး၊ မ (၄၇) ဦး၊ စုစုပေါင်း(၂၀၀)ဦး တက်ရောက်ကြောင်း သင်တန်းကို ၂၀၁၉-ခုနှစ်၊ ဇွန်လ (၁၇ )ရက်နေ့မှ (၁၉) ရက်အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
Khunhtone
Like On Facebook
Follow On Twitter
Subscribe On RSS