Thursday, June 20, 2019

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေး နေ့အထိမ်းအမှတ်(အကြို) အထက်တန်း အဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပ

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၁)ရက်




ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ဟိုပုံးမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဇွန်လ(၂၀)ရက် နေ့လည်(၂း၀၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

မနက်ပိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဦးစီးမှူး ဒေါ်နန်းခမ်းခြူးက စာစီစာကုံး ပြိုင်ပွဲနှင့်ပက်သက်၍ အမှတ်ပေးစည်းမျဉ်းစည်းကမ်းအား ရှင်းလင်းပြောကြားပြီး အ.ထ.က(၁)၊ (၂)၊ အ.ထ.က(ပေါင်လင်း)ကျောင်း၊ အ.ထ.က(စမ်းစုတ်)ကျောင်း၊ အ.ထ.က(ခွဲ)ဆိုက်ခေါင်ကျောင်းတို့မှ ကျောင်းသား/သူ(၅၀)ဦး ၀င်ရောက်ယှဉ်ပြိုင်ကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲကို ဟိုပုံးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ် ပညာရေးမှူး ဒေါ်အေးအေးဝင်းက ထပ်ဆင့်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်နန်းခမ်းခြူးက စာစီစာကုံးပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်နှင့် ပက်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆု(၁) ၊ (၂) ရရှိသောကျောင်းသား/သူများကို ဟိုပုံးမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့က အသီးသီးဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

ပြန်/ဆက်(ဟိုပုံး)
Powered by Blogger.