Thursday, July 11, 2019

တိုင်းကောင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းကို အထက်တန်းကျောင်း(ခွဲ)အဆင့် တိုးမြှင့်ဖွင့်လှစ်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၁)ရက်





ယခုနှစ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ လွယ်ယဲကျေးရွာအုပ်စု၊ တိုင်းကောင်ကျေးရွာ အခြေခံပညာ အလယ်အတန်းကျောင်းကို အခြေခံပညာအထက်တန်းကျောင်း (ခွဲ)အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ခဲ့ပြီး အထက်တန်းကျောင်း(ခွဲ)အဆင့် တိုးမြှင့်ဖွင့်လှစ်ခြင်း အခမ်းအနားကို ဒီကနေ့ ဇူလိုင်လ (၁၁) ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ အခမ်းအနားတွင် နမ့်စန်မြို့နယ်၊ ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေ၊ လွိုင်လင်၊ ခရိုင်ပညာရေးမှူး ဦးစိုင်းမြင့်ဦး၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းခမ်းဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထိုက်မြင့်၊ (PNO)ဗဟိုစစ်ကော်မတီနာယကအဖွဲ့ဝင် အဘဦး ဆရာယိုင်း၊ ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဆက်ဆံရေးတာဝန်ခံ ဗိုလ်မှူးခွန်သာထွန်း၊ လွယ်ချယ်နဂါး သတ္တုတူးဖော်ရေးကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဦးခွန်သက်ထွန်းနှင့် အ.ထ.က(ခွဲ)လွယ်ယင်းကျောင်းအုပ် ဦးဝင်းကြိုင်တို့မှ တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးခဲ့ပါကြောင်းသိရှိရပါသည်။

ယခုလက်ရှိ တိုင်းကောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျောင်းသား/သူ ဦးရေ (၂၂၁)ဦးရှိပြီး ဆရာ/မ (၁၆)ဦးရှိသည့်အနက် (၃)ဦးမှာ ဒေသခံလူထုများက ခန့်အပ်ထားကာ ယခုနှစ်တွင် ပအိုဝ်းနှင့် ရှမ်းတိုင်းရင်းသားစာပေများကိုပါ သင်ကြားရန် အစီအစဉ်ရှိကြောင်း၊ တိုင်းကောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ကို နမ့်စန်မြို့နယ်ရှိ ကျေးရွာပေါင်း (၉) ရွာတို့မှ အမှီပြု တက်ရောက်နေ လျက်ရှိကြောင်း ဒေသခံခွန်လွန်းကျော်ထံမှ သိရသည်။

နဂ့ါခွန်
Powered by Blogger.