တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၈)ရက်
၂၀၁၉-ခုနှစ်၊ သြဂုတ်လ (၈)ရက်နေ့ တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံအတွင်း နံနက် (၈း၃၀) အချိန်တွင် (၃၁) နှစ်မြောက် ၈၈၈၈ နှစ်ပတ်လည် အခမ်းအနားကို ပြုလုပ်ကျင်းပကြောင်းသိရှိရပါသည်။
ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသော ၈၈၈၈ ကျောက်တိုင်အား အလေးပြု ပြီးနောက် ၈၈၈၈-အရေးတော်ပေါ်အတွင်း ကျဆုံးခဲ့ကြသော ရဟန်းရှင်လူပြည်သူများအား ဝမ်းနည်းခြင်းအထိမ်းအမှတ် ၈၈-စက္ကန့် ငြိမ်သက်ဂါရဝပြု ကြပါသည်။
ထို့နောက် ၈၈၈၈ ဆရာတော် ဦးခေမာနန္ဒမှ အဖွင့်အမှာစကားပြောကြားပြီးနောက် ၈၈၈၈ အရေးတော်ပုံနှင့်ပတ်သက်သည့် အကြောင်းအရာများကို ဦးစိုင်းမျိုးမြင့်မှ၎င်း၊ အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာ ဦးထွန်းလှိုင်မှ၎င်း၊ ဒေါက်တာအောင်ကျော်မှ၎င်း၊ ဆရာဦးမောင်မောင်သန်းမှ၎င်း အကျယ်တဝင့်ရှင်းလင်းပြောကြားပေးခဲ့ပါသည်။
အရေးတော်ပုံအတွင်း ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများကို ဆရာဦးစိုးဝင်းမှ ရှင်းလင်းတင်ပြကာ ဒေါ်ခင်မို့မို့မှ ကော်မတီကိုယ်စား ကျေးဇူးတင်စကားပြောကြားပြီးနောက် အခမ်းအနားကို ပြန်လည်ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
ခွန်အောင်ထွိုက်ဗွေ
Like On Facebook
Follow On Twitter
Subscribe On RSS