Thursday, August 22, 2019

လူထုဗဟိုပြုစီမံကိန်းမှ နှစ်အလိုက်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ကျန်းမာရေးကဏ္ဍနှင့် ပညာရေးကဏ္ဍဆိုင်ရာအဆောက်အဦများကို သက်ဆိုင်ရာဌာနများသို့လွှဲပြောင်းပေးအပ်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၃)ရက်




ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်းမှ စီမံကိန်းပထမနှစ်စက်ဝန်း၊ ဒုတိယနှစ်စက်ဝန်းနှင့် တတိယနှစ်စက်ဝန်းတို့တွင် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့သော စီမံကိန်းလုပ်ငန်းခွဲများ ဖြစ်သည့် ကျန်းမာရေး၊ ပညာရေးနှင့်သက်ဆိုင်သည့် အခြေခံအဆောက်အဦးများကို ရေရှည်တည်တံ့ခိုင်မြဲရေး အတွက် ဆက်လက်ထိန်းသိမ်းသွားနိုင်စေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လူထုဗဟိုပြုစီမံကိန်းမှ မြို့နယ်အဆင့် နှစ်အလိုက်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ကျန်းမာရေးကဏ္ဍနှင့် ပညာရေးကဏ္ဍဆိုင်ရာ အဆောက်အဦးများကို သက်ဆိုင်ရာဌာနများသို့လွှဲပြောင်းပေးအပ်ပွဲကို ဩဂုတ်(၂၃) ရက် နံနက် (၁၀း၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေက အဖွင့်အမှာစကားပြောကြားပြီး လူထုဗဟိုပြုစီမံကိန်းမှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ပညာရေးကဏ္ဍဆိုင်ရာ အဆောက်အဦး(၆၇)ခုနှင့် ကျန်းမာရေးကဏ္ဍဆိုင်ရာ အဆောက်အဦး(၁)ခု တို့အား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးအောင်နိုင်ဝင်းက လွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်တင်တင်အေးက ကျေးဇူးတင်စကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးအောင်နိုင်ဝင်းက နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)
Powered by Blogger.