Monday, September 9, 2019

နောင်ဘိုကန်အတွင်းသို့ ငါးကောင်ရေ သုံးသောင်းခန့် စိုက်ထည့်ပေး

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၉)ရက်




ဒေသတွင်းစာနပ်ရိက္ခာဖူလုံစေရန်နှင့် ငါးသယံဇာတပေါကြွယ်ဝစေရန်အတွက် ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ စက်တင်ဘာလ (၉) ရက် နံနက် (၉) နာရီက ဟိုပုံးမြို့ မြို့မဈေးအနီးရှိ နောင်ဘိုကန်တွင် ငါးမျိုးများစိုက်ထည့်ခြင်း အခမ်းအနားကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ရှမ်းပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးဌာနမှူး ဦးကျော်သီဟထွေး၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူ၊၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခွန်ကျော်သိန်းနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြပြီး နောင်ဘိုကန် အတွင်းသို့ ငါးခုံးမကြီး၊ မြက်စားငါးကြင်းနှင့် ငါးမြစ်ချင်း စုစုပေါင်းငါးကောင်ရေ(၃၀၀၀၀)ခန့် စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

ငါးမျိုးတို့ရှင်သန်လာအောင်ဒေသခံတို့ရဲ့တာဝန်ဖြစ်၍ ဘက်ထရီနှင့် ရှော့တိုက်ပြီး ငါးမဖမ်းဖို့နှင့် တရားမဝင် ငါးမဖမ်းဖို့အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက် ပေးသွားမှာဖြစ်ကြောင်း ရှမ်းပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးဌာနမှူး ဦးကျော်သီဟထွေးထံမှ သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)
Powered by Blogger.