Monday, November 18, 2019

ကျောက်တလုံးကြီးတွင် (ပိုပန္တကုန်းတော်) မဟာဗောဓိစေတီတော်မြတ် အထက်ပစ္စယံဌာပနာတော်သွင်း ပူဇော်ခြင်း၊ ဗုဒ္ဓါဘိသေက ဘုရားအနေကဇာတင်ခြင်းနှင့် သံဃာတော် ၅၂၈ပါးတို့အား ဆွမ်းဆန်တော်စိမ်းလောင်းလှူပူဇော်ပွဲ ကျင်းပပြုလုပ်မည်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၈)ရက်


Unicode

အထူးဒေသ(၆)၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် လာမည့် နိုဝင်ဘာလ(၂၀)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ပိုပန္တကို ဂုဏ်ပြုသောအားဖြင့် ပိုပန္တကုန်ုးတော်တွင် တည်းထားလျက်ရှိသော မဟာဝံသ ဗုဒ္ဓဂယာ-မဟာဗောဓိစေတီတော်မြတ်ကြီးအား အထက်ပစ္စယံဌာပနာတော်သွင်း ပူဇော်ခြင်း၊ ဗုဒ္ဓါဘိသေက ဘုရားအနေကဇာတင်ခြင်းနှင့် သံဃာတော် (၅၂၈)ပါးတို့အား ဆွမ်းဆန်တော်စိမ်း လောင်းလှူပူဇော်ပွဲ အခမ်းအနားကို စည်းကားစွာ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်းသိရသည်။

ထို့ကြောင့် ယနေ့ နိုဝင်ဘာလ (၁၈)ရက်၊ မွန်းလွဲ (၁) နာရီအချိန်တွင် မဟာဝံသ ဗုဒ္ဓဂယာ- မဟာဗောဓိ စေတီတော်မြတ်ကြီးအား အထက်ပစ္စယံဌာပနာတော်သွင်း ပူဇော်ရန်အတွက် ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်စင်ဖါအောင်ခမ်းထီ နေအိမ်မှ (ယာယီ)ကိန်းဝပ်စံပယ်ထားသော ဗုဒ္ဓမြတ်စွာဘုရားစွယ်တော်၊ ဓာတ်တော်များကို ပိုပန္တကုန်းတော်သို့ ပင့်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မဟာဗောဓိစေတီတော်မြတ်အထက်ပစ္စယံဌာပနာတော်သွင်း ပူဇော်ခြင်း၊ ဗုဒ္ဓါဘိသေက ဘုရားအနေကဇာတင်ခြင်းနှင့် သံဃာတော် (၅၂၈)ပါးတို့အား ဆွမ်းဆန်တော်စိမ်း လောင်းလှူပူဇော်ပွဲကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ပြည်ထောင်စုဝန်ကြီး (၅) ဦး၊ ဒုဝန်ကြီး (၂) ဦးလည်း လာရောက်ပူဇော်ဖူးမျော်မည် ဖြစ်ကြောင်းသိရသည်။

ပအိုဝ်းအမျိုးသားခေါင်းဆောင် ဘုရားဒါကာ ဖြားတန်စင်ဖါအောင်ခမ်းထီ၏ ပြောကြားချက်အရ ပအိုဝ်းအမျိုးသားများကို ဦးဆောင်ခဲ့သည့် ပိုလ်;ကျော;ခေါင်;၊ ပိုလ်;ကျော;ဦး၊ ပိုလ်;ကျော;လ၊ ပိုလ်;ပန္တတို့ (၄)ဦးတို့သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ လားရှိုး၊ ကျူကုတ်၊ နမ့်စန်၊ ကျေးသီး၊ မန်စန်၊ ကျုံလောဝ်၊ မိုင်းကိုင်၊ ကောင်ဖိုးဖြိန်း၊ စင်းသင်း၊ ကောင်မုံး၊ ကောင်နောက်၊ ထီတခု၊ နောင်ဒေ၊ နမ်းဟူ၊ ထီဖူ၊ ရန်ကင်း၊ မျင်မိုရ်;ခမ်း၊ ထီဖူတန်၊ ဟိုပုံး၊ တောင်တီး(ခေါ်) တောင်ကြီးကို ဖြတ်ကျော်လာပြီး တောင်ကြီးမြို့တောင်ပိုင်း ကျေးရွာများကို အသီးသီးဖွဲ့စည်းကာ အခြေချနေထိုင်ခဲ့ကြောင်း သိရသည်။

 ယခုအခါ ထိုခေါင်းဆောင်(၄)ဦးကို ဂုဏ်ပြုသောအားဖြင့် ဖါမွန်းရွာကို တည်ထောင်ခဲ့သူ ပိုလ်;ကျော;ခေါင်းကို ရည်စူး၍ ဖါမွန်းကျေးရွာတွင် “ကျော;ခေါင်”ဘုရားဟု သော်လည်းကောင်း၊  ထီရီးကျေးရွာကို တည်ထောင်ခဲ့သူ ပိုလ်;ကျော;ဦးကို ရည်စူး၍ ထီရီးကျေးရွာ အရှေ့ရှိ စေတီကို “ပိုလ်;ကျော;ဦး”စေတီဟု သော်လည်းကောင်း၊ နောင်ခုဲင်း၊ ဆောင်းဖိုးရွာကို တည်ထောင်ခဲ့သူ ပိုလ်;ကျော်လကို ရည်စူး၍ နောင်ခုဲင်းကျေးရွာ အနောက်ဘက်တွင် “ပိုလ်;ကျော;လ”ဘုရား ဟုသော်လည်ကောင်း၊ ယခုအခါ ကျောက်တလုံးကြီးမြို့၊ ပင်တွန်၊ ထီခေါင်ရွာကို တည်ထောင်ခဲ့သူ ပိုလ်;ပန္တကို ရည်စူး၍ ကျောက်တလုံးကြီးမြို့၊ ကျောက်တလုံးဆည် မြောက်ဘက်တွင် “ပိုလ်;ပန္တ” စေတီဟု သော်လည်းကောင်း စေတီတော်အသီးသီးတည်ထား ဂုဏ်ပြုပေးခဲ့ကြောင်း သိရှိရသည်။

နဂါ့ခွန်

zawgyi
ေက်ာက္တလံုးႀကီးတြင္ (ပိုပႏၱကုန္းေတာ္) မဟာေဗာဓိေစတီေတာ္ျမတ္ အထက္ပစၥယံဌာပနာေတာ္သြင္း ပူေဇာ္ျခင္း၊ ဗုဒၶါဘိေသက ဘုရားအေနကဇာတင္ျခင္းႏွင့္ သံဃာေတာ္ ၅၂၈ပါးတို႔အား ဆြမ္းဆန္ေတာ္စိမ္း ေလာင္းလွဴပူေဇာ္ပြဲ က်င္းပျပဳလုပ္မည္


အထူးေဒသ(၆)၊ ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးခရိိုင္၊ ေက်ာက္တလံုးႀကီးၿမိဳ႕တြင္ လာမည့္ ႏိုဝင္ဘာလ(၂၀)ရက္၊ ဗုဒၶဟူးေန႔တြင္ ပိုပႏၱကို ဂုဏ္ျပဳေသာအားျဖင့္ ပိုပႏၱကုန္ုးေတာ္တြင္ တည္းထားလ်က္ ရွိေသာ မဟာဝံသ ဗုဒၶဂယာ-မဟာေဗာဓိေစတီေတာ္ျမတ္ႀကီးအား အထက္ပစၥယံဌာပနာေတာ္သြင္း ပူေဇာ္ျခင္း၊ ဗုဒၶါဘိေသက ဘုရားအေနကဇာတင္ျခင္းႏွင့္ သံဃာေတာ္ ၅၂၈ပါးတို႔အား ဆြမ္းဆန္ေတာ္စိမ္း ေလာင္းလွဴပူ ေဇာ္ပြဲ အခမ္းအနားကို စည္းကားစြာ က်င္းပျပဳလုပ္မည္ ျဖစ္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ယေန႔ ႏိုဝင္ဘာလ (၁၈)ရက္၊ မြန္းလြဲ ၁ နာရီအခ်ိန္တြင္ မဟာဝံသ ဗုဒၶဂယာ- မဟာေဗာဓိ ေစတီေတာ္ျမတ္ႀကီးအား အထက္ပစၥယံဌာပနာေတာ္သြင္း ပူေဇာ္ရန္အတြက္ ပအိုဝ္းအမ်ိဳးသား ေခါင္းေဆာင္ ျဖားတန္စင္ဖါေအာင္ခမ္းထီ ေနအိမ္မွ (ယာယီ)ကိန္းဝပ္စံပယ္ထားေသာ ဗုဒၶျမတ္စြာဘုရား စြယ္ေတာ္၊ ဓာတ္ေတာ္မ်ားကို ပိုပႏၱကုန္းေတာ္သို႔ ပင့္ေဆာင္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ မဟာေဗာဓိေစတီေတာ္ျမတ္ အထက္ပစၥယံဌာပနာေတာ္သြင္း ပူေဇာ္ျခင္း၊ ဗုဒၶါဘိေသက ဘုရားအေနကဇာတင္ျခင္းႏွင့္ သံဃာေတာ္ ၅၂၈ပါးတို႔အား ဆြမ္းဆန္ေတာ္စိမ္း ေလာင္းလွဴပူေဇာ္ပြဲကို ႏိုင္ငံ ေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္တကြ ျပည္ေထာင္စုဝန္ႀကီး ၅ ဦး၊ ဒုဝန္ႀကီး ၂ ဦးလည္း လာေရာက္ပူေဇာ္ဖူးေမ်ာ္မည္ ျဖစ္ေၾကာင္း သိရသည္။

ပအိုဝ္းအမ်ိဳးသားေခါင္းေဆာင္ ဘုရားဒါကာ ျဖားတန္စင္ဖါေအာင္ခမ္းထီ၏ ေျပာၾကားခ်က္အရ ပအို၀္းအမ်ိဳးသားမ်ားကို ဦးေဆာင္ခဲ့သည့္ ပိုလ္;ေက်ာ;ေခါင္;၊ ပိုလ္;ေက်ာ;ဦး၊ ပိုလ္;ေက်ာ;လ၊ ပိုလ္;ပႏၱတို႔ (၄)ဦးတို႔သည္ တရုတ္ႏိုင္ငံ၊ ယူနန္ျပည္နယ္မွ လားရႈိး၊ က်ဴကုတ္၊ နမ့္စန္၊ ေက်းသီး၊ မန္စန္၊ က်ံဳေလာ၀္၊ မိုင္းကိုင္၊ ေကာင္ဖိုးၿဖိန္း၊ စင္းသင္း၊ ေကာင္မံုး၊ ေကာင္ေနာက္၊ ထီတခု၊ ေနာင္ေဒ၊ နမ္းဟူ၊ ထီဖူ၊ ရန္ကင္း၊ မ်င္မိုရ္;ခမ္း၊ ထီဖူတန္၊ ဟိုပံုး၊ ေတာင္တီး(ေခၚ) ေတာင္ႀကီးကို ျဖတ္ေက်ာ္လာၿပီး ေတာင္ႀကီးၿမိဳ႕ေတာင္ပိုင္း ေက်းရြာမ်ားကို အသီးသီးဖြဲ႔စည္းကာ အေျခခ်ေနထိုင္ခဲ့ေၾကာင္း သိရသည္။

 ယခုအခါ ထိုေခါင္းေဆာင္(၄)ဦးကို ဂုဏ္ျပဳေသာအားျဖင့္ ဖါမြန္းရြာကို တည္ေထာင္ခဲ့သူ ပိုလ္;ေက်ာ;ေခါင္းကို ရည္စူး၍ ဖါမြန္းေက်းရြာတြင္ “ေက်ာ;ေခါင္”ဘုရားဟု ေသာ္လည္းေကာင္း၊  ထီရီးေက်းရြာ ကို တည္ေထာင္ခဲ့သူ ပိုလ္;ေက်ာ;ဦးကို ရည္စူး၍ ထီရီးေက်းရြာ အေရွ႕ရွိ ေစတီကို “ပိုလ္;ေက်ာ;ဦး”ေစတီ ဟု ေသာ္လည္းေကာင္း၊ ေနာင္ခဲုင္း၊ ေဆာင္းဖိုးရြာကို တည္ေထာင္ခဲ့သူ ပိုလ္;ေက်ာ္လကို ရည္စူး၍ ေနာင္ခဲုင္း ေက်းရြာ အေနာက္ဘက္တြင္ “ပိုလ္;ေက်ာ;လ”ဘုရား ဟုေသာ္လည္ေကာင္း၊ ယခုအခါ ေက်ာက္တလံုးႀကီးၿမိဳ႕၊ ပင္တြန္၊ ထီေခါင္ရြာကို တည္ေထာင္ခဲ့သူ ပိုလ္;ပႏၱကို ရည္စူး၍ ေက်ာက္တလံုးႀကီးၿမိဳ႕၊ ေက်ာက္တလံုးဆည္ ေျမာက္ဘက္တြင္ “ပိုလ္;ပႏၱ” ေစတီဟု ေသာ္လည္းေကာင္း ေစတီေတာ္ အသီးသီးတည္ထား ဂုဏ္ျပဳေပးခဲ့ ေၾကာင္း သိရွိရသည္။


နဂါ့ခြန္
Powered by Blogger.