Photo- Credit
Unicode
တောင်သူလယ်သမားတို့သည် လယ်ယာလုပ်ငန်းကလွှဲ၍ဘယ်အလုပ်ကိုမျှမလုပ်ဘဲ လယ်ယာ လုပ်ငန်းကိုသာ လုပ်ကိုင်လိုကြသည်။ လယ်ယာလုပ်ငန်းလုပ်ကိုင်ရသည်မှာ သက်သာလားဟု မေးစရာရှိ သည်။ အမှန်အတိုင်းဖြေရလျှင် အလွန်ကိုပင်ပန်းနေသည်။ လူကြီးတို့၏စကားအတိုင်းပြောဆိုရလျှင် “ လယ်ဆိုသည့် အတိုင်း အလုပ်ကလည်နေသည်။ လည်နေသည်ဆိုသည်အဓိပ္ပာယ်ဖွင့်ဆိုချက်လည်း သိချင်နေပါလိမ့်မည်။ လယ်သမားများ လည်နေရသည့်အကြောင်းရင်းကို တင်ပြပါမည်။”
တောင်သူလယ်သမားများသည် စပါးမစိုက်ခင် ပထမဦးစွာ ပြင်ဆင်မှုများပြုလုပ်ရပါသည်။ အကြောင်းမှာ နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံး စုထားရသည်။ ကျွဲချေး၊ နွားချေးများကိုစု၍ လှည်းပေါ်တင်ပြီး လယ်ကွက်ထဲကို ထည့်ရသည်။ ဤလုပ်ဆောင်ချက်များသည် မြေသြဇာချသည်ဟုခေါ်သည်။ ထိုသို့ လုပ်ဆောင်နေရခြင်းမှာ တစ်ရက်၊ နှစ်ရက်နှင့်ပြီးဆုံးသွားသော အလုပ်မဟုတ်ဘဲ တစ်လနီးပါး လုပ်ဆောင်နေရသော အလုပ်ဖြစ်သည်။ ထိုထက်မကသေးဘဲ လယ်ကွက်ထဲကို မြေသြဇာများချသည့်အခါ မနက်စောစောနှင့် ညနေပိုင်းတို့တွင် လုပ်ဆောင်တတ်ကြသည်။ နေ့ခင်းပိုင်းတွင် လယ်တဲကို ပြုပြင်တည်ဆောက်နေရသည်။ လယ်တဲတည်ဆောက်ပြုပြင်ခြင်းသည် သေသေချာချာ စနစ်တကျပြုပြင်ခြင်း ဖြစ်သည်။
လယ်တဲတွင် နွားများတစ်မိုးလုံးနေထိုင်ရန်ဖြစ်သကဲ့သို့ လူများလည်း ထိုတဲတွင်နေထိုင်ကြရန်ဖြစ်သည်။ လယ်တဲတွင် လူများနေထိုင်ရန်အခန်းပါရှိသည်။ ထို့ကြောင့် လယ်တဲကိုလယ်သမားများက အခိုင်အခန့် ဆောက်လုပ်ထားလေသည်။ လယ်တဲပြင်ပြီးသည်နှင့် ကျွဲ၊ နွားများစားရန် ကောက်ရိုးများကို စနစ်တကျပြုပြင်ရသည်။ အချို့ကောက်ရိုးပုံများကို အမိုးမိုးထားပေးရသည်ဖြစ်သောကြောင့် အမိုးကို လယ်တဲမိုးကာနှင့် ကိုင်းရွက်များဖြင့်မိုးထားရသည်။ ကိုင်းရွက်ကို ဤအတိုင်းထားမိုး၍မရပေ၊ ဓား၊ သုံးစိပ်ကို အပေါ်အောက်ထားပြီး ကိုင်းပျစ်ပြုလုပ်ရသည်။
လယ်သမားများသည် တဲထိုးပြီးလျှင်ထွန်တုံးဝင်ရသည်။ ထွန်တုံးကို မြန်မာပြည်သူအများစု သိမြင်ကြလိမ့်မည်။ ထွန်တုံးသည် ထည်စာခဲများကိုခွဲထုတ်ပေးသကဲ့သို့ အမှိုက်များကို သယ်ယူသည့်အခါ အထောက်အကူဖြစ်စေခြင်းနှင့် လယ်ကွက်မြေမျက်နှာပြင်ကို ညီအောင်ပြုလုပ်သည့်အခါ အသုံးပြုခြင်း ဖြစ်သည်။ လယ်သမားများသည်လယ်မြေသစ်များဖော်ထုတ်သကဲ့သို့ စိုက်ပျိုးထားသည့် စပါးခင်းများကို လည်း ဂရုစိုက်နေရသည်။ စပါးခင်းများကို ကျွဲ၊ နွားများလာရောက်ဖျက်ဆီးခြင်းမရှိရလေအောင် စောင့်ကြည့်ထိန်း ကျောင်းနေရသေးသည်။ ခေတ်ကာလနှင့်အညီ ယခုအခါတွင် ခြံစည်းရိုးများလည်း ကာရံထား ခြင်းမျိုးမရှိဘဲ ရိုးသားသော ကျေးရွာနေတောင်သူများ၏သဘာဝအတိုင်း တံခါးမရှိဓါးမရှိ ဟာလာဟင်းလင်း ရှိသည့် အတိုင်း ကျူးကျော်မှုမရှိရလေအောင် ထိန်းကျောင်းနေရခြင်းဖြစ်သည်။
စပါးရိတ်သိမ်းနေချိန်တွင် မြေပဲ၊ နှမ်း၊ ပဲအမျိုးနှင့်ပြောင်းများကိုစိုက်ပျိုးနိုင်ရန် ထွန်ယက်ကြရပြန်သည်။ ထိုနည်းသူပင် အခြားစိုက်ပျိုးသီးနှံများလည်း တစ်နှစ်ပတ်လုံး နားချိန်မရှိလုပ်ကိုင်နေကြရသည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် အများဆုံးစိုက်ပျိုးသော ထုတ်ကုန်တစ်မျိုးဖြစ်သည့် သနပ်ဖက်ဆိုသည့် စိုက်ပျိုးမှုတစ်ခုတွင်လည်း ထိုနည်းတူပင်လုပ်ကိုင်ရကြောင်းကို အနည်းငယ်ရေးသားပြပါမည်။ သနပ်ဖက်ပင်ဆိုရာတွင် မသိမမြင်ဖူးသူများအတွက် လက်နက်ဖြစ်သော သေနတ်လားဆိုသည့် တွေးတောချက်များလည်းရှိနေသည်ကို စာရေးသူကိုယ်တိုင် အမေးခံရဖူးပါသည်။ ကိုင်စရာလက်နက်မဟုတ်ဘဲ ဖက်တစ်မျိုး အပင်တစ်မျိုးသာဖြစ်ကြောင်း ရှင်းလင်းပြခဲ့ဖူးပါသည်။
သနပ်ဖက်ပင်သည် နှစ်ရည်ပင်ဟုလည်းခေါ်ဆိုနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် တစ်ခါစိုက်ပျိုးထားပြီးလျှင် နှစ်ပေါင်းများစွာ အသက်မွေးဝမ်းကျောင်းပြုနိုင်သည်။ နှစ်ရှည်ပင်ဖြစ်သော်လည်းကျန်နှစ်ရှည် သီးနှံပင်မျိုးမဟုတ်ဘဲ တစ်နှစ်တစ်ခါရိုးတံဖြတ်ပေးပြီး ပြန်လည်ရှင်သန်စေကာ တစ်နှစ်တာကာလအတွက် ပြန်လည်အသုံးပြုကြသည်။ တစ်ချိန်တည်းမှာပင် အပင်များကြားရှိ မြက်ပင်များနှင့်ပေါင်းမြက်ခြောက်များ ကို ရှင်းလင်းပေးရသည်။ ဖြတ်ထားသောရိုးတံများကို သနပ်ဖက်စိုက်တောင်သူများက ထမင်းဟင်းချက် ပြုတ်ရာတွင် ပြန်လည်အသုံးပြုကြသည်။ ထိုသို့အသုံးပြုခြင်းအားဖြင့် သစ်တောပြုန်းတီးမှုကို တစ်ဖက်တစ်လှမ်းထိန်းသိမ်းရာ ရောက်ပါသည်။
ထို့နောက်တစ်ဆက်တည်းမှာပင် တစ်လအတွင်းဖြတ်ထားသော အတက်များပြန်လည်ထွက်ပေါ် ထွက်လာပါသည်။ ထိုအချိန်အတွင်း အပင်အကြားရှိမြေများကိုတူးဆွပေးရသည်။ ထွက်လာသော အတက်များမှ ကြီးထွားရှင်သန်နိုင်ရန် အတက်အများအကြားမှ အပေါ်ဆုံးတွင်ပေါက်သော အတက်များကိုသာ ချန်ထားခဲ့ပြီး ကျန်အတက်များကို ရှင်းလင်းဖယ်ရှားပစ်ရသည်။ ထိုအတက်ထွက်ရှိချိန်မှစ၍ (၃)လလောက် အကြာထားရှိပြီး သနပ်ဖက်လှော်ချိန်ရောက်ရှိလာပါသည်။ သနပ်ဖက်လှော်နိုင်ရန်အတွက် လိုအပ်သော ထင်း၊ သဲကျောက်၊ ဒယ်စသည့်တန်ဆာပလာများ ပြင်ဆင်ထားကြရသည်။
သနပ်ဖက်လှော်ကာလအတွင်း အပင်ပေါ်လိုအပ်သော ပိုးသတ်ဆေး၊ အပင်ကြားအတွင်းရှင်းလင်း ရန်လိုအပ်မှုများကို တစ်နှစ်ပတ်လုံးစဉ်ဆက်မပြတ် လုပ်ဆောင်ပေးနေရသည်။ သနပ်ဖက်လှော်ကာလသည် (၅) လဝန်းကျင်ခန့်ဖြစ်သည်။ သနပ်ဖက်ဖြင့်အသက်မွေးဝမ်းကျောင်းပြုသူများသည် လယ်ယာစိုက် ပျိုးသော တောင်သူများနည်းတူ တစ်နှစ်ပတ်လုံးလုံးပန်းနေရသည်ကို စိုက်ပျိုးဖူးသူတိုင်း သိရှိနိုင်သည်ဆို သော်လည်း စိုက်ပျိုးတောင်သူမဟုတ်သူ လူတန်းစားများအတွက် မခံစားတတ်ပါ။ စျေးနှုန်းအတက်အကျဒဏ်ကိုလည်း ကုန်ကြမ်းစိုက်ပျိုးသော တောင်သူများသာ ခံစားကြရပြီး တစ်ဆင့်ခံပွဲစားများသည် ထိုဒဏ်၏ အရာကို ခံစားရမည်မဟုတ်ပါ။
ကျွန်ုပ်တို့စိုက်ပျိုးတောင်သူများအတွက် ကုန်စျေးနှုန်းတက်ခြင်းသည် မိမိတို့ဝယ်ကုန်များအတွက် သာတက်ပြီး စိုက်ပျိုးထုတ်လုပ်နေသော ကုန်ပစ္စည်းများအတွက် စျေးနှုန်းတက်ခြင်းသည် မရှိသလောက် ရှားပါးနေသည်ကို နှစ်စဉ်ကြုံတွေ့နေရပါသည်။
ထို့ကြောင့်စိုက်ပျိုးတောင်သူများ ပတ်ချာလုံးပန်းနေပြီး နေထွက်မှနေထွက် တစ်နေ့ပတ်လုံးရုန်းကန် လှုပ်ရှားနေရပြီး နေပူမရှောင် မိုးရွာမမှုဘဲ ဝမ်းစာရေးအတွက် ခက်ခဲပင်ပန်းစွာလုပ်ကိုင်စားသောက်ရသည် ကို မကြုံဖူးသူတိုင်း ကိုယ်ချင်းစာခံစားတတ်မည်မဟုတ်ပါ။ တစ်နှစ်ပတ်လုံးစိုက်ပျိုးပြီး ထွက်ရှိလာသော ထွက်ကုန်များကို တောင်သူများက အားမခံစျေးကွက်မရှိသည့်အပြင် ပွဲစားကတစ်ဆင့်ရောင်းချရသော ကြောင့် ဗမာစကားပုံအတိုင်း “မိအေးနှစ်ခါနာ” ဆိုသလိုမဖြစ်ရလေအောင် စိုက်ပျိုးတောင်သူများက ဤဘဝအတွင်းမှ ရုန်းထွက်နိုင်မည့် နည်းလမ်းကောင်းများကို တတ်သိနားလည်သူများက စေတနာဖြင့် ပူးပေါင်း လက်တွဲခေါ်ယူစေလိုပြီး ဤစျေးနှုန်းမတည်ငြိမ်မှုနွံမှ စိုက်ပျိုးတောင်သူများလည်း ဆက်လက်မနစ်လိုသော ဆန္ဒအမှန်ဖြင့် အမှန်တရားဖြစ်ပျက်နေမှုကို ဖော်ဆောင်လိုသော ဆန္ဒဖြင့် ရေးသားလိုက်ပါသည်။
နန်းစိန်ကျင်း (အွံအား)
Zawgyi
ေတာင္သူလယ္သမားမ်ား၏ရင္တြင္းျဖစ္
ေတာင္သူလယ္သမားတို႔သည္ လယ္ယာလုပ္ငန္းကလႊဲ၍ဘယ္အလုပ္ကိုမွ်မလုပ္ဘဲ လယ္ယာ လုပ္ငန္းကိုသာ လုပ္ကိုင္လိုၾကသည္။ လယ္ယာလုပ္ငန္းလုပ္ကိုင္ရသည္မွာ သက္သာလားဟု ေမးစရာရိွ သည္။ အမွန္အတိုင္းေျဖရလွ်င္ အလြန္ကိုပင္ပန္းေနသည္။ လူႀကီးတို႔၏စကားအတိုင္းေျပာဆိုရလွ်င္ “ လယ္ဆိုသည့္ အတိုင္း အလုပ္ကလည္ေနသည္။ လည္ေနသည္ဆိုသည္အဓိပၸာယ္ဖြင့္ဆိုခ်က္လည္း သိခ်င္ ေနပါလိမ့္မည္။ လယ္သမားမ်ား လည္ေနရသည့္အေၾကာင္းရင္းကို တင္ျပပါမည္။”
ေတာင္သူလယ္သမားမ်ားသည္ စပါးမစိုက္ခင္ ပထမဦးစြာ ျပင္ဆင္မႈမ်ားျပဳလုပ္ရပါသည္။ အေၾကာင္းမွာ ေႏြ၊ မိုး၊ ေဆာင္း သံုးရာသီလံုး စုထားရသည္။ ကြ်ဲေခ်း၊ ႏြားေခ်းမ်ားကိုစု၍ လွည္းေပၚတင္ၿပီး လယ္ကြက္ထဲကို ထည့္ရသည္။ ဤလုပ္ေဆာင္ခ်က္မ်ားသည္ ေျမၾသဇာခ်သည္ဟုေခၚသည္။ ထိုသို႔ လုပ္ေဆာင္ေနရျခင္းမွာ တစ္ရက္၊ ႏွစ္ရက္ႏွင့္ၿပီးဆံုးသြားေသာ အလုပ္မဟုတ္ဘဲ တစ္လနီးပါး လုပ္ေဆာင္ ေနရေသာ အလုပ္ျဖစ္သည္။ ထိုထက္မကေသးဘဲ လယ္ကြက္ထဲကို ေျမၾသဇာမ်ားခ်သည့္အခါ မနက္ ေစာေစာႏွင့္ ညေနပိုင္းတို႔တြင္ လုပ္ ေဆာင္တတ္ၾကသည္။ ေန႔ခင္းပိုင္းတြင္ လယ္တဲကို ျပဳျပင္တည္ ေဆာက္ေနရသည္။ လယ္တဲတည္ေဆာက္ျပဳ ျပင္ျခင္းသည္ ေသေသခ်ာခ်ာ စနစ္ တက်ျပဳျပင္ျခင္း ျဖစ္သည္။
လယ္တဲတြင္ ႏြားမ်ားတစ္မိုးလံုးေနထိုင္ရန္ျဖစ္သကဲ့သို႔ လူမ်ားလည္း ထိုတဲတြင္ေနထိုင္ၾကရန္ျဖစ္ သည္။ လယ္တဲတြင္ လူမ်ားေနထိုင္ရန္အခန္းပါရိွသည္။ ထို႔ေၾကာင့္ လယ္တဲကိုလယ္သမားမ်ားက အခိုင္ အခန္႔ ေဆာက္လုပ္ထားေလသည္။ လယ္တဲျပင္ၿပီးသည္ႏွင့္ ကြ်ဲ၊ ႏြားမ်ားစားရန္ ေကာက္ရိုးမ်ားကို စနစ္ တက်ျပဳျပင္ရသည္။ အခ်ိဳ႕ေကာက္ရိုးပံုမ်ားကို အမိုးမိုးထားေပးရသည္ျဖစ္ေသာေၾကာင့္ အမုိးကုိ လယ္တဲ မိုးကာႏွင့္ ကိုင္း ရြက္မ်ားျဖင့္မိုးထားရသည္။ ကိုင္းရြက္ကို ဤအတိုင္းထားမိုး၍မရေပ၊ ဓား၊ သံုးစိပ္ ကို အေပၚေအာက္ထားၿပီး ကိုင္းပ်စ္ျပဳလုပ္ရသည္။
လယ္သမားမ်ားသည္ တဲထိုးၿပီးလွ်င္ထြန္တံုးဝင္ရသည္။ ထြန္တံုးကို ျမန္မာျပည္သူအမ်ားစု သိျမင္ ၾကလိမ့္မည္။ ထြန္တံုးသည္ ထည္စာခဲမ်ားကိုခဲြထုတ္ေပးသကဲ့သို႔ အမႈိက္မ်ားကို သယ္ယူသည့္အခါ အေထာက္အကူျဖစ္ေစျခင္းႏွင့္ လယ္ကြက္ေျမမ်က္ႏွာျပင္ကို ညီေအာင္ျပဳလုပ္သည့္အခါ အသံုးျပဳျခင္း ျဖစ္ သည္။ လယ္သမားမ်ားသည္လယ္ေျမသစ္မ်ားေဖာ္ထုတ္သကဲ့သို႔ စိုက္ပ်ိဳးထားသည့္ စပါးခင္းမ်ားကို လည္း ဂရုစိုက္ေနရသည္။ စပါးခင္းမ်ားကို ကဲြ်၊ ႏြားမ်ားလာေရာက္ဖ်က္ဆီးျခင္းမရိွရေလေအာင္ ေစာင့္ၾကည့္ထိန္း ေက်ာင္းေနရေသးသည္။ ေခတ္ကာလႏွင့္အညီ ယခုအခါတြင္ ၿခံစည္းရိုးမ်ားလည္း ကာရံထား ျခင္းမ်ိဳးမရိွဘဲ ရိုးသားေသာ ေက်းရြာေနေတာင္သူမ်ား၏သဘာဝအတိုင္း တံခါးမရိွဓါးမရိွ ဟာလာဟင္းလင္း ရိွသည့္ အတိုင္း က်ဴးေက်ာ္မႈမရိွရေလေအာင္ ထိန္းေက်ာင္းေနရျခင္းျဖစ္သည္။
စပါးရိတ္သိမ္းေနခ်ိန္တြင္ ေျမပဲ၊ ႏွမ္း၊ ပဲအမ်ိဳးႏွင့္ေျပာင္းမ်ားကုိစိုက္ပ်ိဳးႏိုင္ရန္ ထြန္ယက္ၾကရျပန္ သည္။ ထိုနည္းသူပင္ အျခားစိုက္ပ်ိဳးသီးႏွံမ်ားလည္း တစ္ႏွစ္ပတ္လံုး နားခ်ိန္မရိွ လုပ္ကိုင္ေနၾကရသည္။ ရွမ္းျပည္နယ္ေတာင္ပိုင္းတြင္ အမ်ားဆံုးစိုက္ပ်ိဳးေသာ ထုတ္ကုန္တစ္မ်ိဳးျဖစ္သည့္ သနပ္ဖက္ဆိုသည့္ စိုက္ပ်ိဳးမႈတစ္ခုတြင္လည္း ထိုနည္းတူပင္လုပ္ကိုင္ရေၾကာင္းကို အနည္းငယ္ ေရးသားျပပါမည္။ သနပ္ဖက္ ပင္ဆိုရာတြင္ မသိမျမင္ဖူးသူမ်ားအတြက္ လက္နက္ျဖစ္ေသာ ေသနတ္လားဆိုသည့္ ေတြးေတာခ်က္မ်ား လည္းရိွေနသည္ကို စာေရးသူကိုယ္တိုင္ အေမးခံရဖူးပါသည္။ ကိုင္စရာလက္နက္မဟုတ္ဘဲ ဖက္တစ္မ်ိဳး အပင္တစ္မ်ိဳးသာျဖစ္ေၾကာင္း ရွင္းလင္းျပခဲ့ဖူးပါသည္။
သနပ္ဖက္ပင္သည္ ႏွစ္ရည္ပင္ဟုလည္းေခၚဆိုႏိုင္ပါသည္။ အဘယ္ေၾကာင့္ဆိုေသာ္ တစ္ခါစိုက္ပ်ိဳး ထားၿပီးလွ်င္ ႏွစ္ေပါင္းမ်ားစြာ အသက္ေမြးဝမ္းေက်ာင္းျပဳႏိုင္သည္။ ႏွစ္ရွည္ပင္ျဖစ္ေသာ္လည္းက်န္ႏွစ္ရွည္ သီးႏွံပင္မ်ိဳးမဟုတ္ဘဲ တစ္ႏွစ္တစ္ခါရိုးတံျဖတ္ေပးၿပီး ျပန္လည္ရွင္သန္ေစကာ တစ္ႏွစ္တာကာလအတြက္ ျပန္လည္အသံုးျပဳၾကသည္။ တစ္ခ်ိန္တည္းမွာပင္ အပင္မ်ားၾကားရိွ ျမက္ပင္မ်ားႏွင့္ေပါင္းျမက္ေျခာက္မ်ား ကို ရွင္းလင္းေပးရသည္။ ျဖတ္ထားေသာရိုးတံမ်ားကို သနပ္ဖက္စိုက္ေတာင္သူမ်ားက ထမင္းဟင္းခ်က္ ျပဳတ္ရာတြင္ ျပန္လည္အသံုးျပဳၾကသည္။ ထိုသို႔အသံုးျပဳျခင္းအားျဖင့္ သစ္ေတာျပဳန္းတီးမႈကို တစ္ဖက္တစ္ လွမ္းထိန္းသိမ္းရာ ေရာက္ပါသည္။
ထို႔ေနာက္တစ္ဆက္တည္းမွာပင္ တစ္လအတြင္းျဖတ္ထားေသာ အတက္မ်ားျပန္လည္ထြက္ေပၚ ထြက္လာပါသည္။ ထိုအခ်ိန္အတြင္း အပင္အၾကားရိွေျမမ်ားကိုတူးဆြေပးရသည္။ ထြက္လာေသာ အတက္ မ်ားမွ ႀကီးထြားရွင္သန္ႏိုင္ရန္ အတက္အမ်ားအၾကားမွ အေပၚဆံုးတြင္ေပါက္ေသာ အတက္မ်ားကိုသာ ခ်န္ထားခဲ့ၿပီး က်န္အတက္မ်ားကို ရွင္းလင္းဖယ္ရွားပစ္ရသည္။ ထိုအတက္ထြက္ရိွခ်ိန္မွစ၍ (၃)လ ေလာက္ အၾကာထားရိွၿပီး သနပ္ဖက္ေလွာ္ခ်ိန္ေရာက္ရိွလာပါသည္။ သနပ္ဖက္ေလွာ္ႏိုင္ရန္အတြက္ လိုအပ္ေသာ ထင္း၊ သဲေက်ာက္၊ ဒယ္စသည့္တန္ဆာပလာမ်ား ျပင္ဆင္ထားၾကရသည္။
သနပ္ဖက္ေလွာ္ကာလအတြင္း အပင္ေပၚလိုအပ္ေသာ ပိုးသတ္ေဆး၊ အပင္ၾကားအတြင္းရွင္းလင္း ရန္လိုအပ္မႈမ်ားကို တစ္ႏွစ္ပတ္လံုးစဥ္ဆက္မျပတ္ လုပ္ေဆာင္ေပးေနရသည္။ သနပ္ဖက္ေလွာ္ကာလ သည္ (၅) လဝန္းက်င္ခန္႔ျဖစ္သည္။ သနပ္ဖက္ျဖင့္အသက္ေမြးဝမ္းေက်ာင္းျပဳသူမ်ားသည္ လယ္ယာစိုက္ ပ်ိဳးေသာ ေတာင္သူမ်ားနည္းတူ တစ္ႏွစ္ပတ္လံုးလံုးပန္းေနရသည္ကို စိုက္ပ်ိဳးဖူးသူတိုင္း သိရိွႏိုင္သည္ ဆို ေသာ္လည္း စိုက္ပ်ိဳးေတာင္သူမဟုတ္သူ လူတန္းစားမ်ားအတြက္ မခံစားတတ္ပါ။ ေစ်းႏႈန္းအတက္အက် ဒဏ္ကိုလည္း ကုန္ၾကမ္းစိုက္ပ်ိဳးေသာ ေတာင္သူမ်ားသာ ခံစားၾကရၿပီး တစ္ဆင့္ခံပဲြစားမ်ားသည္ ထိုဒဏ္၏ အရာကို ခံစားရမည္မဟုတ္ပါ။
ကၽြႏ္ုပ္တို႔စိုက္ပ်ိဳးေတာင္သူမ်ားအတြက္ ကုန္ေစ်းႏႈန္းတက္ျခင္းသည္ မိမိတို႔၀ယ္ကုန္မ်ားအတြက္ သာတက္ၿပီး စိုက္ပ်ိဳးထုတ္လုပ္ေနေသာ ကုန္ပစၥည္းမ်ားအတြက္ ေစ်းႏႈန္းတက္ျခင္းသည္ မရိွသေလာက္ ရွားပါးေနသည္ကို ႏွစ္စဥ္ႀကံဳေတြ႕ေနရပါသည္။
ထို႔ေၾကာင့္စိုက္ပ်ိဳးေတာင္သူမ်ား ပတ္ခ်ာလုံးပန္းေနၿပီး ေနထြက္မွေနထြက္ တစ္ေန႔ပတ္လံုးရုန္းကန္ လႈပ္ရွားေနရၿပီး ေနပူမေရွာင္ မိုးရြာမမႈဘဲ ၀မ္းစာေရးအတြက္ ခက္ခဲပင္ပန္းစြာလုပ္ကိုင္စားေသာက္ရသည္ ကို မႀကံဳဖူးသူတိုင္း ကိုယ္ခ်င္းစာခံစားတတ္မည္မဟုတ္ပါ။ တစ္ႏွစ္ပတ္လံုးစိုက္ပ်ိဳးၿပီး ထြက္ရိွလာေသာ ထြက္ကုန္မ်ားကို ေတာင္သူမ်ားက အားမခံေစ်းကြက္မရိွသည့္အျပင္ ပဲြစားကတစ္ဆင့္ေရာင္းခ်ရေသာ ေၾကာင့္ ဗမာစကားပံုအတိုင္း “မိေအးႏွစ္ခါနာ” ဆိုသလိုမျဖစ္ရေလေအာင္ စိုက္ပ်ိဳးေတာင္သူမ်ားက ဤဘ၀ အတြင္းမွ ရုန္းထြက္ႏိုင္မည့္ နည္းလမ္းေကာင္းမ်ားကို တတ္သိနားလည္သူမ်ားက ေစတနာျဖင့္ ပူးေပါင္း လက္တဲြေခၚယူေစလိုၿပီး ဤေစ်းႏႈန္းမတည္ၿငိမ္မႈႏံြမွ စိုက္ပ်ိဳးေတာင္သူမ်ားလည္း ဆက္လက္မနစ္လိုေသာ ဆႏၵအမွန္ျဖင့္ အမွန္တရားျဖစ္ပ်က္ေနမႈကို ေဖာ္ေဆာင္လိုေသာ ဆႏၵျဖင့္ ေရးသားလိုက္ပါသည္။
နန္းစိန္က်င္း (အံြအား)
Like On Facebook
Follow On Twitter
Subscribe On RSS