Monday, November 25, 2019

တိုးတက်သောကျေးရွာများ တည်ဆောက်ကြပါစို့

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၅)ရက်


မိမိဤဆောင်းပါးးကိုရေးသားရခြင်း၏ အကြောင်းတရားများသည် စာရေးသူသည်ကျေးရွာပေါင်း မြောက်များစွာ ရောက်ဖူးပါ၏။ ထိုသို့ရောက်ရှိရာတွင် အချို့ကျေးရွာသည် လမ်းပန်းဆက်သွယ်ရေးအခန်းကဏ္ဍတွင် အတော်အသင့်သာကောင်းမွန်ပြီး အိမ်ခြေအရေအတွက်သည် ရာဂဏန်းဝန်းကျင်မျှသာရှိသော်လည်း ကား၊ ဆိုင်ကယ်၊ လယ်ထွန်စက်များ၊ ကျေးရွာပိုင်သံစုံတီးဝိုင်းများ၊ တိုက်အိမ်များ စသည့်ရုပ်ပိုင်းဆိုင်ရာ အသုံးအဆောင်ပစ္စည်းတို့ဖြင့် များစွာတိုးတက်သည်ကို တွေ့ရှိရပါသည်။ အချို့ကျေးရွာသည် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သော်လည်း အထက်ပါဆိုခဲ့သည့် အသုံးအဆောင်ပစ္စည်းများ ချို့တဲ့သည့်အပြင် ဘာသာရေး၊ လူမှုရေး၊ ပညာရေးစသည့် ကဏ္ဍပေါင်းစုံတို့တွင်လည်း များစွာနိမ့်ကျသည်ကို တွေ့ရှိရပါသည်။ အဘယ်ကြောင့် ဤကဲ့သို့ကွဲပြားခြားနားသည်ကို ထဲထဲဝင်ဝင်လေ့လာသောအခါ တွေ့ရှိရသည့် အချက်များကို တင်ပြသွားမည်ဖြစ်ပါသည်။

မတိုးတက်သောကျေးရွာများ၏ အများဆုံးတွေ့ရှိရသောလက္ခဏာမှာ စည်းလုံးမှု-မရှိခြင်းပင်ဖြစ်သည်။ လောကတွင် ရပ်ကွက်/ကျေးရွာမှမဟုတ် မည်သည့်လုပ်ငန်းမျိုးမဆို တိုးတက်အောင်မြင်ပြီး ပန်းတိုင်သို့ရောက်ရှိလိုလျှင် အရေးကြီးဆုံးအချက်သည် စည်းလုံးမှုရှိရန် လိုအပ်ပါသည်။ သူတစ်နည်းငါတစ်ဖုံဖြင့် စည်းလုံးမှုမရှိလျှင် မည်သည့်အရာမှအောင်မြင်မည်မဟုတ်ပါ။ သုံးလောကထွဋ်တင် မြတ်ဗုဒ္ဓဘုရားရှင် သည် ̏သမ္မဂါနံ တပေါ သုခေါ˝ စည်းလုံးညီညွတ်ခြင်းသည် ချမ်းသာသောအရာကို အလွယ်တကူရ၏ဟု ဟောကြားတော်မူခဲ့သည် မဟုတ်ပေတည်း။ မစည်းလုံးလျှင် အခြားဆိုဘွယ်ရာမရှိပေ။ မိမိ တွေ့ကြုံခဲ့ဘူးသောကျေးရွာတစ်ရွာ၏ လက်ရှိအနေအထားကို တင်ပြရမည်ဆိုလျှင် ထိုကျေးရွာရှိ ၅၀%ရာ ခိုင်နှုန်းရှိလူတို့သည် မိမိတို့၏ဘဝများကို တန်ဖိုးထားရကောင်းမှန်းမသိ၍ ဖြစ်သလိုနေဖြစ်သလိုစားသောက်နေထိုင်ကြသည့်အပြင် ပညာရေး၊ လူမှုရေး၊ ဘာသာရေးစသည့် အရေးများစွာတို့ကိုလည်း အလေးမထားသကဲ့သို့ တစ်ရပ်လုံးနှင့်သက်ဆိုင်သော ပြဿနာဖြစ်ပေါ်လာတိုင်း အချင်းချင်းတိုင်ပင်၍ ဖြေရှင်းမှုမရှိဘဲ ဟိုလူလက်ညိုးထိုး သည်လူလက်ညိုးထိုးခြင်းဖြင့် နောက်ဆုံးအမှုရှုံးသည့်အပြင် ပတ်ဝန်းကျင်ကျေးရွာများ၏ အထင်အမြင်သေးခြင်းကိုပါ အမြဲတမ်းခံရပေသည်။ ဤကဲ့သို့ဖြစ်ရခြင်း၏ အဓိကအကြောင်းတရားသည် စည်းလုံးမှုမရှိခြင်းပင် ဖြစ်ပေသည်။ ထို့ကြောင့် တိုးတက်ကြီးပွားလိုလျှင် စည်းလုံးမှုရှိရန် လိုအပ်ပေသည်။

စည်းကမ်းလိုက်နာမှုအားနည်းခြင်း- ̏စည်းကမ်းသည် လူ၏တန်ဖိုး၊ စည်းကမ်းလိုက်နာ ဘေးကင်းကွာ˝ ဟုဆိုသည့် စကားပုံအတိုင်းပင် တိုးတက်ကြီးပွားလိုလျှင် ကျား/မကြီးငယ်မရွေး စည်းကမ်းလိုက်နာရန် လိုအပ်ပါသည်။ သို့သော် ပြဌာန်းထားသောစည်းကမ်းချက်များသည် ကောင်းမွန်သေသပ်ရန် လိုပေသည်။ မိမိတို့နိုင်ငံသူ/သားအများစုသည် စည်းကမ်းဥပဒေဆိုသည်မှာ စာအုပ်ပေါ်တွင်သာရှိပြီး လေးစားလိုက်နာမှု အတော်အားနည်းသည့်အပြင် ပို၍ထူးခြားသည်မှာ လူအများလေးစားလိုက်နာရန် စည်းကမ်းဥပဒေများကို ထုတ်ပြန်သော အချို့ပုဂ္ဂိုလ်များသည်ပင်လျှင် ဦးစွာဖောက်ဖျက်ကျူးလွန်နေကြသည်ကို တွေ့ရှိရပါသည်။ မိမိတို့ရပ်ရွာများ တိုးတက်စေလိုလျှင် စည်းကမ်းများကို လိုက်နာကြပါဟု တိုက်တွန်းလိုပါသည်။
     
ပညာရေးအားပေးမှုနည်းပါးခြင်း- ဤအချက်ကိုတော့ အထူးပြောစရာလိုမည် မထင်ပါ။ တိုးတက်လိုသော လူမျိုးတိုင်းကျေးရွာတိုင်း ပညာရေးကို အားပေးရမည့်အပြင် လိုအပ်သောအကူအညီ အထောက်အပံ့များကို လည်း ဝိုင်းဝန်း၍ ကြိုးစားဖြည့်ဆည်းပေးရမည် ဖြစ်ပါသည်။ ပညာရေးဆိုသည်မှာ လောကီပညာရေးကိုသာဆိုလိုသည် မဟုတ်ဘဲ လောကုတ္တရာပညာရေးတို့ကိုပါ ဆိုလိုပါသည်။  ̏ပညာ သမာ အဘာ နထ္တိ˝ လောကတွင် ပညာနှင့်တူသော အလင်းရောင်မရှိ ဟု မြတ်ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူခဲ့ပါသည်။ ပညာ ရေးကို အားပေးချီးမြောက်မှုမရှိလျှင် မည်မျှအောက်ကျနောက်ကျ ဖြစ်ရသည်ကို စာဖတ်သူများ အသိဖြစ်ပါသည်။

ဦးဆောင်သူ(သို့)ခေါင်းဆောင်ကောင်းနည်းပါးခြင်း- တိုးတက်လိုသောကျေးရွာ၊ အဖွဲ့အစည်းများသည် ခေါင်းဆောင်ကောင်းရှိရန် အလွန်အရေးကြီးပေသည်။ သို့သော် ဦးဆောင်သူ(သို့)ခေါင်းဆောင်ကောင်းရှိယုံနှင့် မပြီးသေးပါ၊ နောက်လိုက်ကောင်းရှိ(ဖြစ်)ရန်လည်း လိုအပ်ပါသေးသည်။ လက်ဝါးသည် နှစ်ဖက်တီးမှမြည်သလို ရပ်ရွာများကြီးပွားတိုးတက်ရန်အတွက် ခေါင်းဆောင်ကောင်းနှင့်နောက်လိုက် ကောင်းရှိဖို့ရန် အရေးကြီးပေသည်။ နိဒါန်းတွင် ဖော်ပြခဲ့သောကျေးရွာတစ်ရွာ၏ အဖြစ်အပျက်ထဲတွင်လည်း ခေါင်းဆောင်ကောင်းမရှိခြင်း ခေါင်းဆောင်ကောင်းရှိပြန်သော်လည်း နောက်လိုက်ကောင်းဖြစ်လိုသော စိတ်ဓါတ်နည်းပါးခြင်းတို့ကြောင့် ယနေ့အချိန်ထိ အစစအရာရာ အောက်ကျနောက်ကျဖြစ်ရပေသည်။ ထို့ကြောင့် မိမိအပါအဝင်လူတိုင်းသည် ခေါင်းဆောင်ကောင်းဖြစ်ဖို့ရန် ကြိုးစားသင့်သည်။ ခေါင်းဆောင်ကောင်းမဖြစ်သည့်တိုင်အောင် နောက်လိုက်ကောင်းဖြစ်ဖို့ရန် အားလုံးကြိုးစားရန်လိုအပ်ပါသည်။

လူသားအရင်းအမြစ်များကို အသုံးချနိုင်မှုအားနည်းခြင်း- ယနေ့ မိမိတို့မြန်မာနိုင်ငံသည် လူသာအရင်းအမြစ်ကို အသုံးချနိုင်မှု အားနည်းခြင်းကြောင်း ဝေးလံခေါင်ဖျားသော ကျေးရွာမှအစမြို့ပြအထိတိုင်အောင် နိုင်ငံရပ်ခြား သူတစ်ပါးတိုင်းပြည်သို့ မိသားစုစားဝတ်နေရေးအတွက် လုံခြုံမှုအပြည့်အဝမရှိဘဲ ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်နေကြရပေသည်။ နိုင်ငံခြားသို့သွား၍ အလုပ်မလုပ်သော်လည်း အားကောင်းမောင်းသန်သော လူငယ်လူလတ်ပိုင်းအချို့သည်လည်း လက်ဘက်ရည်ဆိုင်၊ အရက်ဆိုင်၊ ဂျူခုံ စသည့်နေရာတို့တွင် မိမိတို့၏ တန်ဖိုးရှိသောအချိန်များကို အလဟဿဖြုန်းတီးနေခြင်းကြောင့် ဖွံ့ဖြိုးရေး၊ ပညာရေးစသည့် အရေးကိစ္စများတွင် သူတစ်ပါးရပ်ရွာ(နိုင်ငံ)များထက် များစွာနောက်ကျကျန်ခဲ့သည်ကို စာဖတ်သူများသိရှိပြီးဖြစ်ပါသည်။ ထို့ကြောင့် မိမိတို့၏ တန်ဖိုးရှိသောအချိန်များကို အလေးထား၍ ရပ်ရွာနှင့်လူမျိုးအတွက်သော်လည်းကောင်း၊ နိုင်ငံအတွက်သော်လည်းကောင်း အသုံးပြုကြပါဟု တိုက်တွန်းလိုပါသည်။

ထို့ကြောင့် စာဖတ်ပရိသတ်များအနေဖြင့် အထက်ပါဆိုခဲ့သောအချက်များကို ဖတ်ရှုပြီးသည့်တိုင်အောင် မိမိတို့ပတ်ဝန်းကျင်၌ လိုအပ်ချက်များရှိလျှင် ကြိုးစားဖြည့်ဆည်းပေးပြီး ဖွံ့ဖြိုးတိုးတက်သောကျေးရွာ တည်ဆောက်နိုင်ကြပါစေဟု ဆုတောင်းရင်း နိဂုံးကမ္ပတ် အဆုံးသတ်ပါသည်။

မေတ္တာဖြင့်
ခွန်ဗေခြောင်

တိုးတက္ေသာေက်းရြာမ်ား တည္ေဆာက္ၾကပါစို႔
ေတာင္ႀကီး၊ ၂၀၁၉ ခုႏွစ္၊ နိုဝင္ဘာလ (၂၅)ရက္

မိမိဤေဆာင္းပါးးကိုေရးသားရျခင္း၏ အေၾကာင္းတရားမ်ားသည္ စာေရးသူသည္ေက်းရြာေပါင္း ေျမာက္မ်ားစြာ ေရာက္ဖူးပါ၏။ ထိုသို႔ေရာက္ရွိရာတြင္ အခ်ိဳ႕ေက်းရြာသည္ လမ္းပန္းဆက္သြယ္ေရးအခန္းက႑တြင္ အေတာ္အသင့္သာေကာင္းမြန္ၿပီး အိမ္ေျခအေရအတြက္သည္ ရာဂဏန္းဝန္းက်င္မၽွသာရွိေသာ္လည္း ကား၊ ဆိုင္ကယ္၊ လယ္ထြန္စက္မ်ား၊ ေက်းရြာပိုင္သံစုံတီးဝိုင္းမ်ား၊ တိုက္အိမ္မ်ား စသည့္႐ုပ္ပိုင္းဆိုင္ရာ အသုံးအေဆာင္ပစၥည္းတို႔ျဖင့္ မ်ားစြာတိုးတက္သည္ကို ေတြ႕ရွိရပါသည္။ အခ်ိဳ႕ေက်းရြာသည္ လမ္းပန္းဆက္သြယ္ေရးေကာင္းမြန္ေသာ္လည္း အထက္ပါဆိုခဲ့သည့္ အသုံးအေဆာင္ပစၥည္းမ်ား ခ်ိဳ႕တဲ့သည့္အျပင္ ဘာသာေရး၊ လူမႈေရး၊ ပညာေရးစသည့္ က႑ေပါင္းစုံတို႔တြင္လည္း မ်ားစြာနိမ့္က်သည္ကို ေတြ႕ရွိရပါသည္။ အဘယ္ေၾကာင့္ ဤကဲ့သို႔ကြဲျပားျခားနားသည္ကို ထဲထဲဝင္ဝင္ေလ့လာေသာအခါ ေတြ႕ရွိရသည့္ အခ်က္မ်ားကို တင္ျပသြားမည္ျဖစ္ပါသည္။

မတိုးတက္ေသာေက်းရြာမ်ား၏ အမ်ားဆုံးေတြ႕ရွိရေသာလကၡဏာမွာ စည္းလုံးမႈ-မရွိျခင္းပင္ျဖစ္သည္။ ေလာကတြင္ ရပ္ကြက္/ေက်းရြာမွမဟုတ္ မည္သည့္လုပ္ငန္းမ်ိဳးမဆို တိုးတက္ေအာင္ျမင္ၿပီး ပန္းတိုင္သို႔ေရာက္ရွိလိုလၽွင္ အေရးႀကီးဆုံးအခ်က္သည္ စည္းလုံးမႈရွိရန္ လိုအပ္ပါသည္။ သူတစ္နည္းငါတစ္ဖုံျဖင့္ စည္းလုံးမႈမရွိလၽွင္ မည္သည့္အရာမွေအာင္ျမင္မည္မဟုတ္ပါ။ သုံးေလာကထြဋ္တင္ ျမတ္ဗုဒၶဘုရားရွင္ သည္ ̏သမၼဂါနံ တေပါ သုေခါ˝ စည္းလုံးညီညြတ္ျခင္းသည္ ခ်မ္းသာေသာအရာကို အလြယ္တကူရ၏ဟု ေဟာၾကားေတာ္မူခဲ့သည္ မဟုတ္ေပတည္း။ မစည္းလုံးလၽွင္ အျခားဆိုဘြယ္ရာမရွိေပ။ မိမိ ေတြ႕ၾကဳံခဲ့ဘူးေသာေက်းရြာတစ္ရြာ၏ လက္ရွိအေနအထားကို တင္ျပရမည္ဆိုလၽွင္ ထိုေက်းရြာရွိ ၅၀%ရာ ခိုင္ႏႈန္းရွိလူတို႔သည္ မိမိတို႔၏ဘဝမ်ားကို တန္ဖိုးထားရေကာင္းမွန္းမသိ၍ ျဖစ္သလိုေနျဖစ္သလိုစားေသာက္ေနထိုင္ၾကသည့္အျပင္ ပညာေရး၊ လူမႈေရး၊ ဘာသာေရးစသည့္ အေရးမ်ားစြာတို႔ကိုလည္း အေလးမထားသကဲ့သို႔ တစ္ရပ္လုံးႏွင့္သက္ဆိုင္ေသာ ျပႆနာျဖစ္ေပၚလာတိုင္း အခ်င္းခ်င္းတိုင္ပင္၍ ေျဖရွင္းမႈမရွိဘဲ ဟိုလူလက္ညိဳးထိုး သည္လူလက္ညိဳးထိုးျခင္းျဖင့္ ေနာက္ဆုံးအမႈရႈံးသည့္အျပင္ ပတ္ဝန္းက်င္ေက်းရြာမ်ား၏ အထင္အျမင္ေသးျခင္းကိုပါ အျမဲတမ္းခံရေပသည္။ ဤကဲ့သို႔ျဖစ္ရျခင္း၏ အဓိကအေၾကာင္းတရားသည္ စည္းလုံးမႈမရွိျခင္းပင္ ျဖစ္ေပသည္။ ထို႔ေၾကာင့္ တိုးတက္ႀကီးပြားလိုလၽွင္ စည္းလုံးမႈရွိရန္ လိုအပ္ေပသည္။

စည္းကမ္းလိုက္နာမႈအားနည္းျခင္း- ̏စည္းကမ္းသည္ လူ၏တန္ဖိုး၊ စည္းကမ္းလိုက္နာ ေဘးကင္းကြာ˝ ဟုဆိုသည့္ စကားပုံအတိုင္းပင္ တိုးတက္ႀကီးပြားလိုလၽွင္ က်ား/မႀကီးငယ္မေရြး စည္းကမ္းလိုက္နာရန္ လိုအပ္ပါသည္။ သို႔ေသာ္ ျပဌာန္းထားေသာစည္းကမ္းခ်က္မ်ားသည္ ေကာင္းမြန္ေသသပ္ရန္ လိုေပသည္။ မိမိတို႔နိုင္ငံသူ/သားအမ်ားစုသည္ စည္းကမ္းဥပေဒဆိုသည္မွာ စာအုပ္ေပၚတြင္သာရွိၿပီး ေလးစားလိုက္နာမႈ အေတာ္အားနည္းသည့္အျပင္ ပို၍ထူးျခားသည္မွာ လူအမ်ားေလးစားလိုက္နာရန္ စည္းကမ္းဥပေဒမ်ားကို ထုတ္ျပန္ေသာ အခ်ိဳ႕ပုဂၢိဳလ္မ်ားသည္ပင္လၽွင္ ဦးစြာေဖာက္ဖ်က္က်ဴးလြန္ေနၾကသည္ကို ေတြ႕ရွိရပါသည္။ မိမိတို႔ရပ္ရြာမ်ား တိုးတက္ေစလိုလၽွင္ စည္းကမ္းမ်ားကို လိုက္နာၾကပါဟု တိုက္တြန္းလိုပါသည္။
     
ပညာေရးအားေပးမႈနည္းပါးျခင္း- ဤအခ်က္ကိုေတာ့ အထူးေျပာစရာလိုမည္ မထင္ပါ။ တိုးတက္လိုေသာ လူမ်ိဳးတိုင္းေက်းရြာတိုင္း ပညာေရးကို အားေပးရမည့္အျပင္ လိုအပ္ေသာအကူအညီ အေထာက္အပံ့မ်ားကို လည္း ဝိုင္းဝန္း၍ ႀကိဳးစားျဖည့္ဆည္းေပးရမည္ ျဖစ္ပါသည္။ ပညာေရးဆိုသည္မွာ ေလာကီပညာေရးကိုသာဆိုလိုသည္ မဟုတ္ဘဲ ေလာကုတၱရာပညာေရးတို႔ကိုပါ ဆိုလိုပါသည္။  ̏ပညာ သမာ အဘာ နထၱိ˝ ေလာကတြင္ ပညာႏွင့္တူေသာ အလင္းေရာင္မရွိ ဟု ျမတ္ဗုဒၶဘုရားရွင္ ေဟာၾကားေတာ္မူခဲ့ပါသည္။ ပညာ ေရးကို အားေပးခ်ီးေျမာက္မႈမရွိလၽွင္ မည္မၽွေအာက္က်ေနာက္က် ျဖစ္ရသည္ကို စာဖတ္သူမ်ား အသိျဖစ္ပါသည္။

ဦးေဆာင္သူ(သို႔)ေခါင္းေဆာင္ေကာင္းနည္းပါးျခင္း- တိုးတက္လိုေသာေက်းရြာ၊ အဖြဲ႕အစည္းမ်ားသည္ ေခါင္းေဆာင္ေကာင္းရွိရန္ အလြန္အေရးႀကီးေပသည္။ သို႔ေသာ္ ဦးေဆာင္သူ(သို႔)ေခါင္းေဆာင္ေကာင္းရွိယုံႏွင့္ မၿပီးေသးပါ၊ ေနာက္လိုက္ေကာင္းရွိ(ျဖစ္)ရန္လည္း လိုအပ္ပါေသးသည္။ လက္ဝါးသည္ ႏွစ္ဖက္တီးမွျမည္သလို ရပ္ရြာမ်ားႀကီးပြားတိုးတက္ရန္အတြက္ ေခါင္းေဆာင္ေကာင္းႏွင့္ေနာက္လိုက္ ေကာင္းရွိဖို႔ရန္ အေရးႀကီးေပသည္။ နိဒါန္းတြင္ ေဖာ္ျပခဲ့ေသာေက်းရြာတစ္ရြာ၏ အျဖစ္အပ်က္ထဲတြင္လည္း ေခါင္းေဆာင္ေကာင္းမရွိျခင္း ေခါင္းေဆာင္ေကာင္းရွိျပန္ေသာ္လည္း ေနာက္လိုက္ေကာင္းျဖစ္လိုေသာ စိတ္ဓါတ္နည္းပါးျခင္းတို႔ေၾကာင့္ ယေန႔အခ်ိန္ထိ အစစအရာရာ ေအာက္က်ေနာက္က်ျဖစ္ရေပသည္။ ထို႔ေၾကာင့္ မိမိအပါအဝင္လူတိုင္းသည္ ေခါင္းေဆာင္ေကာင္းျဖစ္ဖို႔ရန္ ႀကိဳးစားသင့္သည္။ ေခါင္းေဆာင္ေကာင္းမျဖစ္သည့္တိုင္ေအာင္ ေနာက္လိုက္ေကာင္းျဖစ္ဖို႔ရန္ အားလုံးႀကိဳးစားရန္လိုအပ္ပါသည္။

လူသားအရင္းအျမစ္မ်ားကို အသုံးခ်နိုင္မႈအားနည္းျခင္း- ယေန႔ မိမိတို႔ျမန္မာနိုင္ငံသည္ လူသာအရင္းအျမစ္ကို အသုံးခ်နိုင္မႈ အားနည္းျခင္းေၾကာင္း ေဝးလံေခါင္ဖ်ားေသာ ေက်းရြာမွအစၿမိဳ႕ျပအထိတိုင္ေအာင္ နိုင္ငံရပ္ျခား သူတစ္ပါးတိုင္းျပည္သို႔ မိသားစုစားဝတ္ေနေရးအတြက္ လုံျခဳံမႈအျပည့္အဝမရွိဘဲ ပင္ပန္းဆင္းရဲစြာ အလုပ္လုပ္ေနၾကရေပသည္။ နိုင္ငံျခားသို႔သြား၍ အလုပ္မလုပ္ေသာ္လည္း အားေကာင္းေမာင္းသန္ေသာ လူငယ္လူလတ္ပိုင္းအခ်ိဳ႕သည္လည္း လက္ဘက္ရည္ဆိုင္၊ အရက္ဆိုင္၊ ဂ်ဴခုံ စသည့္ေနရာတို႔တြင္ မိမိတို႔၏ တန္ဖိုးရွိေသာအခ်ိန္မ်ားကို အလဟႆျဖဳန္းတီးေနျခင္းေၾကာင့္ ဖြံ့ၿဖိဳးေရး၊ ပညာေရးစသည့္ အေရးကိစၥမ်ားတြင္ သူတစ္ပါးရပ္ရြာ(နိုင္ငံ)မ်ားထက္ မ်ားစြာေနာက္က်က်န္ခဲ့သည္ကို စာဖတ္သူမ်ားသိရွိၿပီးျဖစ္ပါသည္။ ထို႔ေၾကာင့္ မိမိတို႔၏ တန္ဖိုးရွိေသာအခ်ိန္မ်ားကို အေလးထား၍ ရပ္ရြာႏွင့္လူမ်ိဳးအတြက္ေသာ္လည္းေကာင္း၊ နိုင္ငံအတြက္ေသာ္လည္းေကာင္း အသုံးျပဳၾကပါဟု တိုက္တြန္းလိုပါသည္။

ထို႔ေၾကာင့္ စာဖတ္ပရိသတ္မ်ားအေနျဖင့္ အထက္ပါဆိုခဲ့ေသာအခ်က္မ်ားကို ဖတ္ရႈၿပီးသည့္တိုင္ေအာင္ မိမိတို႔ပတ္ဝန္းက်င္၌ လိုအပ္ခ်က္မ်ားရွိလၽွင္ ႀကိဳးစားျဖည့္ဆည္းေပးၿပီး ဖြံ့ၿဖိဳးတိုးတက္ေသာေက်းရြာ တည္ေဆာက္နိုင္ၾကပါေစဟု ဆုေတာင္းရင္း နိဂုံးကမၸတ္ အဆုံးသတ္ပါသည္။

ေမတၱာျဖင့္

ခြန္ေဗေျခာင္
Powered by Blogger.