Wednesday, November 20, 2019

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က မဟာဝံသ ဗုဒ္ဓဂယာ-မဟာဗောဓိစေတီတော်မြတ်ကြီးအား အထက်ပစ္စယံဌာပနာတော်သွင်း ပူဇော်ခြင်း၊ ဗုဒ္ဓါဘိသေက ဘုရားအနေကဇာတင်ခြင်းနှင့် သံဃာတော် ၅၂၈ပါးတို့အား ဆွမ်းဆန်တော်စိမ်း လောင်းလှူပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက် ပူဇော်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်










unicode
ဒီကနေ့ အထူးဒေသ(၆)၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် စည်းကားသိုက်မြိုက်စွာ ကျင်းပသော (ပိုပန္တကုန်းတော်) မဟာဝံသ ဗုဒ္ဓဂယာ-မဟာဗောဓိစေတီတော်မြတ် အထက်ပစ္စယံဌာပနာ တော်သွင်း ပူဇော်ခြင်း၊ ဗုဒ္ဓါဘိသေက ဘုရားအနေကဇာတင်ခြင်းနှင့် သံဃာတော် (၅၂၈)ပါးတို့အား ဆွမ်းဆန် တော်စိမ်း လောင်းလှူပူဇော်ပွဲခြင်း အခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်ပူဇော်ဖူးမျှော် အလှူဒါန ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ပြည်ထောင်စု ဝန်ကြီးများ၊ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဘုရားဒါကာ ဖြားတန်စင်ဖြာအောင်ခမ်းထီ၊ ရှမ်းပြည်နယ်ဝန်ကြီးနှင့် အဖွဲ့များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌ ဖြားခွန်စံလွင်နှင့် ပအိုဝ်းဒေသ လွှတ်တော်ကိုယ်စား ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို နံနက် (၉းဝ၀)နာရီအချိန်တွင် နမောတဿ သုံးကြိမ် ရွတ်ဆို၍ စတင်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၊ ညောင်သုံးပင်သာမဏေကျော်စာသင်တိုက် နိုင်ငံတော်သံဃမဟာနာယ ကအဖွဲ့ တွဲဖက်အကျိုးဆောင် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဓဇောတိကဓဇ၊ ဓမ္မကထိကဗဟု ဇနဟိတဓရ ဒေါက်တာအရှင်တေဇောဿရာတိဝံသနှင့် အခြားဖိတ်ကြားထားသော ဆရာတော်များထံမှ ငါးပါးသီလ ခံယူခြင်း၊ ဆရာတော်များ ရွတ်ပွားချီးမြှင့်တော်မူအပ်သော ပရိတ်တရားတော်များကို နာယူခြင်း၊ ဆရာတော်များထံ အလှူဝတ္ထုကပ်လှူခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကိုင်မြို့နယ်၊ ပြည်တော်သာကျောင်းတိုက်ဆရာတော် ဒေါက်တာအရှင်ဇဝန(သဒ္ဓမ္မဇောတိကဓဇ)က အလိုတော်ပြည့် ဗုဒ္ဓရုပ်ပွားတော်မြတ်များ ပူဇော်ရန်အတွက် ချီးမြှင့်တော်မူခြင်း၊ ပအိုဝ်းအမျိုးသားခေါင်းဆောင် အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ၊ ဝဏ္ဏကျော်ထင် ဖြားတန်စင်ဖြာအောင်ခမ်းထီက သာသနာရေးဆိုင်ရာများ လျှောက်တင်ခြင်း၊ နိုင်ငံတော်သံဃ မဟာနာယ ကအဖွဲ့ တွဲဖက်အကျိုးဆောင် ဆရာတော် ဒေါက်တာ အရှင်တေဇောဿရာတိဝံသထံမှ အနုမောဒနာတရား နာယူ၍ ရေစက်ချ အမျှပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ နေ့လယ် မွန်းလွဲပိုင်းတွင် မဟာဝံသ ဗုဒ္ဓဂယာ-မဟာဗောဓိစေတီတော်မြတ် အထက် ပစ္စယံဌာပနာ တော်သွင်း ပူဇော်ခြင်း၊ ဗုဒ္ဓါဘိသေက ဘုရားအနေကဇာတင်ခြင်းနှင့် သံဃာတော် (၅၂၈)ပါး တို့အား ဆွမ်းဆန် တော်စိမ်း လောင်းလှူပူဇော်ပွဲခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်အတိုင်းပင်ခံ ဒေါ်အောင်ဆန်းစုကြည်သည် အခမ်းအနား ပထမပိုင်းအပြီးတွင် ပအိုဝ်း အမျိုးသားခေါင်းဆောင် ဖြားတန်စင်ဖြာအောင်းခမ်းထီနေအိမ်သို့ သွားရောက်ပြီး နေ့လယ်စာ သုံးဆောင်ကာ မွန်းလွဲပိုင်းတွင် ဟဲဟိုးလေဆိပ်သို့ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။

နဂါ့ခွန်

Zawgyi ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္က မဟာဝံသ ဗုဒၶဂယာ-မဟာေဗာဓိေစတီေတာ္ျမတ္ႀကီးအား အထက္ပစၥယံဌာပနာေတာ္သြင္း ပူေဇာ္ျခင္း၊ ဗုဒၶါဘိေသက ဘုရားအေနကဇာတင္ျခင္းႏွင့္ သံဃာေတာ္ ၅၂၈ပါးတို႔အား ဆြမ္းဆန္ေတာ္စိမ္း ေလာင္းလွဴပူေဇာ္ပြဲ အခမ္းအနားသုိ႔ တက္ေရာက္ ပူေဇာ္

ေတာင္ႀကီး၊ ၂၀၁၉ ခုႏွစ္၊ ႏို၀င္ဘာလ (၂၀)ရက္

ဒီကေန႔ အထူးေဒသ(၆)၊ ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးခရိုင္၊ ေက်ာက္တလံုးႀကီးၿမိဳ႕တြင္ စည္းကားသိုက္ၿမိဳက္စြာ က်င္းပေသာ (ပိုပႏၱကုန္းေတာ္) မဟာဝံသ ဗုဒၶဂယာ-မဟာေဗာဓိေစတီေတာ္ျမတ္ အထက္ပစၥယံဌာပနာ ေတာ္သြင္း ပူေဇာ္ျခင္း၊ ဗုဒၶါဘိေသက ဘုရားအေနကဇာတင္ျခင္းႏွင့္ သံဃာေတာ္ (၅၂၈)ပါးတို႔အား ဆြမ္းဆန္ ေတာ္စိမ္း ေလာင္းလွဴပူေဇာ္ပြဲျခင္း အခမ္းအနားကို ႏိုင္ငံေတာ္အတုိင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္က တက္ေရာက္ပူေဇာ္ဖူးေမွ်ာ္ အလွဴဒါန ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားတြင္ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္တကြ ျပည္ေထာင္စု ဝန္ႀကီးမ်ား၊ ပအိုဝ္းအမ်ိဳးသားေခါင္းေဆာင္ ဘုရားဒါကာ ျဖားတန္စင္ျဖာေအာင္ခမ္းထီ၊ ရွမ္းျပည္နယ္ဝန္ႀကီးႏွင့္ အဖြဲ႔မ်ား၊ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဦးစီးဥကၠဌ ျဖားခြန္စံလြင္ႏွင့္ ပအိုဝ္းေဒသ လႊတ္ေတာ္ကိုယ္စား ကိုယ္စားလွယ္မ်ား တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

အခမ္းအနားကို နံနက္ (၉း၀၀)နာရီအခ်ိန္တြင္ နေမာတႆ သံုးႀကိမ္ ရြတ္ဆို၍ စတင္ခဲ့ၿပီး မႏၱေလးတုိင္းေဒသႀကီး၊ မိုးကုတ္ၿမိဳ႕၊ ေညာင္သံုးပင္သာမေဏေက်ာ္စာသင္တုိက္ ႏိုင္ငံေတာ္သံဃမဟာနာယ ကအဖြဲ႔ တြဲဖက္အက်ိဳးေဆာင္ အဂၢမဟာဂႏၱဝါစကပ႑ိတ၊ အဂၢမဟာသဒၶမၼဓေဇာတိကဓဇ၊ ဓမၼကထိကဗဟု ဇနဟိတဓရ ေဒါက္တာအရွင္ေတေဇာႆရာတိဝံသႏွင့္ အျခားဖိတ္ၾကားထားေသာ ဆရာေတာ္မ်ားထံမွ ငါးပါးသီလ ခံယူျခင္း၊ ဆရာေတာ္မ်ား ရြတ္ပြားခ်ီးျမွင့္ေတာ္မူအပ္ေသာ ပရိတ္တရားေတာ္မ်ားကို နာယူျခင္း၊ ဆရာေတာ္မ်ားထံ အလွဴဝတၴဳကပ္လွဴျခင္းမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ မႏၲေလးတိုင္းေဒသႀကီး၊ စဥ့္ကိုင္ၿမိဳ႕နယ္၊ ျပည္ေတာ္သာေက်ာင္းတိုက္ဆရာေတာ္ ေဒါက္တာအရွင္ဇဝန(သဒၶမၼေဇာတိကဓဇ)က အလိုေတာ္ျပည့္ ဗုဒၶရုပ္ပြားေတာ္ျမတ္မ်ား ပူေဇာ္ရန္အတြက္ ခ်ီးျမွင့္ေတာ္မူျခင္း၊ ပအိုဝ္းအမ်ိဳးသားေခါင္းေဆာင္ အဂၢမဟာသီရိသုဓမၼမဏိေဇာတဓရ၊ ဝဏၰေက်ာ္ထင္ ျဖားတန္စင္ျဖာေအာင္ခမ္းထီက သာသနာေရးဆိုင္ရာမ်ား ေလွ်ာက္တင္ျခင္း၊ ႏိုင္ငံေတာ္သံဃ မဟာနာယ ကအဖြဲ႔ တြဲဖက္အက်ိဳးေဆာင္ ဆရာေတာ္ ေဒါက္တာ အရွင္ေတေဇာႆရာတိဝံသထံမွ အႏုေမာဒနာတရား နာယူ၍ ေရစက္ခ် အမွ်ေပးျခင္းမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ဆက္လက္၍ ေန႔လယ္ မြန္းလြဲပိုင္းတြင္ မဟာဝံသ ဗုဒၶဂယာ-မဟာေဗာဓိေစတီေတာ္ျမတ္ အထက္ ပစၥယံဌာပနာ ေတာ္သြင္း ပူေဇာ္ျခင္း၊ ဗုဒၶါဘိေသက ဘုရားအေနကဇာတင္ျခင္းႏွင့္ သံဃာေတာ္ (၅၂၈)ပါး တို႔အား ဆြမ္းဆန္ ေတာ္စိမ္း ေလာင္းလွဴပူေဇာ္ပြဲျခင္းမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ႏိုင္ငံေတာ္အတိုင္းပင္ခံ ေဒၚေအာင္ဆန္းစုၾကည္သည္ အခမ္းအနား ပထမပိုင္းအၿပီးတြင္ ပအိုဝ္း အမ်ိဳးသားေခါင္းေဆာင္ ျဖားတန္စင္ျဖာေအာင္းခမ္းထီေနအိမ္သို႔ သြားေရာက္ၿပီး ေန႔လယ္စာ သံုးေဆာင္ကာ မြန္းလြဲပိုင္းတြင္ ဟဲဟိုးေလဆိပ္သို႔ ျပန္လည္ထြက္ခြာခဲ့ေၾကာင္း သိရသည္။


နဂါ့ခြန္
Powered by Blogger.