Sunday, November 3, 2019

တောင်ယာလုပ်ငန်းလုပ်ကိုင်နေသည့် မိဘများ၏ဘဝကို ဝင်ရောက်ခံစားကြည့်ခြင်းဖြင့် မိဘကျေးဇူးဆပ်ကြပါ ညီလေး၊ ညီမလေးတို့

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်

Credit- Photo

unicode
ကျနော်သည် ပအိုဝ်းတိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွားလာသူပီပီ တောင်ယာလုပ်ငန်းကိုလည်း ငယ်စဉ်တောင်ကျေးကလေးဘဝကပင် လက်ပွန်းတသီးကြီးပြင်းလာသူဟုဆိုလျှင်လည်း မှားမည်မထင်။ ထို့အတူပင် ကျနော်ကဲ့သို့ စာဖတ်ပရိသတ်များသည်လည်း တောင်ယာလုပ်ငန်းဖြင့် ကြီးပြင်းလာသူ၊ တောင်ယာလုပ်ငန်းကျေးဇူးကြောင့် ဘွဲ့ရပညာတတ်ဖြစ်လာသူများလည်း လက်ချိုးရေတွက်၍ မရလောက်အောင်ပင် တစ်ပုံတစ်ပင်ကြီးရှိပါလိမ့်မည်။ ထို့အပြင် ယနေ့အထိ တောင်ယာလုပ်ငန်းကျေးဇူးကြောင့် ကြီးပွားချမ်းသာနေသူ၊ တောင်ယာလုပ်ငန်းလုပ်ကိုင်ရင်း နေ့စဉ်ဘဝများကို ဖြတ်သန်းနေသူများလည်း အများအားဖြင့် ရှိနေပေလိမ့်မည်။

တောင်ယာလုပ်ငန်းများကို လုပ်ကိုင်နေသောမိဘများမှ ကျောင်းတက်နေသူများ၊ စီးပွားရေးဖြစ်ထွန်းနေသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ရောင်းဝယ်ဖောက်ကားနေသူများလည်း အများစုရှိနေပါသည်။ သို့သော် မိမိတို့၏ဘဝကို လူလားမြောက်အောင် မြေတောင်မြှောက်ပေးခဲ့ ည့် တောင်ယာလုပ်ငန်းများနှင့် တောင်ယာလုပ်ငန်းများကို လုပ်ကိုင်ရင်းသားသမီးများ၏ ပညာရေးကို ထောက်ပံ့နေသည့် မိဘများ၏ ဘဝကို ပြန်လည်စာနာထောက်ထားသည့် သားသမီးများ၊ မိဘနေရာဝင်ရောက်ခံစားနေသည့် သားသမီးများသည် လက်ချိုးရေတွက်၍ ရပေလိမ့်မည်။

ထိုကဲ့သို့ မိဘများ၏ နေရာများကို ဝင်ရောက်ခံစားကြည့်မိသည့် သားသမီးများသည် ကိုယ်ချင်းစာတရားများ၊ သနားသည့်စိတ်များဝင်ရောက်ကာ မျက်ရည်စို့ရပေလိမ့်မည်မှာအမှန်ပင်။ မိဘအများစုသည် ပညာရေးကို ဆုံးခန်းတိုင်အောင် သင်ကြားဖို့နေနေသာ “က၊ ခ” ပင်လျှင် မဖတ်တတ်။ မရေးတတ်ခဲ့ပေ။ သားသမီးများ၏ ဘဝကို ၎င်းတို့ကဲ့သို့ ပညာမတတ်သည့် လူများမဖြစ်စေရန် ဘွဲ့ရပညာတတ်များဖြစ်လာစေရန်၊ လူတောတိုးနိုင်ရန်အတွက် မြေကြီးနှင့် တောင်ယာလုပ်ငန်းများကို ဘဝတစ်ခုလုံးနှစ်မြှုပ်ကာ ပုံအပ်ထားခဲ့ကြလေသည်။ နံနက်ခင်း နေမထွက်ခင် ဝေလီဝေလင်း အချိန်မှ ညမိုးချုပ် ပုရစ်အော်သံ၊ ဖားအော်သံများ ကြားရသည်အထိ သားသမီးများပညာရေးအတွက် တောင်ယာလုပ်ငန်းများမှ ရသမျှငွေများကို စုဆောင်းထားကြလေသည်။ တောင်ယာထွက်သည့် သီးနှံများစျေးကောင်းသောနှစ်များတွင် မိဘများအတွက် အသက်ရှူချောင်သော်လည်း သီးနှံစျေးကွက်မကောင်းသည့် နှစ်များတွင် သားသမီးများပညာရေးအတွက် အကြွေးဖြင့်သံသရာလည်နေတတ်သေးသည်။ သို့သော် သားသမီးများ၏ ပညာရေး အတွက်အနှောင့်အယှက်မဖြစ်စေလိုသည့်အတွက် ၎င်းအကြွေးများကို သားသမီးများမသိအောင် ကြိတ်မှိတ်ကာ အကြွေးဆပ်နေသည့် နှစ်များလည်းမနည်းမနောရှိတတ်သေးသည်။ သူငယ်တန်းမှ တက္ကသိုလ်ကျောင်းပြီးသည်အထိ နှစ်ဆယ်ချီကြာသော သားသမီးပညာရေးအတွက် မိဘများ၏ ငွေကြေးအရင်းအနှီးကုန်ကျမှုများကို ကျနော်တခါတရံတိတ်တခိုးလေး ရေတွက်နေမိသည်။ အချို့ သားသမီးများသည် နှစ်ချင်းပေါက်မအောင်မြင်သည့်အခါ နှစ်ထပ်တိုးကာ ငွေကြေးကုန်ကျမှု ပိုများတတ်သေးသည်။ ထိုကဲ့သို့ မိဘများ၏နေရာများကို ဝင်ရောက်ခံစားကာ မိဘများကို ကိုယ်ချင်းစာကြမည်ဆိုလျှင် ကျနော်တို့သည် သားသမီးလိမ္မာဟု သတ်မှတ်၍ ရနိုင်ပြီဟုထင်မြင်မိသည်။

မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသားဘဝများတွင် ကုန်ကျစရိတ်များ မပြောပလောက်အောင်နည်းပါးသော်လည်း တက္ကသိုလ်ကျောင်းသားဘဝရောက်လျှင် မိဘများသည် သားသမီးများ၏ မျက်နှာမငယ်စေရန်နှင့် ကျောင်းစာအပေါ် အာရုံစိုက်နိုင်ရန်အတွက် လိုလေသေးမရှိအောင် ထားတတ်ကြသည်။ ထိုကဲ့သို့ မိဘများ၏ အလိုလိုက်မှုများကို အခွင့်ကောင်းယူတတ်သည့် သားသမီးများလည်း ရှိနေသေးသည်။ မိဘထံလက်ဖြန့်တောင်းကာ ကျောင်းပုံမှန်မတက်ခြင်း၊ အပေါင်းအသင်းများနှင့်အချိန်ဖြုန်းခြင်း၊ သောက်စားမူးယစ်ခြင်း၊ သမီး ရည်းစားများနှင့်အချိန်ကုန်နေခြင်းစသည်တို့ကို ပြုလုပ်လာပါတော့သည်။ ထိုကဲ့သို့ သားသမီးများ၏ နေ့စဉ်ကျောင်းမတက်ဘဲ အချိန်ဖြုန်းနေသည်များကို တောထဲ၊ တောင်ထဲ တောင်ယာလုပ်ငန်းလုပ်ဆောင်နေသည့် မိဘများက သိမည်မထင်။ ငါ့သားသမီးပညာတတ်ဖြစ်နေပြီ၊ တက္ကသိုလ်တက်နေပြီ၊ ဘွဲ့ရတော့မည်ဆိုသည့် မျှော်လင့်ချက်နဲ့သာ တောင်ယာအလုပ်ဖြင့် သားသမီးများ မျက်နှာမငယ်ရအောင် ရသမျှငွေများစုဆောင်း၍ သားသမီးများကို ပုံမှန်ငွေပို့နိုင်ရန်အတွက်သာ တောင်ယာအလုပ်ကို ပိုမိုကြိုးစားလုပ်ဆောင်နေကြပါသည်။ သားသမီးများကျောင်းပိတ်ချိန်နည်းပါးခြင်းကြောင့် မိဘများကို ကူလုပ်၊ ဝိုင်းလုပ်ကြရသည့် သားသမီးများအင်မတန်နည်းပါးပါသည်။

မိဘများသည် မိမိတို့ မွေးဖွားသည့်အချိန်မှစ၍ ယနေ့ထိတိုင် နဖူးပေါ်မှ ချွေးစက်များ ခြေဖမိုးပေါ်ရောက်သည်အထိ တောင်ယာလုပ်ငန်းများဖြင့် အသက်မွေးနေကြသည့်ပုံရိပ်များကို ပြန်လည်မြင်ယောင်စေလိုပါသည်။ အဆင့်(၁)အနေဖြင့် မိမိတို့၏ ဘဝကိုတိုးတက်အောင် ကျိုးစား ကြပါ။ အဆင့်(၂)အနေဖြင့် တောင်ယာလုပ်ကိုင်နေသည့် မိဘဆွေးမျိုးတို့၏ ဘဝကိုမြှင့်တင်ပေးပါ။ အဆင့်(၃)အနေဖြင့် မိမိတို့ဇာတိချက်ကြွေမွေးရပ်မြေကို တိုးတက်အောင် ဝိုင်းဝန်းပံ့ပိုးပေးပါ။ နောက်ဆုံးအဆင့်အနေဖြင့် မိမိတို့ဒေသ၊ မိမိတို့လူမျိုးများ၊ မိမိတို့နိုင်ငံကို တိုးတက်အောင်ဝိုင်းဝန်း ပံ့ပိုးပေးကြပါဟု တိုက်တွန်းလိုပါသည်။

အထူးသဖြင့် တက္ကသိုလ်တက်နေသည့် ညီငယ်၊ ညီမငယ်များကို အထူးမှာကြားလိုသည်မှာ မိဘများ၏ နေရာများကိုဝင်ရောက်ခံစားကြည့်ပြီး ကိုယ်တတ်ထားသည့်ပညာ၊ မိဘများမှ ထောက်ပံ့ပေးနေသည့် ပညာများဖြင့် မိဘများ၏ ဘဝကိုမြှင့်တင်ပေးပါ။ တောင်ယာလုပ်ငန်းများတွင် အချိန်ကုန်နေရသည့် မိဘများကို တိုက်တာအကြီးကြီးများတွင် ခေါ်တင်မထားနိုင်ရန်ပင်လျှင်  မိဘများကို စိတ်ဆင်းရဲစေသည့်အပြုအမူများ၊ အပြောအဆိုများ၊ အချိန်ဖြုန်းခြင်းများ၊ မကောင်းသည့်အလုပ်များကို ပြုလုပ်နေမှုများ မပြုလုပ်ကြရန် ပြောကြားလိုပါသည်။

ထို့ကြောင့် ညီငယ်၊ ညီမငယ်များအနေဖြင့်  မိဘများသည် မိမိတို့ကို မမွေးဖွားခင်ကတည်းကစပြီး ယနေ့လက်ရှိ တက္ကသိုလ်တက်၊ ဘွဲ့ရ၊ အလုပ်လုပ်ကိုင်နေသည့်အချိန်ထိ မိဘများမှ နေ့မနားညမအား မိမိတို့ဘဝကို မြေတောင်မြှောက်ပေးခဲ့သည့် မိဘများ၏ ဘဝကို ကိုယ်ချင်းစာကြည့်ခြင်း၊ ဝင်ရောက်ခံစားကြည့်ခြင်းဖြင့် မိမိတို့ ပြုလုပ်ခဲ့သည့်အမှားများ၊ ပြုလုပ်နေသည့်အမှားများနှင့် ပြုလုပ်လိုနေသည့်အမှားများကို သတိကြီးကြီးထားကာ မိဘများ၏ မျက်နှာကိုမြင်ယောင်ကာ ကျေးဇူးဆပ်ကြပါ။ မဖြစ်မနေဆပ်ပါဟု တိုက်တွန်းရင်း မိဘများ၏ ကျေးဇူးတရားများကို ဆပ်နိုင်သည့် သားကောင်းရတနာ၊ သမီးကောင်းရတနာများဖြစ်ကြပါစေဟု ဆုတောင်းပေးလိုက်ပါသည်။


ခွန်ယွေးယဲင်(ခမ်းစန္တားဟေ့)

zawgyi
ေတာင္ယာလုပ္ငန္းလုပ္ကိုင္ေနသည့္ မိဘမ်ား၏ဘဝကို ဝင္ေရာက္ခံစားၾကည့္ျခင္းျဖင့္ မိဘေက်းဇူးဆပ္ၾကပါ ညီေလး၊ ညီမေလးတုိ႔ 

က်ေနာ္သည္ ပအိုဝ္းတိုင္းရင္းသား မိဘႏွစ္ပါးမွ ေမြးဖြားလာသူပီပီ ေတာင္ယာလုပ္ငန္း ကိုလည္း ငယ္စဥ္ေတာင္ေက်းကေလးဘဝကပင္ လက္ပြန္းတသီးႀကီးျပင္းလာသူဟု ဆုိလွ်င္လည္း မွားမည္မထင္။ ထို႔အတူပင္ က်ေနာ္ကဲ့သို႔ စာဖတ္ပရိသတ္မ်ားသည္လည္း ေတာင္ယာလုပ္ငန္းျဖင့္ ႀကီးျပင္းလာသူ၊ ေတာင္ယာလုပ္ငန္းေက်းဇူးေၾကာင့္ ဘြဲ႕ရပညာတတ္ျဖစ္လာသူမ်ားလည္း လက္ခ်ိဳးေရတြက္၍ မရေလာက္ေအာင္ပင္ တစ္ပံုတစ္ပင္ႀကီးရွိပါလိမ့္မည္။ ထို႔အျပင္ ယေန႔အထိ ေတာင္ယာလုပ္ငန္းေက်းဇူးေၾကာင့္ ႀကီးပြားခ်မ္းသာေနသူ၊ ေတာင္ယာလုပ္ငန္းလုပ္ကိုင္ရင္း ေန႔စဥ္ဘဝမ်ားကို ျဖတ္သန္းေနသူမ်ားလည္း အမ်ားအားျဖင့္ ရွိေနေပလိမ့္မည္။

ေတာင္ယာလုပ္ငန္းမ်ားကို လုပ္ကိုင္ေနေသာမိဘမ်ားမွ ေက်ာင္းတက္ေနသူမ်ား၊ စီးပြားေရးျဖစ္ထြန္းေနသူမ်ား၊ စီးပြားေရးလုပ္ငန္းရွင္မ်ား၊ ေရာင္းဝယ္ေဖာက္ကားေနသူမ်ားလည္း အမ်ားစုရွိေနပါသည္။ သို႔ေသာ္ မိမိတုိ႔၏ဘဝကို လူလားေျမာက္ေအာင္ ေျမေတာင္ေျမွာက္ေပးခဲ့ သည့္ ေတာင္ယာလုပ္ငန္းမ်ားႏွင့္ ေတာင္ယာလုပ္ငန္းမ်ားကို လုပ္ကိုင္ရင္း သားသမီးမ်ား၏ ပညာ ေရးကို ေထာက္ပံ့ေနသည့္ မိဘမ်ား၏ ဘဝကို ျပန္လည္စာနာေထာက္ထားသည့္ သားသမီးမ်ား၊ မိဘေနရာဝင္ေရာက္ခံစားေနသည့္ သားသမီးမ်ားသည္ လက္ခ်ိဳးေရတြက္၍ ရေပလိမ့္မည္။ 

ထိုကဲ့သို႔ မိဘမ်ား၏ ေနရာမ်ားကို ဝင္ေရာက္ခံစားၾကည့္မိသည့္ သားသမီးမ်ားသည္ ကိုယ္ ခ်င္းစာတရားမ်ား၊ သနားသည့္စိတ္မ်ားဝင္ေရာက္ကာ မ်က္ရည္စို႔ရေပလိမ့္မည္မွာ အမွန္ပင္။ မိဘ အမ်ားစုသည္ ပညာေရးကို ဆံုးခန္းတုိင္ေအာင္ သင္ၾကားဖို႔ေနေနသာ “က၊ ခ” ပင္လွ်င္ မဖတ္ တတ္။ မေရးတတ္ခဲ့ေပ။ သားသမီးမ်ား၏ ဘဝကို ၎တို႔ကဲ့သုိ႔ ပညာမတတ္သည့္ လူမ်ားမျဖစ္ေစရန္ ဘြဲ႕ရပညာတတ္မ်ားျဖစ္လာေစရန္၊ လူေတာတုိးႏုိင္ရန္အတြက္ ေျမႀကီးႏွင့္ ေတာင္ယာလုပ္ငန္းမ်ားကို ဘဝတစ္ခုလံုးႏွစ္ျမွဳပ္ကာ ပံုအပ္ထားခဲ့ၾကေလသည္။ နံနက္ခင္း ေနမထြက္ခင္ ေဝလီေဝလင္း အခ်ိန္မွ ညမိုးခ်ဳပ္ ပုရစ္ေအာ္သံ၊ ဖားေအာ္သံမ်ား ၾကားရသည္အထိ သားသမီးမ်ားပညာေရးအတြက္ ေတာင္ယာလုပ္ငန္းမ်ားမွ ရသမွ်ေငြမ်ားကို စုေဆာင္းထား ၾကေလသည္။ ေတာင္ယာထြက္သည့္ သီးႏွံမ်ားေစ်းေကာင္းေသာႏွစ္မ်ားတြင္ မိဘမ်ားအတြက္ အသက္ရွဴေခ်ာင္ေသာ္လည္း သီးႏွံေစ်းကြက္မေကာင္းသည့္ ႏွစ္မ်ားတြင္ သားသမီးမ်ားပညာေရး အတြက္ အေၾကြးျဖင့္သံသရာလည္ေနတတ္ေသးသည္။ သို႔ေသာ္ သားသမီးမ်ား၏ ပညာေရး အတြက္ အေႏွာင့္အယွက္မျဖစ္ေစလိုသည့္အတြက္ ၎အေၾကြးမ်ားကို သားသမီးမ်ားမသိေအာင္ ႀကိတ္မွိတ္ကာ အေၾကြးဆပ္ေနသည့္ ႏွစ္္မ်ားလည္းမနည္းမေနာရွိတတ္ေသးသည္။ သူငယ္တန္းမွ တကၠသိုလ္ေက်ာင္းၿပီးသည္အထိ ႏွစ္ဆယ္ခ်ီၾကာေသာ သားသမီးပညာေရးအတြက္ မိဘမ်ား၏ ေငြေၾကးအရင္းအႏွီးကုန္က်မႈမ်ားကို က်ေနာ္တခါတရံတိတ္တခိုးေလး ေရတြက္ေနမိသည္။ အခိ်ဳ႕ သားသမီးမ်ားသည္ ႏွစ္ခ်င္းေပါက္မေအာင္ျမင္သည့္အခါ ႏွစ္ထပ္တုိးကာ ေငြေၾကးကုန္က်မႈ ပိုမ်ား တတ္ေသးသည္။ ထိုကဲ့သို႔ မိဘမ်ား၏ေနရာမ်ားကို ဝင္ေရာက္ခံစားကာ မိဘမ်ားကို ကိုယ္ခ်င္းစာ ၾကမည္ဆုိလွ်င္ က်ေနာ္တို႔သည္ သားသမီးလိမၼာဟု သတ္မွတ္၍ ရႏုိင္ၿပီဟု ထင္ျမင္မိသည္။

မူလတန္း၊ အလယ္တန္းနွင့္ အထက္တန္းေက်ာင္းသားဘဝမ်ားတြင္ ကုန္က်စရိတ္မ်ား မေျပာပေလာက္ေအာင္ နည္းပါးေသာ္လည္း တကၠသိုလ္ေက်ာင္းသားဘဝေရာက္လွ်င္ မိဘမ်ားသည္ သားသမီးမ်ား၏ မ်က္ႏွာမငယ္ေစရန္ႏွင့္ ေက်ာင္းစာအေပၚ အာရံုစိုက္ႏုိင္ရန္အတြက္ လိုေလေသးမရွိေအာင္ ထားတတ္ၾကသည္။ ထိုကဲ့သို႔ မိဘမ်ား၏ အလိုလိုက္မႈမ်ားကို အခြင့္ေကာင္းယူတတ္သည့္ သားသမီးမ်ားလည္း ရွိေနေသးသည္။ မိဘထံလက္ျဖန္႔ေတာင္းကာ ေက်ာင္းပံုမွန္မတက္ျခင္း၊ အေပါင္းအသင္းမ်ားႏွင့္အခ်ိန္ျဖဳန္းျခင္း၊ ေသာက္စားမူးယစ္ျခင္း၊ သမီး ရည္းစားမ်ားႏွင့္အခ်ိန္ကုန္ေနျခင္းစသည္တုိ႔ကို ျပဳလုပ္လာပါေတာ့သည္။ ထိုကဲ့သို႔ သားသမီးမ်ား ၏ ေန႔စဥ္ေက်ာင္းမတက္ဘဲ အခ်ိန္ျဖဳန္းေနသည္မ်ားကို ေတာထဲ၊ ေတာင္ထဲ ေတာင္ယာလုပ္ငန္း လုပ္ေဆာင္ေနသည့္ မိဘမ်ားက သိမည္မထင္။ ငါ့သားသမီးပညာတတ္ျဖစ္ေနၿပီ၊ တကၠသုိလ္ တက္ေနၿပီ၊ ဘြဲ႕ရေတာ့မည္ဆုိသည့္ ေမွ်ာ္လင့္ခ်က္နဲ႔သာ ေတာင္ယာအလုပ္ျဖင့္ သားသမီးမ်ား မ်က္ႏွာမငယ္ရေအာင္ ရသမွ်ေငြမ်ားစုေဆာင္း၍ သားသမီးမ်ားကို ပံုမွန္ေငြပို႔ႏုိင္ရန္အတြက္သာ ေတာင္ယာအလုပ္ကို ပိုမိုႀကိဳးစားလုပ္ေဆာင္ေနၾကပါသည္။ သားသမီးမ်ားေက်ာင္းပိတ္ခ်ိန္နည္း ပါးျခင္းေၾကာင့္ မိဘမ်ားကို ကူလုပ္၊ ဝိုင္းလုပ္ၾကရသည့္ သားသမီးမ်ားအင္မတန္နည္းပါးပါသည္။ 

မိဘမ်ားသည္ မိမိတုိ႔ ေမြးဖြားသည့္အခ်ိန္မွစ၍ ယေန႔ထိတိုင္ နဖူးေပၚမွ ေခြ်းစက္မ်ား ေျခဖမိုးေပၚေရာက္သည္အထိ ေတာင္ယာလုပ္ငန္းမ်ားျဖင့္ အသက္ေမြးေနၾကသည့္ပံုရိပ္မ်ားကို ျပန္လည္ျမင္ေယာင္ေစလိုပါသည္။ အဆင့္(၁)အေနျဖင့္ မိမိတို႔၏ ဘဝကိုတုိးတက္ေအာင္ က်ိဳးစား ၾကပါ။ အဆင့္(၂)အေနျဖင့္ ေတာင္ယာလုပ္ကိုင္ေနသည့္ မိဘေဆြးမ်ိဳးတို႔၏ ဘဝကိုျမွင့္တင္ေပးပါ။ အဆင့္(၃) အေနျဖင့္ မိမိတုိ႔ဇာတိခ်က္ေၾကြေမြးရပ္ေျမကို တုိးတက္ေအာင္ ဝိုင္းဝန္းပ့ံပိုးေပးပါ။ ေနာက္ဆံုးအဆင့္အေနျဖင့္ မိမိတုိ႔ေဒသ၊ မိမိတုိ႔လူမ်ိဳးမ်ား၊ မိမိတုိ႔ႏုိင္ငံကို တုိးတက္ေအာင္ ဝိုင္းဝန္း ပံ့ပိုးေပးၾကပါဟု တုိက္တြန္းလိုပါသည္။ 

အထူးသျဖင့္ တကၠသိုလ္တက္ေနသည့္ ညီငယ္၊ ညီမငယ္မ်ားကို အထူးမွာၾကားလိုသည္မွာ မိဘမ်ား၏ ေနရာမ်ားကိုဝင္ေရာက္ခံစားၾကည့္ၿပီး ကိုယ္တတ္ထားသည့္ပညာ၊ မိဘမ်ားမွ ေထာက္ပံ့ေပးေနသည့္ ပညာမ်ားျဖင့္ မိဘမ်ား၏ ဘဝကိုျမွင့္တင္ေပးပါ။ ေတာင္ယာလုပ္ငန္းမ်ား တြင္ အခ်ိန္ကုန္ေနရသည့္ မိဘမ်ားကို တုိက္တာအႀကီးႀကီးမ်ားတြင္ ေခၚတင္မထားႏိုင္ရန္ပင္လွ်င္ မိဘမ်ားကို စိတ္ဆင္းရဲေစသည့္အျပဳအမူမ်ား၊ အေျပာအဆုိမ်ား၊ အခ်ိန္ျဖဳန္းျခင္းမ်ား၊ မေကာင္း သည့္အလုပ္မ်ားကို ျပဳလုပ္ေနမႈမ်ား မျပဳလုပ္ၾကရန္ ေျပာၾကားလိုပါသည္။

ထို႔ေၾကာင့္ ညီငယ္၊ ညီမငယ္မ်ားအေနျဖင့္ မိဘမ်ားသည္ မိမိတုိ႔ကို မေမြးဖြားခင္ကတည္း ကစၿပီး ယေန႔လက္ရွိ တကၠသိုလ္တက္၊ ဘြဲ႕ရ၊ အလုပ္လုပ္ကိုင္ေနသည့္အခ်ိန္ထိ မိဘမ်ားမွ ေန႔ မနားညမအား မိမိတုိ႔ဘဝကို ေျမေတာင္ေျမွာက္ေပးခဲ့သည့္ မိဘမ်ား၏ ဘဝကို ကိုယ္ခ်င္းစာၾကည့္ ျခင္း၊ ဝင္ေရာက္ခံစားၾကည့္ျခင္းျဖင့္ မိမိတို႔ ျပဳလုပ္ခဲ့သည့္အမွားမ်ား၊ ျပဳလုပ္ေနသည့္အမွားမ်ားႏွင့္ ျပဳလုပ္လိုေနသည့္အမွားမ်ားကို သတိႀကီးႀကီးထားကာ မိဘမ်ား၏ မ်က္ႏွာကိုျမင္ေယာင္ကာ ေက်းဇူးဆပ္ၾကပါ။ မျဖစ္မေနဆပ္ပါဟု တိုက္တြန္းရင္း မိဘမ်ား၏ ေက်းဇူးတရားမ်ားကို ဆပ္ႏိုင္ သည့္ သားေကာင္းရတနာ၊ သမီးေကာင္းရတနာမ်ားျဖစ္ၾကပါေစဟု ဆုေတာင္းေပးလိုက္ပါသည္။

 ခြန္ေယြးယဲင္(ခမ္းစႏၱားေဟ့)
Powered by Blogger.