Tuesday, November 5, 2019

eBusiness အလုပ်အကိုင်အခွင့်အလမ်းအကြောင်းနှင့် ဆော့ဝဲလ်ဖြင့် စွမ်းရည်များကို ဖြည့်ဆည်းမြှင့်တင်ခြင်း ဟောပြောဆွေးနွေးပွဲ အခမ်းအနားပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၅)ရက်




၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ(၅)ရက်နေ့ တောင်ကြီးမြို့ စျေးပိုင်းရပ်ကွက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုဌာနချုပ်ရုံးတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNOနှင့် DYNAMICWEB SOLUTIONS ASIA PTD ကုမ္ပဏီတို့ ပူးပေါင်း၍ ကျောင်းသားကျောင်းသူများလူငယ် လူရွယ်များအတွက် ရည်ရွယ်ကာ eBusiness အလုပ်အကိုင်အခွင့်အလမ်းအကြောင်းနှင့် ဆော့ဝဲလ်ဖြင့် စွမ်းရည်များကို ဖြည့်ဆည်းမြှင့်တင်ခြင်း ဟောပြောဆွေးနွေးပွဲ အခမ်းအနားကို ပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရပ်သည်။

မနက်ပိုင်း ဟောပြောဆွေးနွေးပွဲ အခမ်းအနားတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ နိုင်ငံတကာဆက်ဆံရေးတာဝန်ခံ ဆရာခွန်ကြည်မှ အဖွင့်အမှာစကားပြောကြားပေးပြီးနောက် dynamic WEB ကုမ္ပဏီ Asia Pacific CEO Mr.PuspakPatro မှ ရှမ်းပြည်ရှိ eBusiness အလုပ်အကိုင် အခွင့်အလမ်းများအကြောင်းကို ဟောပြောဆွေးနွေးကာ၊ တောင်ကြီးကွန်ပျူတာတက္ကသိုလ် ပါမောက္ခ ဒေါက်တာနန်းစောကလျာမှ Build Your Skills With Software ဆော့ဝဲလ်ဖြင့် စွမ်းရည်များကို ဖြည့်ဆည်းမြှင့်တင်ခြင်း အကြောင်းအရာများကို ဟောပြော ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

နေ့လည်ပိုင်းဆွေးနွေးပွဲတွင် dynamic WEB ကုမ္ပဏီ Asia Pacific CEO Mr.PuspakPatro မှ eBusiness က အနာဂါတ်ကို ဘယ်လိုတိုးတက်စေနိုင်လဲ စသည့်အကြောင်းအရာဖြစ်လည်းကောင်း တောင်ကြီးကွန်ပျူတာတက္ကသိုလ် ပါမောက္ခ ဒေါက်တာနန်းစောကလျာမှ လေ့လာသင်ယူခြင်းမှ စွမ်းဆောင်ရည်ကို ဖြည့်ဆည်းမြှင့်တင်ခြင်းနှင့် တိုးတက်မှု အကြောင်းအရာများကို အကျယ်တဝင့် ဆက်လက်ဟောပြောဆွေးနွေးပေးခဲ့ကြောင်း သိရှိရပါသည်။

eBusiness အလုပ်အကိုင်အခွင့်အလမ်း အကြောင်းနှင့် ဆော့ဝဲလ်ဖြင့် စွမ်းရည်များကို ဖြည့်ဆည်းမြှင့်တင်ခြင်း ဟောပြောဆွေးနွေးပွဲ အခမ်းအနားသို့ စီးပွားရေးလုပ်ငန်းရှင်များ၊ ကျောင်းသားကျောင်းသူများ (၄၀)ကျော်တက်ရောက် ဆွေးနွေးခဲ့ကြ ကြောင်းသတင်းရရှိပါသည်။

ခွန်ထွိုက်ခမ်း
Powered by Blogger.