Monday, December 23, 2019

အနာဂတ်တွင်တည်ဆောက်မည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတွင် ပအိုဝ်းလူမျိုးအခွင့်အရေးတောင်းဆိုနိုင်ရန် လွှတ်တော်ထဲတွင် ပအိုဝ်းလွှတ်တော်အမတ်များ ရှိနေသင့်ကြောင်း ဖြားခွန်သိန်းဖေပြောကြား

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၃)ရက်


အနာဂတ်တွင်တည်ဆောက်မည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတွင် ပအိုဝ်းလူမျိုးအခွင့်အရေးတောင်းဆိုနိုင်ရန် လွှတ်တော်ထဲတွင် ပအိုဝ်းလွှတ်တော်အမတ်များ ရှိနေသင့်ကြောင်း ဒီကနေ့ ဒီဇင်ဘာလ (၂၃) ရက်၊ တောင်ကြီးမြို့နယ်၊ ဖာမွန်းကျေးရွာအုပ်စု၊ ဖာမွန်းဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ၌ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)အတွင်းရေးမှူးချုပ်၊ ရှမ်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၉) အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေက ပြောကြားခဲ့ကြောင်းသိရသည်။

ထိုတွေ့ဆုံပွဲတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အတွင်းရေးမှူးချုပ်၊ ရှမ်းပြည်နယ်မဲဆန္ဒနယ် အမှတ်(၉)အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေက မိမိတို့နိုင်ငံအနာဂတ်တွင် ဖက်ဒရယ်ဒီမို ကရေစီနိုင်ငံတည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ယခုဆုံးဖြတ်ချက်သည် ၂၁ရာစု ပင်လုံညီလာခံတွင် ဆုံးဖြတ်ပြီးသားဖြစ်ကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စုဆိုသည်မှာ အာဏာခွဲဝေခြင်းပင်ဖြစ်ကြောင်း၊ ဥပမာပြောရလျှင် ရွာသူကြီးလုပ်နိုင်သည့် အရာကို ရွာသူကြီးအားလုပ်ဆောင်စေပြီး ရွာသူကြီးမလုပ်နိုင်သည့်အရာကိုမှ ကျေးရွာအုပ်ချုပ်ရေးမှူးသို့ လွဲပြောင်းပေးရကြောင်း၊ ထိုနည်းတူ နိုင်ငံတော်အစိုးရသည်လည်း ပေါ်လစီနှင့် မူဝါဒများကိုသာ ကိုင်တွယ်ပြီး လုပ်ပိုင်ခွင့်နှင့် အာဏာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်သို့ ဖြေလျော့လွဲပြောင်းပေးရမည်ဖြစ်ကြောင်း၊ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်လျှင် အခြေခံဥပဒေပြင်ဆင်ရေးဆွဲရမည်ဖြစ်ကြောင်း၊ အခြေခံဥပဒေပြင်ဆင်ရေးဆွဲခြင်းသည် လွှတ်တော်၏ တာဝန်ပင် ဖြစ်ကြောင်း၊ ထို့ကြောင့် အနာဂတ်တွင် တည်ဆောက်မည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတွင် ပအိုဝ်းလူမျိုးအခွင့်အရေးတောင်းဆိုနိုင်ရန် လွှတ်တော်ထဲတွင် ပအိုဝ်းလွှတ်တော်အမတ်များ များစွာရှိနေသင့်ကြောင်း ဒေသခံမိဘပြည်သူများအား အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။

အမျိုးသားလွှတ်တော်ဖြားခွန်သိန်းဖေသည် ပြည်သူများ လွှတ်တော်အကြောင်းအရာကို မိုပိုသိရှိ နိုင်ရန်နှင့် မိမိဖြတ်သန်းလာခဲ့သည့် အတွေ့အကြုံများကို မျှဝေရန် ရည်ရွယ်၍ ဒေသခံပြည်သူများကို လိုက်လံတွေ့ဆုံပေးနေကြောင်း သိရသည်။

ထို့ပြင် ယခုလက်ရှိ ပအိုဝ်းဒေသတွင် စုပေါင်းညီညွတ်မှုအားဖြင့် ကိုယ်ထူကိုယ်ထ ဆောင်ရွက်နေသော လူမှုရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများကို အလွန်ပင် ဂုဏ်ယူရပါကြောင်း၊ ထိုအလုပ်များကို တန်ဖိုးထားစေလိုကြောင်း၊ မိမိသည် ပအိုဝ်းဒေသတွင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန်အတွက် လွှတ်တော်တွင် များစွာတင်ပြ တောင်းခံပေးနေပါကြောင်း၊ ယခုလက်ရှိတွင် ပအိုဝ်းဒေသ လမ်းပန်းဆက် သွယ်ရေး ကောင်းမွန်လာသည်မှာ လွှတ်တော်တွင် မိမိတို့ ပအိုဝ်းလူမျိုးကိုယ်စားလှယ်ရှိနေခြင်းပင် ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အတွင်းရေးမှူးချုပ် ဖြားခွန်သိန်းဖေက ဆက်လက် တိုက်တွန်း ထားကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အတွင်းရေးမှူးချုပ် ဖြားခွန်သိန်းဖေက လွှတ်တော်အတွေ့အကြုံများ၊ မြန်မာနိုင်ငံရေးအခြေအနေများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ မျှဝေခဲ့ပြီး ဒေသခံပြည်သူများ ၄၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

နဂါ့ခွန်

အနာဂတ္တြင္တည္ေဆာက္မည့္ ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စုတြင္ ပအိုဝ္းလူမ်ိဳးအခြင့္အေရးေတာင္းဆိုနိုင္ရန္ လႊတ္ေတာ္ထဲတြင္ ပအိုဝ္းလႊတ္ေတာ္အမတ္မ်ား ရွိေနသင့္ေၾကာင္း ျဖားခြန္သိန္းေဖေျပာၾကား

ေတာင္ႀကီး၊ ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ (၂၃)ရက္

အနာဂတ္တြင္တည္ေဆာက္မည့္ ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စုတြင္ ပအိုဝ္းလူမ်ိဳးအခြင့္အေရးေတာင္းဆိုနိုင္ရန္ လႊတ္ေတာ္ထဲတြင္ ပအိုဝ္းလႊတ္ေတာ္အမတ္မ်ား ရွိေနသင့္ေၾကာင္း ဒီကေန႔ ဒီဇင္ဘာလ (၂၃) ရက္၊ ေတာင္ႀကီးၿမိဳ႕နယ္၊ ဖာမြန္းေက်းရြာအုပ္စု၊ ဖာမြန္းဘုန္းေတာ္ႀကီးေက်ာင္းတြင္ ေဒသခံျပည္သူမ်ားႏွင့္ ေတြ႕ဆုံပြဲ၌ ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္(PNO)အတြင္းေရးမႉးခ်ဳပ္၊ ရွမ္းျပည္နယ္၊ မဲဆႏၵနယ္အမွတ္(၉) အမ်ိဳးသား လႊတ္ေတာ္ကိုယ္စားလွယ္ ျဖားခြန္သိန္းေဖက ေျပာၾကားခဲ့ေၾကာင္းသိရသည္။

ထိုေတြ႕ဆုံပြဲတြင္ ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္(PNO) အတြင္းေရးမႉးခ်ဳပ္၊ ရွမ္းျပည္နယ္မဲဆႏၵနယ္ အမွတ္(၉)အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ျဖားခြန္သိန္းေဖက မိမိတို႔နိုင္ငံအနာဂတ္တြင္ ဖက္ဒရယ္ဒီမို ကေရစီနိုင္ငံတည္ေဆာက္သြားမည္ျဖစ္ေၾကာင္း၊ ယခုဆုံးျဖတ္ခ်က္သည္ ၂၁ရာစု ပင္လုံညီလာခံတြင္ ဆုံးျဖတ္ၿပီးသားျဖစ္ေၾကာင္း၊ ဖက္ဒရယ္ျပည္ေထာင္စုဆိုသည္မွာ အာဏာခြဲေဝျခင္းပင္ျဖစ္ေၾကာင္း၊ ဥပမာေျပာရလၽွင္ ရြာသူႀကီးလုပ္နိုင္သည့္ အရာကို ရြာသူႀကီးအားလုပ္ေဆာင္ေစၿပီး ရြာသူႀကီးမလုပ္နိုင္သည့္အရာကိုမွ ေက်းရြာအုပ္ခ်ဳပ္ေရးမႉးသို႔ လြဲေျပာင္းေပးရေၾကာင္း၊ ထိုနည္းတူ နိုင္ငံေတာ္အစိုးရသည္လည္း ေပၚလစီႏွင့္ မူဝါဒမ်ားကိုသာ ကိုင္တြယ္ၿပီး လုပ္ပိုင္ခြင့္ႏွင့္ အာဏာမ်ားကို တိုင္းေဒသႀကီးႏွင့္ ျပည္နယ္သို႔ ေျဖေလ်ာ့လြဲေျပာင္းေပးရမည္ျဖစ္ေၾကာင္း၊ ဖယ္ဒရယ္ဒီမိုကေရစီျပည္ေထာင္စုတည္ေဆာက္လၽွင္ အေျခခံဥပေဒျပင္ဆင္ေရးဆြဲရမည္ျဖစ္ေၾကာင္း၊ အေျခခံဥပေဒျပင္ဆင္ေရးဆြဲျခင္းသည္ လႊတ္ေတာ္၏ တာဝန္ပင္ ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ အနာဂတ္တြင္ တည္ေဆာက္မည့္ ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စုတြင္ ပအိုဝ္းလူမ်ိဳးအခြင့္အေရးေတာင္းဆိုနိုင္ရန္ လႊတ္ေတာ္ထဲတြင္ ပအိုဝ္းလႊတ္ေတာ္အမတ္မ်ား မ်ားစြာရွိေနသင့္ေၾကာင္း ေဒသခံမိဘျပည္သူမ်ားအား အမွာစကား ေျပာၾကားခဲ့ေၾကာင္းသိရသည္။

အမ်ိဳးသားလႊတ္ေတာ္ျဖားခြန္သိန္းေဖသည္ ျပည္သူမ်ား လႊတ္ေတာ္အေၾကာင္းအရာကို မိုပိုသိရွိ နိုင္ရန္ႏွင့္ မိမိျဖတ္သန္းလာခဲ့သည့္ အေတြ႕အၾကဳံမ်ားကို မၽွေဝရန္ ရည္ရြယ္၍ ေဒသခံျပည္သူမ်ားကို လိုက္လံေတြ႕ဆုံေပးေနေၾကာင္း သိရသည္။

ထို႔ျပင္ ယခုလက္ရွိ ပအိုဝ္းေဒသတြင္ စုေပါင္းညီညြတ္မႈအားျဖင့္ ကိုယ္ထူကိုယ္ထ ေဆာင္ရြက္ေနေသာ လူမႈေရး၊ ပညာေရး၊ လမ္းပန္းဆက္သြယ္ေရးလုပ္ငန္းမ်ားကို အလြန္ပင္ ဂုဏ္ယူရပါေၾကာင္း၊ ထိုအလုပ္မ်ားကို တန္ဖိုးထားေစလိုေၾကာင္း၊ မိမိသည္ ပအိုဝ္းေဒသတြင္ လမ္းပန္းဆက္သြယ္ေရး ေကာင္းမြန္ရန္အတြက္ လႊတ္ေတာ္တြင္ မ်ားစြာတင္ၿပ ေတာင္းခံေပးေနပါေၾကာင္း၊ ယခုလက္ရွိတြင္ ပအိုဝ္းေဒသ လမ္းပန္းဆက္ သြယ္ေရး ေကာင္းမြန္လာသည္မွာ လႊတ္ေတာ္တြင္ မိမိတို႔ ပအိုဝ္းလူမ်ိဳးကိုယ္စားလွယ္ရွိေနျခင္းပင္ ျဖစ္ေၾကာင္း ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္(PNO) အတြင္းေရးမႉးခ်ဳပ္ ျဖားခြန္သိန္းေဖက ဆက္လက္ တိုက္တြန္း ထားေၾကာင္း သိရသည္။

အဆိုပါေတြ႕ဆုံပြဲတြင္ ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္(PNO) အတြင္းေရးမႉးခ်ဳပ္ ျဖားခြန္သိန္းေဖက လႊတ္ေတာ္အေတြ႕အၾကဳံမ်ား၊ ျမန္မာနိုင္ငံေရးအေျခအေနမ်ား၊ ေဒသဖြံ့ၿဖိဳးေရးလုပ္ငန္းမ်ား မၽွေဝခဲ့ၿပီး ေဒသခံျပည္သူမ်ား ၄၀၀ ေက်ာ္ခန႔္ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။


နဂါ့ခြန္
Powered by Blogger.